- အင်အားဖြည့်လာသည့် စစ်ကောင်စီ စစ်ကြောင်းကို KNLA ပူးပေါင်းတပ်များ ပိတ်ဆို့တိုက်ခိုက်
- အီရန်ရှိ နျူကလီးယားစီမံကိန်း နေရာသုံးခုကို အမေရိကန် ဗုံးကြဲ
- ရိုဟင်ဂျာသူပုန်ထမှုကြောင့် ဘင်္ဂလားဒေ့ရှ်၏ ဒုက္ခသည်အကျပ်အတည်း ပိုဆိုးရုံသာရှိမည်
- ဘင်္ဂလားဒေ့ရှ်ရှိ မွတ်ဆလင်ဒုက္ခသည်များအတွက် အာရှဖွံ့ဖြိုးရေးဘဏ်က ဒေါ်လာ ၅၉ သန်းထောက်ပံ့
- စိုင်းဒင်အထက်ပိုင်းက ကျေးရွာများတွင် ကလေးအသေမွေးဖွားနှုန်း မြင့်တက်နေ
စစ်ကောင်စီ သက်တမ်း ၆ လတိုးလိုက်ပြီး ပြင်ဆင်ဖွဲ့စည်းသည့် ပြည်ထောင်စုအစိုးရအဖွဲ့တွင် နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တာဝန်ယူ
ဇန်နဝါရီလ ၃၁ ရက်က ပြုလုပ်ခဲ့သည့် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးတွင် သက်တမ်း ၆ လ ထပ်တိုးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီပိုင် သတင်းဌာနများမှ ထုတ်ပြန်သည်။
01 Feb 2023

ဓာတ်ပုံ - Cincds
DMG ၊ ဖေဖော်ဝါရီ ၁
နိုင်ငံတော်အာဏာကို သိမ်းယူခဲ့သော စစ်ကောင်စီသည် တိုင်းပြည် သာမန်အခြေအနေမဟုတ်ဟု အကြောင်းပြကာ အာဏာသိမ်းမှု ၂ နှစ်ပြည့်သည့် ယနေ့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ သက်တမ်း ၆ လ ထပ်တိုးကြောင်း ကြေညာခဲ့သည်။
ဇန်နဝါရီလ ၃၁ ရက်က ပြုလုပ်ခဲ့သည့် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးတွင် သက်တမ်း ၆ လ ထပ်တိုးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီပိုင် သတင်းဌာနများမှ ထုတ်ပြန်သည်။
၂၀၂၀ ရွေးကောက်ပွဲတွင် မဲ,မသမာမှုရှိသည်ဟုဆိုကာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ခြင်းဖြစ်သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၅ တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ(ကာ/လုံ)သည် တိုင်းပြည်ကို အရေးပေါ်အခြေအနေ ကြေညာကာ ကာကွယ်ရေးဦးစီးချုပ်အား အာဏာအပ်နှင်းထားမှုကို သာမန်အားဖြင့် တစ်ကြိမ်လျှင် ၆ လအထိ သက်တမ်း ၂ ကြိမ်သာ တိုးမြှင့်ခွင့်ပြုထားသည်။
သို့သော် အာဏာသိမ်းမှု ၂ နှစ်ပြည့်သည့်နေ့တွင် တိုင်းပြည် သာမန်အခြေအနေမဟုတ် ဟုဆိုကာ နောက်ထပ် ၆ လ သက်တမ်းတိုးရန် ကာ/လုံက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ယနေ့တွင်ပင် စစ်ကောင်စီ၏ ပြည်ထောင်စုအစိုးရအဖွဲ့ကိုလည်း ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားပြီး ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဒုတိယဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားသည်ကို တွေ့ရသည်။
#R007