- ရခိုင်ဘက်မှ သေနတ်သံများကြောင့် နယ်စပ်တလျှောက် ဘင်္ဂလားဒေ့ရှ် လုံခြုံရေးတင်းကျပ်
- ထန်းရှောက်ခံရွာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၀၀ ကျော် သေဆုံးခဲ့
- ရွေးကောက်ပွဲလုပ်မည့် ရခိုင်က မြို့ ၃ ခုတွင် ဖုန်း၊ အင်တာနက်လိုင်းများ ပြန်ဖွင့်ရန် စစ်ကောင်စီ စီစဉ်နေ
- ထန်းရှောက်ခံရွာသား ၆၀၀ ကျော်ကို AA သတ်ဖြတ်သည်ဆိုသည့် စွပ်စွဲချက် မွတ်ဆလင်အကြီးအကဲများ ရှုတ်ချ
- ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးက AA လုံခြုံရေး စခန်းများကို ARSA တိုက်ခိုက်
မြန်မာဘက်သို့ ပေးနေသည့် လျှပ်စစ်မီးကို ၅၀ ရာခိုင်နှုန်းအထိ ထိုင်းလျှော့ချမည်
လာမည့် ကြာသပတေးနေ့တွင် မဲဆောက်ခရိုင်သို့ သွားပြီး ထိုင်း-မြန်မာ နယ်စပ်တလျှောက် အခြေအနေကို စနည်းနာပြီးနောက်တွင် လျှပ်စစ်မီး ၅၀ ရာခိုင်နှုန်း ဖြတ်တောက်မည့် အမိန့်ကို ထုတ်ပြန်မည်ဟု ဝန်ကြီးက ပြောသည်။
04 Feb 2025

DMG ၊ ဖေဖော်ဝါရီ ၄
မြန်မာနိုင်ငံဘက်သို့ ဖြန့်ချိနေသည့် လျှပ်စစ်မီးပမာဏအနက် တရားမဝင် ရာဇဝတ်လုပ်ငန်းများ လုပ်ကိုင် နေသည်ဟု သံသယရှိနေသည့် မြန်မာဘက်မှ ဧရိယာများသို့ ၅၀ ရာခိုင်နှုန်းအထိ လျှော့ချဖြန့်ဖြူးသွားမည်ဟု ထိုင်းကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဖမ်သမ်ဝီချာယာချိုင်က ပြောကြားလိုက်ကြောင်း ဘန်ကောက်ပို့စ် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
တနင်္လာနေ့က ထိုင်းပြည်ထဲရေးဝန်ကြီးဌာန၊ လျှပ်စစ်ဖြန့်ဖြူးရေးအာဏာပိုင် PEA တို့နှင့် တွေ့ဆုံပြုလုပ်သည့် အမျိုးသား လုံခြုံရေးကောင်စီ အစည်းအဝေးတွင် ဝန်ကြီးက ပြောကြားလိုက်ခြင်းဖြစ်သည်။
လာမည့် ကြာသပတေးနေ့တွင် မဲဆောက်ခရိုင်သို့ သွားပြီး ထိုင်း-မြန်မာ နယ်စပ်တလျှောက် အခြေအနေကို စနည်းနာပြီးနောက်တွင် လျှပ်စစ်မီး ၅၀ ရာခိုင်နှုန်း ဖြတ်တောက်မည့် အမိန့်ကို ထုတ်ပြန်မည်ဟု ဝန်ကြီးက ပြောသည်။
ဤဖြတ်တောက်မှုတွင် ထိုင်းတစ်ဘက်ခြမ်း မြဝတီခရိုင်ရှိ ရွှေကုက္ကိုမြို့ အပါအဝင် နယ်စပ်တလျှောက်ရှိ မြန်မာမြို့အများအပြား ပါဝင်မည်ဟု ယူဆရပြီး ယခုဆုံးဖြတ်ချက်ကို နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာဘက်သို့ အကြောင်းကြားသွားမည်ဟု ဝန်ကြီးဝီယာချိုင်က ပြောကြောင်း ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြထားသည်။