- နိုင်ငံတစ်ဝန်း တစ်ရက်ကို ၇ ကြိမ်နှုန်း လေကြောင်းပစ်ခတ်နေ၊ ရခိုင်တွင် အများဆုံးဖြစ်
- ဖမ်းဆီးခံ ရခိုင်တေးသံရှင် ဆုမြတ်ထက်နှင့် မိသားစု အဆက်သွယ်မရ
- မြန်မာဘက်သို့ ခိုးဝင်သည့်အတွက် AA က ဖမ်းဆီးထားသူ ငါးဦးကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်သို့ ပြန်လွှဲပေး
- ဂွတွင် ဆန်ကြမ်း တစ်ပြည်ကို တစ်သောင်းသုံးထောင်ကျပ်ထိ ဈေးမြင့်တက်နေ
- လူငယ်များအတွက် အန္တရာယ်ဖြစ်စေမှုဖြင့် အမေရိကန်ပြည်နယ်များ TikTok ကို တရားစွဲ
ဘင်္ဂလားဒေ့ရှ်က သက္ကမလူမျိုးများ၏ နေအိမ်နှင့် ဆိုင်ခန်း ၁၀၀ ကျော် မီးရှို့ခံရ
မီးရှို့မှုများကို တရားမဝင် ခိုးဝင်မွတ်ဆလင်များက ပြုလုပ်ခြင်းဖြစ်ပြီး ယမန်နေ့ ညနေ ၅ နာရီကျော်အချိန်တွင် ဖြစ်ပွားခဲ့ကြောင်း အိန္ဒိယအခြေစိုက် Rights and Risks Analysis Group (RRAG) ၏ ထုတ်ပြန်ချက်အရ သိရသည်။
20 Sep 2024
DMG ၊ စက်တင်ဘာ ၂၀
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းဒေသ၊ ခါဂရာဆော်ရီမြို့အတွင်း နေထိုင်ကြသည့် သက္ကမ(Chakma) လူမျိုးများ ပိုင်ဆိုင်သည့် နေအိမ်နှင့် ဆိုင်ခန်းပေါင်း ၁၀၀ ကျော် မီးရှို့ဖျက်ဆီးခံရကြောင်း ဒေသတွင်းသတင်းဌာနများတွင် ဖော်ပြသည်။
မီးရှို့မှုများကို တရားမဝင် ခိုးဝင်မွတ်ဆလင်များက ပြုလုပ်ခြင်းဖြစ်ပြီး ယမန်နေ့ ညနေ ၅ နာရီကျော်အချိန်တွင် ဖြစ်ပွားခဲ့ကြောင်း အိန္ဒိယအခြေစိုက် Rights and Risks Analysis Group (RRAG) ၏ ထုတ်ပြန်ချက်အရ သိရသည်။
RRAG ဒါရိုက်တာ Mr. Suhas Chakma က “ရှိတ်ဟာဆီနာ ပြုတ်ကျပြီးနောက်ပိုင်း တိုင်းပြည်မှာ မတရားမှုတွေ ကြီးစိုးလာတယ်။ ဘင်္ဂလားဒေ့ရှ် စစ်တပ်ကလည်း မီးရှို့မှုကို ထောက်ခံခဲ့တယ်။ အဲဒါကြောင့် အဲဒေသမှာ သက္ကမတွေ ထွက်ပြေးကုန်ပြီ။ အသေအပျောက်နဲ့ တခြားအကြမ်းဖက်မှု အချက်အလက်တွေကို စောင့်ကြည့်နေတုန်းဖြစ်တယ်” ဟု ပြောသည်။
မီးရှို့မှုများ ပြုလုပ်ခံရနေရာသည် Dighinala တပ်စခန်းအနီးတွင် တပ်စွဲထားသော ဘင်္ဂလားဒေ့ရှ်တပ်ရင်းမှ သိမြင်သော်လည်း တားမြစ်ခြင်းမရှိခြင်းကြောင့် နေအိမ်ဆိုင်ခန်းအမြောက်အများ ပျက်စီးဆုံးရှုံးသွားခဲ့ရသည်။
ထို့ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှ ကျောင်းသားများနှင့် ဒေသခံတစ်ချို့မှာ ဘင်္ဂလားဒေ့ရှ်မြို့တော် ဒါကာမြို့နှင့် စစ်တကောင်းမြို့တို့တွင် ဆန္ဒပြခြင်းများ ပြုလုပ်ခဲ့ကြသည်။
ဘင်္ဂလားဒေ့ရှ်တွင် မျိုးနွယ်စုများအား ဖိနှိပ်အကြမ်းဖက်မှုများသည် မကြာခဏဖြစ်လေ့ရှိပြီး အစိုးရအနေဖြင့်လည်း အရေးတယူဆောင်ရွက်မှု အားနည်းကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအရေး သိရှိသူတစ်ဦးက ပြောသည်။
“ဘင်္ဂလားဒေ့ရှ်မှာက ဟိုးအရင်ကတည်းက သက္ကမတစ်ခုတည်းလို့ မဟုတ်ဘူး၊ ဟိန္ဒူ လူမျိုးတွေကိုလည်း ဖိနှိပ်တာတွေ အစွန်းရောက်သမားတွေဆို အကြမ်းဖက်တာတွေက မကြာခဏလုပ်လေ့လုပ်ထရှိတယ်။ ရှိတ်ဟာစီနာ လက်ထက်တုန်းကလည်း ဖြစ်တယ်။ ဒါပေမယ့် သူက နည်းနည်းထိန်းသေးတယ်။ အခုအစိုးရကတော့ ဘယ်လို ဖြစ်မလဲမသိဘူး” ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံအရေး နားလည်သူတစ်ဦးက ပြောသည်။
ယခုကဲ့သို့ သက္ကမလူမျိုးများပိုင်ဆိုင်သည့် နေအိမ်ဆိုင်ခန်းများ မီးရှို့ခံရခြင်းအား ကုလသမဂ္ဂ လူ့အခွင့်အရေး စံနှုန်းများဖြင့် ဖြေရှင်းမည်ဟုလည်း ပြောကြားခဲ့သည်။
သက္ကမ (Chakma) လူမျိုးများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းဒေသ၊ ရခိုင်နှင့် ချင်းပြည်နယ်အပါဝင် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းဒေသတို့တွင် အဓိက နေထိုင်ကြသည်။