- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
လွတ်လပ်ရေးနေ့တွင် အကျဉ်းသား ၇,၀၀၀ ကျော်ကို စစ်ကောင်စီလွှတ်ပေး
မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျခံလျက်ရှိသည့် အကျဉ်းသား ၇,၀၁၂ ဦးကို ယနေ့ကျရောက်သည့် စိန်ရတုလွတ်လပ်ရေးနေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်သည်။
04 Jan 2023

(ပုံဟောင်း) ပြီးခဲ့သည့်နှစ် လွတ်လပ်ရေးနေ့က စစ်တွေအကျဉ်းထောင်ရှေ့မှ မြင်ကွင်းတစ်ခု။
DMG ၊ ဇန်နဝါရီ ၄
မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျခံလျက်ရှိသည့် အကျဉ်းသား ၇,၀၁၂ ဦးကို ယနေ့ကျရောက်သည့် (၇၅)ကြိမ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့တွင် စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမိန့်ဖြင့် လွတ်ငြိမ်းချမ်းသာာခွင့်ပေးလိုက်ကြောင်း ယနေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီပိုင် မြန်မာ့ရုပ်မြင်သံကြားမှတစ်ဆင့် ထုတ်ပြန်လိုက်သည်။
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူမှုရေးအရ ငဲ့ညှာထောက်ထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့်စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း မြန်မာနိုင်ငံရှိ အကျဉ်းထောင်/ အချုပ်ထောင်/ စခန်းအသီးသီးတို့မှ အကျဉ်းသား ၇,၀၁၂ အား ပြစ်ဒဏ်လျှော့ပေါ့၍ ပြန်လွှတ်ပေးခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
အဆိုပါ အကျဉ်းသား ၇,၀၁၂ ဦးမှာ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဆိုသည့် စည်းကမ်းသတ်မှတ်ချက်ဖြင့် ပြန်လွှတ်ပေးခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင့် ကျရောက်ခဲ့သည့် (၇၄) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့တွင်လည်း မြန်မာတစ်နိုင်ငံလုံးမှ အကျဉ်းသား (၈၁၄) ဦးကို စစ်ကောင်စီမှ ပြန်လွှတ်ပေးခဲ့ပြီး ယင်းအထဲတွင် ရခိုင်ပြည်မှ အကျဉ်းသား ၄၆ ဦး လွတ်ငြိမ်းချမ်းသွာခွင့်ဖြင့် လွတ်မြောက်ခဲ့သည်။
#R005