- အဖြေမထွက်နိုင်သည့် အမေရိကန်-တရုတ် မြေရှားသတ္တု ပဟေဠိ
- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
- ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ ပါဝင်ပတ်သက်နေသည့် အိုင်အက်စ်အစွန်းရောက်အဖွဲ့ ကွန်ရက် မလေးရှား ဖြိုခွင်း
- ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရန် နှစ်ဘက်သဘောတူ
- မိုးတွင်းကာလ မိုင်းနှင့် စစ်ကျန်လက်နက်များ နေရာရွှေ့တတ်သဖြင့် အသွားအလာ သတိထားရန်လို
မာန်အောင်က ကျေးရွာ ၃၀ ကျော်တွင် ဆိုလာ လျှပ်စစ်မီးရရှိရေး ဆောင်ရွက်နေမှု ကြန့်ကြာနေ
ရခိုင်ပြည်၊ မာန်အောင်မြို့နယ်က ကျေးရွာပေါင်း ၃၀ ကျော်ကို ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးရရှိရေး ဆောင်ရွက်နေမှု အချိန် ၆ လကျော်လာသည့်တိုင် တပ်ဆင်နိုင်ခြင်းမရှိဘဲ ကြန့်ကြာနေကြောင်း သိရသည်။
13 Feb 2023

DMG ၊ ဖေဖော်ဝါရီ ၁၃
ရခိုင်ပြည်၊ မာန်အောင်မြို့နယ်က ကျေးရွာပေါင်း ၃၀ ကျော်ကို ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးရရှိရေး ဆောင်ရွက်နေမှု အချိန် ၆ လကျော်လာသည့်တိုင် တပ်ဆင်နိုင်ခြင်းမရှိဘဲ ကြန့်ကြာနေကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇူလိုင်လနှင့် ဩဂုတ်လက မြို့နယ် ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန၏ စီမံချက်ဖြင့် ကျေးရွာများကို ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးရရှိရေးဟုဆိုကာ ဒေသခံများထံမှ ငွေကြေးကောက်ခံခဲ့သော်လည်း လက်ရှိအချိန်ထိ လျှပ်စစ်မီး မရရှိသေးခြင်းဖြစ်သည်။
“ကျနော်တို့ ခန့်မှန်းခြေအရဆိုရင် ပိုက်ဆံထည့်ထားကြတဲ့ရွာ အနည်ဆုံးရွာ ၃၀ ကျော် ရှိပါတယ်။ ကျနော်တို့အုပ်စုက လူတွေကတော့ ဘာကြောင့် အခုထိ လျှပ်စစ်မီး မရသေးတာလဲ ဆိုပြီး ခဏခဏ လာမေးကြတာ ရှိတယ်။ ကျနော်ကြားရတာကတော့ လာတပ်ဆင်ပေးမယ့် ကုမ္ပဏီက မရောက်သေးလို့ ဆိုတာလောက်ပဲ သိရတယ်” ဟု လက်မဲပြင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးညီထွေးက ပြောသည်။
လက်မဲပြင်၊ ကန်းစွန်း၊ ဇီးတော စသည့် ကျေးရွာအုပ်စုတို့မှ ဒေသခံများမှာ ဆိုလာလျှပ်စစ်မီး ရရှိရေးအတွက် ဆိုလာပြား 100 W.တပ်ဆင်မည့် အိမ်ကို ငွေကျပ် တစ်သိန်းခွဲနှင့် 60 W.တပ်ဆင်မည့်အိမ်ကို ငါးသောင်းနှုန်းဖြင့် ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနက ကောက်ခံခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း လက်ရှိအချိန်ထိ လျှပ်စစ်မီးရရှိရေးအတွက် တစ်စုံတစ်ရာထူးခြားမှု မရှိသေးသဖြင့် ကျေးရွာသားများမှာ ၎င်းတို့ထည့်ဝင်ထားသည့် ငွေများကို ပြန်လည်ရရှိရန် တောင်းဆိုနေမှုများလည်း ရှိလာနေကြောင်း သိရသည်။
“လျှပ်စီးမီးရချင်တဲ့ဆန္ဒနဲ့ တစ်ချို့ဆို သူများဆီကနေ ချေးငှားပြီး ထည့်လိုက်ရတာ ရှိတယ်။ ဒါပေမယ့် ဘာကြောင့်မရသေးဘူးဆိုတာ အခုချိန်ထိ သူတို့အကြောင်းပြန်တာ မရှိသေးဘူး။ သူတို့ ပိုက်ဆံလာကောက်သွားတာ ၆ လ လောက် ရှိပြီ ” ဟု လက်မဲပြင် ရွာသားတစ်ဦးကပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ မာန်အောင်မြို့နယ် ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ခင် ထံကို DMG က ဆက်သွယ်ခဲ့ရတွင် လာမည့်ကာလတွင် တပ်ဆင်ပေးရန် လျာထားသည်ဟု ဆိုသည်။
“သူတို့ လိုချင်ကြတာကိုလည်း ကျနော်တို့ တွေ့ရပါတယ်။ ဒါပေမယ့် ကျနော်တို့မှာလည်း အထက်မှာ နည်းနည်းကြန့်ကြာနေတာတွေကို သဘောတရားပိုင်းအရ သူတို့ကို ကျနော်ပြောပြပေးထားတာတွေ ရှိပါတယ်။ ပြောပြီးတော့ ဒီနေ့ဆို ဖုန်းနဲ့ပြောလာတာရှိတယ်။ ဒီဘဏ္ဍာနှစ်မှာတော့ မဖြစ်နိုင်တော့ဘူး။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အထက်မှ ဖြစ်မယ်လို့ ညွှန်ကြားလာတာတော့ ရှိပါတယ်” ဟု မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ခင်က ပြောသည်။
ထိုသို့ အထက်မှညွှန်ကြားချက်နှင့် ပတ်သက်၍ ကျေးရွာအုပ်ချုပ်ရေမှူးများကို ယနေ့ အကြောင်းကြားထားခဲ့ပြီး ငွေပေးထားသူများအနေဖြင့် မစောင့်ဆိုင်းနိုင်ပါက ထိုငွေများကို ပြန်လည်ပေးအပ်နိုင်ရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း ဦးစီးမှူး ဦးမောင်မောင်ခင်က ရှင်းပြသည်။
မာန်အောင်မြို့တွင် လျှပ်စစ်မီး ၂၄ နာရီ လုံလောက်စွာ ဖြန့်ဖြူးနိုင်ရေးအတွက် ပြီးခဲ့သည့် NLD အစိုးရလက်ထက် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလက နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လာရောက်ကာ ဆိုလာစနစ် ဓာတ်အားပေးစက်ရုံကို ဖွင့်လှစ်ပေးခဲ့သည်။
လက်ရှိတွင် အဆိုပါ ဆိုလာဓာတ်အားပေးစက်ရုံမှာ လျှပ်စစ်ဖြန့်ဖြူးရာတွင် လုံလောက်မှုမရှိခြင်းနှင့် မကြာခဏ လျှပ်စစ်ပြတ်တောက်နေမှုများကြောင့် ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန၏ စီမံချက်များဖြင့် ကျေးရွာများ မီးလင်းရေးအတွက် ဆောင်ရွက်နေကြောင်း သိရသည်။
#I008