- ဖားကန့်မြို့တဝိုက် စစ်ကောင်စီ စစ်ကြောင်းလှုပ်ရှားနေ၍ တိုက်ပွဲပြင်းထန်နေ
- လေးမျက်နှာက ရခိုင်စစ်ရှောင် ၄ ဦးကို AA သံသယဖြင့် စစ်ကောင်စီ ဖမ်းဆီးသွား
- တိုက်ပွဲများ ရပ်တန့်ရန် စစ်ကောင်စီနှင့် TNLA ကို တရုတ် ခေါ်တွေ့
- အဖြေမထွက်နိုင်သည့် အမေရိကန်-တရုတ် မြေရှားသတ္တု ပဟေဠိ
- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
စစ်ကောင်စီနှင်ထုတ်ခဲ့သည့် စစ်တွေ ရွှေပြည်သာဒေသခံများ နေထိုင်စားသောက်ရေး အခက်အခဲဖြစ်နေ
စစ်တွေမြို့အစွန်ရှိ ရွှေပြည်သာရပ်ကွက်နှင့် ကျေးတောကျေးရွာကို စက်တင်ဘာ ၁၅ ရက်နေ့တွင် စစ်ကောင်စီ တပ်သား ရာနှင့်ချီဝင်ရောက်လာပြီး ဒေသခံများကို နေထိုင်ခွင့်မပြုဘဲ နှင်ထုတ်ခဲ့သည်။
18 Sep 2024

DMG ၊ စက်တင်ဘာ ၁၈
စစ်ကောင်စီက အတင်းအဓမ္မ ဖိအားပေးနှင်ထုတ်ခဲ့သည့် စစ်တွေမြို့၊ ရွှေပြည်သာရပ်ကွက်မှ ဒေသခံများမှာ နေထိုင် စားသောက်ရေးနှင့်ပတ်သက်၍ အခက်အခဲများကြုံတွေ့နေရကြောင်း သိရသည်။
လက်ရှိ ရွှေပြည်သာဒေသခံများမှာ စစ်တွေမြို့တွင်းရှိ ကုန်တန်း၊ မိဇံ၊ ရွှေပြား စသည့်ရပ်ကွက်များတွင် အိမ်ငှားနေထိုင်နေကြပြီး တချို့မှာလည်း ဘုန်းကြီးကျောင်းများတွင် နေထိုင်နေကြရသည်။
“ကျနော်တို့ဆိုရင် အခု အိမ်ငှားပြီးတော့ နေနေရတာ။ တစ်အိမ်လုံးကိုငှားနေဖို့ ပိုက်ဆံမတတ်နိုင်တော့ ဆွေမျိုးတွေနဲ့ပေါင်းငှားပြီး နေနေတာ” ဟု ရွှေပြည်သာရပ်ကွက်မှ ရွှေ့ပြောင်းလာသူ တစ်ဦးက ပြောသည်။
စစ်တွေမြို့အစွန်ရှိ ရွှေပြည်သာရပ်ကွက်နှင့် ကျေးတောကျေးရွာကို စက်တင်ဘာ ၁၅ ရက်နေ့တွင် စစ်ကောင်စီ တပ်သား ရာနှင့်ချီဝင်ရောက်လာပြီး ဒေသခံများကို နေထိုင်ခွင့်မပြုဘဲ နှင်ထုတ်ခဲ့သည်။
ကျေးတောကျေးရွာမှ ဒေသခံများမှာ စစ်ကောင်စီဖမ်းဆီးမှုကြောင့် ယခုနှစ်အစောပိုင်းမှစ၍ ဘေးလွတ်ရာတိမ်းရှောင်နေကြပြီး ဒေသခံအနည်းမှာ ရွှေပြည်သာရပ်ကွက်တွင် နေထိုင်နေကြခြင်းဖြစ်သည်။
ရွှေပြည်သာရပ်ကွက်တွင် အိမ်ခြေ ၃၀၀ ခန့်နှင့် လူဦးရေ ၁,၅၀၀ ခန့်ရှိပြီး စစ်ကောင်စီက ဖိအားပေးနှင်ထုတ်ကာ မည်သည့်တစ်စုံတစ်ရာမှ ကူညီဆောင်ရွက်ပေးခြင်းမရှိ၍ အခက်အခဲများရင်ဆိုင်နေကြရခြင်းဖြစ်သည်။
“လက်ရှိကတော့ ဘုန်းကြီးကျောင်းမှာနေ။ လောလောဆယ်တော့ ပိုက်လာတဲ့ပိုက်ဆံလေးနဲ့ပဲ ဝယ်ယူစား သောက်နေတယ်။ သူတို့(စစ်ကောင်စီ)က ဘာမှ စီစဉ်ပေးတာမရှိဘူး။ အလုပ်အကိုင်ကလည်းမရှိတော့ ပါလာတဲ့ ငွေတွေကုန်သွားရင် အကုန်လုံး စားဝတ်နေရေးအခက်အခဲများကြမှာ” ဟု နောက်ထပ် ရွှေပြည်သာဒေသခံ တစ်ဦးက ပြောသည်။
စစ်ကောင်စီက ဒေသခံများကို နှင်ထုတ်ကာပြီးနောက် ရွှေပြည်သာရပ်ကွက်တွင် တပ်စွဲကာနေရာယူကာ လုံခြုံရေးတိုးမြှင့်ထားကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လအတွင်း စစ်တွေမြို့နယ်မှ ကျေးရွာ ၁၄ ရွာထက်မနည်းမှ ဒေသခံထောင်နှင့်ချီကို စစ်ကောင်စီက မြို့ပေါ်သို့ အတင်းအဓမ္မ ရွှေ့ပြောင်းခိုင်းခဲ့သည်။ ယင်းနောက် ထိုကျေးရွာများတွင် တပ်စွဲနေရာယူထားသည်။
လက်ရှိ စစ်ကောင်စီဖိအားပေးရွှေ့ပြောင်းခိုင်းခဲ့သော ကျေးရွာ/ရပ်ကွက်များမှ ဒေသခံများမှာ မြို့တွင်း၌နေထိုင် နေကြပြီး စားဝတ်နေရေး၊ ကျန်းမာရေးစသည့် အခက်အခဲအပြင် စစ်ကောင်စီ၏ ဖမ်းဆီးမှုများကြောင့် လုံခြုံမှုကင်းမဲ့နေကြသည်။
အာရက္ခတပ်တော်က သံတွဲမြို့နယ်ကိုအလုံးစုံထိန်းချုပ်မှုနှင့်အတူ မောင်တောမြို့မှာလည်း AA လက်ထဲ ကျလုနီးပါးအခြေအနေရှိနေစဉ် စစ်ကောင်စီက စစ်တွေမြို့လုံခြုံရေးကို အထူးတိုးမြှင့်လာနေသည်။