- ကမ္ဘာ့စစ်ရာဇဝတ်မှုများ စစ်ဆေးရေးအသုံးစရိတ် ထရမ့်အစိုးရ အကြီးအကျယ် ဖြတ်တောက်ရန် လိုလား
- ရခိုင်တွင် အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့သူ အာမခံဖြင့် လွတ်မြောက်နေ
- ရခိုင်လွတ်မြောက်ခြင်းသည် တစ်နိုင်ငံလုံးတော်လှန်ရေးအတွက် ကြီးမားသောသက်ရောက်မှုရှိနေကြောင်း ချင်းညီနောင်ပြော
- အိန္ဒိယနယ်စပ်တွင် အလုပ်သမားစရိတ် မြင့်တက်နေသဖြင့် ရခိုင်ကုန်သည်များ ညဉ်းညူ
- ငှက်ဖျားကြောင့် သေဆုံးမှုမြင့်တက်နေသည့် အမ်းတွင် ကျန်းမာရေးစောင့်ရှောက်မှု အရေးတကြီး လိုအပ်နေ
ဂွမြို့နှင့် ၁၃ မိုင်အကွာတွင် တိုက်ပွဲပြင်းထန်နေ
ဆပ်သွားရွာအနီးတွင် နိုဝင်ဘာ ၁၀ ရက်မှစ၍ ယနေ့ နိုဝင်ဘာ ၁၂ ရက်ထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်း၊ ရေကြောင်းပစ်ကူများဖြင့်ပါ ခုခံလျက်ရှိသည်။
12 Nov 2024

DMG ၊ နိုဝင်ဘာ ၁၂
ရခိုင်ပြည်၊ ဂွမြို့နယ်၊ ဆပ်သွားရွာအနီးတဝိုက်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA) တို့ တိုက်ပွဲပြင်းထန်နေကြောင်း မြေပြင်သတင်းရင်းမြစ်ထံမှ သိရသည်။
ဆပ်သွားရွာအနီးတွင် နိုဝင်ဘာ ၁၀ ရက်မှစ၍ ယနေ့ နိုဝင်ဘာ ၁၂ ရက်ထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်း၊ ရေကြောင်းပစ်ကူများဖြင့်ပါ ခုခံလျက်ရှိသည်။
“တိုက်ပွဲပြင်းထန်နေတာက သုံးရက်လောက်ရှိပြီ။ ဒီနေ့ နံနက် ၁၀ နာရီလောက်ကလည်း တိုက်ပွဲဖြစ်သံတွေ ကြားရတယ်။ မနေ့ကတော့ တိုက်ပွဲဖြစ်တဲ့နေရာတွေကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတာတွေရှိတယ်။ နေအိမ်တွေလည်း ပျက်စီးတာတွေရှိတယ်လို့ သိရတယ်” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
လက်ရှိတိုက်ပွဲနေရာမှာ ဂွမြို့နှင့် ၁၃ မိုင်ခန့်သာကွာဝေးပြီး စစ်ကောင်စီက ဂွမြို့အဝင် လမ်းတစ်လျှောက်တွင် ခံစစ်အခိုင်အမာပြင်ဆင်ကာ စစ်အင်အား၊ လက်နက်အင်အား အလုံးအရင်း ဖြည့်တင်းလျက်ရှိသည်။
“တိုက်ပွဲက မြို့နဲ့နီးလာပြီဆိုတော့ စစ်ကောင်စီက ဧရာဝတီဖက်ကနေပြီးတော့ လူအင်အားတွေရော၊ လက်နက်အင်အားတွေပါ ဖြည့်တင်းနေတာရှိတယ်။ မြို့ထဲမှာ မြို့ခံတွေသိပ်မရှိတော့ဘူး။ အကုန်လုံးနီးပါးက ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြတယ်” ဟု မြေပြင်အခြေအနေ သိရှိသူတစ်ဦးက ပြောသည်။
ဂွတွင် AA ၏ အရှိန်မြှင့်ထိုးစစ်နှင့်အတူ စစ်ကောင်စီ တပ်စခန်းများကို သိမ်းပိုက်လျက်ရှိပြီး နိုဝင်ဘာ ၆ ရက်က တိုင်ကျိုးကျေးရွာရှိ တပ်စခန်းနှင့် ပုဂံတောင်ဘုရားပေါ်ရှိ အမြောက်စခန်းကို သိမ်းပိုက်ထားသည်။
ဧရာဝတီတိုင်းနှင့်ထိစပ်နေသော ရခိုင်ပြည်တောင်ဘက်အစွန်ဆုံး ဂွမြို့နယ်မှာ စစ်ကောင်စီအတွက် အရေးပါသလို AA အတွက်လည်း စစ်ရေးဗျူဟာအရ အရေးပါသည့် ဒေသတစ်ခု ဖြစ်သည်။