- ဆုံးရှုံးနယ်မြေများကို ပြန်သိမ်းရန် စစ်ကောင်စီ အပြင်းအထန်ကြိုးစားနေဟု AA ပြော
- ရက် ၅၀ အတွင်း ယူကရိန်းစစ် မရပ်လျှင် ကုန်စည်ခွန် ၁၀၀ ရာခိုင်နှုန်းကောက်မည်ဟု ရုရှားကို သမ္မတထရမ့် ခြိမ်းခြောက်
- အာရက္ခဒေသက တစ်ပတ်အတွင်း ထူးခြားသတင်းများ
- ရေကြည်မြို့နယ်တွင် စစ်ကောင်စီ စစ်ကြောင်းထိုးနေသဖြင့် တိုက်ပွဲများ ပြင်းထန်နေ
- တက္ကနာ-မောင်တော ကုန်သွယ်ရေး ရပ်နေသည့်အတွက် တက္ကနာဆိပ်ကမ်းရှိ သိုလှောင်ကုန်များ ပျက်စီး
ဂွမြို့နယ်တွင် စစ်ကောင်စီက မိုင်းထောင်ထားပြီ
“ဇွန်လ ၃၀ ရက်က လော်စပီကာနဲ့လာအော်သွားတာ။ သတ်မှတ်နေရာကိုသွားလို့မိုင်းနင်းမိရင် ကိုယ်ဖြစ်ကိုယ်ခံလို့ ပြောသွားတယ်။ အခုဆို ဘယ်သူမှ တောတောင်ကို မသွားရဲကြတော့ဘူး” ဟု ကျိန္တလီမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
02 Jul 2024

DMG ၊ ဇူလိုင် ၂
ရခိုင်ပြည်၊ ဂွမြို့နယ်အတွင်းရှိ တောတောင်များ၊ ကားလမ်းမဘေး၊ မြို့ပတ်ပတ်လည်နှင့် တပ်ရင်းအနီးဝန်းကျင် စသည့် နေရာအများအပြားတွင် စစ်ကောင်စီက မြေမြှုပ်မိုင်းထောင်ထားကြောင်း ဒေသခံများထံမှ သိရသည်။
မိုင်းထောင်ထားခြင်းနှင့်ပတ်သက်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှတစ်ဆင့် မြို့ပေါ်တွင်လော်စပီကာဖြင့် ဆော်ဩအသိပေးခြင်း၊ ကျေးလက်ဒေသများတွင် မိုင်းရှိကြောင်း ဆိုင်းဘုတ်စိုက်ထူကာ သတိပေးမှုများရှိကြောင်း ဒေသခံများက ပြောသည်။
“ဇွန်လ ၃၀ ရက်က လော်စပီကာနဲ့လာအော်သွားတာ။ သတ်မှတ်နေရာကိုသွားလို့မိုင်းနင်းမိရင် ကိုယ်ဖြစ်ကိုယ်ခံလို့ ပြောသွားတယ်။ အခုဆို ဘယ်သူမှ တောတောင်ကို မသွားရဲကြတော့ဘူး” ဟု ကျိန္တလီမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
ဂွမြို့နယ်က ကျေးလက်နေပြည်သူများမှာ တောတောင်ကိုအမှီပြုကာ ဟင်းရှာ၊ သစ်ခုတ်၊ တောင်ယာလုပ်ငန်း စသည့် အလုပ်များဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသည်။
လက်ရှိတွင် စစ်ကောင်စီက မိုင်းထောင်ထားသဖြင့် တောတောင်ကိုမှီခိုပြီး ဝမ်းရေးဖြေရှင်းနေသူများမှာ အခက်အခဲများစွာ ရှိနေကြသည်။
ဇွန်လ ၂၉ ရက်က ရဟိုင်ကွင်းကျေးရွာမှ အသက်(၅၀)ကျော်အရွယ် အမျိုးသားတစ်ဦးမှာ အဖော်သုံးဦးနှင့်အတူ သစ်ခုတ်ပြီးပြန်လာစဉ် မြေမြှုပ်မိုင်းနင်းမိ၍ သေဆုံးသွားခဲ့သည်။
“မိုင်းထောင်တာတွေရှိလာတော့ အသက်စွန့်ပြီးတော့ ရှာဖွယ်စားသောက်ရတော့မယ့် အခြေအနေရှိနေတယ်။ ထမင်းမစားဘဲမှ မနေနိုင်တာ” ဟု ဒေသခံတစ်ဦးက ပြောသည်။
ရခိုင်ပြည်အတွင်း ဂွမြို့နယ်နှင့် မာန်အောင်မြို့နယ်သည် လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားခြင်း လုံးဝမရှိသေးသော ဒေသများဖြစ်သည်။
လက်ရှိတွင် ရခိုင်တောင်ပိုင်းရှိ မြို့နယ်များကို AA ကထိုးစစ်ဆင်နေမှုကြောင့် ယင်းမြို့နယ်များတွင် စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ကာ ခုခံစစ်ပြင်ဆင်ထားသည်။
“စစ်ကောင်စီက ခံစစ်အတွက် ပြင်ဆင်နေတာကို တွေ့ရတယ်။ ဧရာဝတီဘက်ကလည်း စစ်သားအလုံးအရင်း ဖြည့်နေတယ်။ အဲဒီလမ်းဘက်က AA၊ PDF အဖွဲ့တွေ ဝင်မလာနိုင်အောင်လည်း စစ်ဆေးမှုတွေ ပုံမှန်ထက် တင်းကြပ်ထားပါတယ်” ဟု ဂွမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
ရခိုင်ဒေသစစ်ပွဲအတွင်း မြို့နယ် ၉ ခုအထိ အာရက္ခတပ်တော်က သိမ်းပိုက်ထားပြီး လက်ရှိတွင် မောင်တော၊ အမ်း၊ သံတွဲ၊ တောင်ကုတ်၊ ကျောက်ဖြူမြို့နယ်များ၌ တိုက်ပွဲများဖြစ်ပွားနေသည်။