- ရခိုင်တွင် အဓမ္မပြုကျင့်ရန်ကြိုးပမ်းမှုတွင် အာမခံဖြင့်လွတ်နေသူကို ပြန်ဖမ်း၊ အာမခံပေးခဲ့သည့် တရားသူကြီး စစ်ဆေးခံရ
- စစ်ကောင်စီပေးသည့် ဂုဏ်ထူးဆောင်ဘွဲ့နှစ်ခုထိ ALP ခေါင်းဆောင် ဒေါ်စောမြရာဇာလင်း ရရှိထား
- အင်ဒိုနီးရှားမှာ ကူးတို့သင်္ဘော တိမ်းမှောက်မှုကြောင့် ၄ ဦးသေပြီး ၃၀ ခန့် ပျောက်ဆုံးနေ
- ICG သတိပေးပြီးနောက် ရခိုင်နယ်စပ်တွင် ARSA တိုက်ပွဲပြန်ဖော်လာ
- မြန်မာနိုင်ငံသားများကို လူသားချင်းစာနာလျက် ဆက်လက်စောင့်ရှောက်ပေးရန် ထိုင်းကို NUG မေတ္တာရပ်ခံ
ကျောက်ဖြူမြို့မှ ဒေသခံသုံးဦးကို စစ်တပ်ကဖမ်းဆီး
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ပေါ်ရပ်ကွက်များမှ ဒေသခံသုံးဦးကို စက်တင်ဘာလ ၇ ရက်နေ့တွင် မြန်မာစစ်တပ်က နေအိမ်မှ လာရောက်ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။
09 Sep 2022

DMG ၊ စက်တင်ဘာ ၉
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ပေါ်ရပ်ကွက်များမှ ဒေသခံသုံးဦးကို စက်တင်ဘာလ ၇ ရက်နေ့တွင် မြန်မာစစ်တပ်က နေအိမ်မှ လာရောက်ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။
ဖမ်းဆီးခံရသူများမှာ ကျောက်ဖြူမြို့ စေတီတောင်ရပ်ကွက်မှ အသက်(၂၉)နှစ်အရွယ် ကိုဝင်းနိုင်၊ အစိုးရရပ်ကွက်မှ အသက်(၄၃)နှစ်အရွယ် ကိုဆလိုင်းကိုအေး(ခ)ကဟိနှင့် ပိုက်ဆိပ်ရပ်ကွက်မှ အသက်(၄၂)နှစ်အရွယ် ဦးဘသန်းတို့ဖြစ်ကြသည်။
၎င်းတို့သုံးဦးကို စစ်ဆေးမေးမြန်စရာရှိသည်ဟုဆိုကာ ကျောက်ဖြူမြို့အခြေစိုက် ခလရ(၃၄)မှ တပ်သားများက ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။
ကိုဆလိုင်းကိုအေးနှင့်နီးစပ်သူတစ်ဦးက "ကျနော်တို့နဲ့ သူတို့က မိသားစုလိုနေတာပါ။ သူ့ကို ဖမ်းသွားတုန်းကတော့ စစ်ဆေးမေးမြန်းစရာရှိလို့ ခဏခေါ်သွားမယ်လို့ ပြောခဲ့တယ်တဲ့။ ဘာကို စစ်ဆေးမေးမြန်းမယ်ဆိုတာကိုတော့ မပြောခဲ့ဘူးပေါ့။ သူကတော့ နိုင်ငံရေးဘာညာ လုပ်တာမရှိဘူး"ဟု ပြောသည်။
ကိုဆလိုင်းကိုအေးတို့တွင် မိသားစုသုံးဦးရှိပြီး ၎င်းမှာ အငယ်ဆုံးသားဖြစ်သည်။ သားဖြစ်သူဖမ်းဆီးခံရမှုကြောင့် မိခင်ဖြစ်သူမှာလည်း စိတ်ထိခိုက်ကာ အိပ်ယာပေါ်တွင်လှဲနေသည်ဟု ၎င်းတို့မိသားစုနှင့် နီးစပ်သူကဆက်ပြောသည်။
အလားတူ စေတီတောင်ရပ်ကွက်မှ ကိုဝင်းနိုင်ကိုလည်း စစ်တပ်က ဖမ်းဆီးသွားသည်မှာမှန်ကန်ပြီး လက်ရှိအချိန်ထိ ပြန်မလွတ်သေးကြောင်း စေတီတောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းလှိုင်ကပြောသည်။
"သူ့ကို ဖမ်းသွားတယ်ဆိုတာတော့ ဟုတ်တယ်။ သူ့ကိုသွားဖမ်းတဲ့အခါလည်း ကျနော့်ကိုမခေါ်ခဲ့ဘူး။ စစ်ဆေးမေးမြန်းစရာရှိလို့ ခေါ်သွားတယ်လို့တော့ သိရတယ်။ အခုအချိန်ထိ သူတို့ပြန်လွတ်လာတာတော့ မရှိသေးဘူး"ဟု ၎င်းကဆိုသည်။
ယင်းအပြင် ပိုက်ဆိပ်ရပ်ကွက်မှ ဦးဘသန်းကိုလည်း ကျောက်ဖြူမြို့အခြေစိုက် ခလရ(၃၄)တပ်ရင်းမှ တပ်ဖွဲ့ဝင်များက နေအိမ်မှ လာရောက်ဖမ်းဆီးသွားကြောင်း ရပ်ကွက်နေဒေသခံတစ်ဦးကပြောသည်။
၎င်းတို့သုံးဦးကို စစ်ဆေးမေးမြန်းရန်ခေါ်ဆောင်သွားသည့် ကိစ္စနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန် မြန်မာစစ်တပ် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပါ။