- တိုက်ပွဲနီးကပ်လာနေသည့် ကျောက်ဖြူမြို့တွင် စစ်ကောင်စီက စပါးစိုက်ပျိုးခိုင်း
- ဖားကန့်တွင် စစ်ရှောင်နေရသည့် ရခိုင်ရွှေ့ပြောင်းလုပ်သားအများအပြား အကူအညီလိုအပ်နေ
- အာရက္ခဒေသက တစ်ပတ်အတွင်း ထူးခြားသတင်းများ
- နောင်ချိုက ထိန်းချုပ်နယ်မြေအချို့ TNLA ထပ်မံ လက်လွှတ်နေရ
- အကျပ်အတည်းများကြောင့် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှ မွတ်ဆလင်အချို့ ရခိုင်သို့ ဝင်ရောက်မှုရှိနေ
တိုက်ပွဲနီးကပ်လာနေသည့် ကျောက်ဖြူမြို့တွင် စစ်ကောင်စီက စပါးစိုက်ပျိုးခိုင်း
တိုက်ပွဲများနီးကပ်လာနေသည့် ကျောက်ဖြူမြို့ပေါ်တွင် ယခုနှစ် မိုးစပါးစိုက်ပျိုးရန်အတွက် စစ်ကောင်စီက တောင်သူများကို မက်လုံးပေးစည်းရုံးနေကြောင်း သတင်းရရှိသည်။
24 Jun 2025

DMG ၊ ဇွန် ၂၄
တိုက်ပွဲများနီးကပ်လာနေသည့် ကျောက်ဖြူမြို့ပေါ်တွင် ယခုနှစ် မိုးစပါးစိုက်ပျိုးရန်အတွက် စစ်ကောင်စီက တောင်သူများကို မက်လုံးပေးစည်းရုံးနေကြောင်း သတင်းရရှိသည်။
ဓာတ်မြေဩဇာ၊ ထွန်ယက်ခ၊ စိုက်ပျိုးခ စသည့် လိုအပ်သော သွင်းအားစုစရိတ်များအတွက် ငွေကြေး ထောက်ပံ့ပေးမည်ဟုဆိုကာ စစ်ကောင်စီက မက်လုံးပေးထားခြင်းဖြစ်သည်။
ဇွန်လ ဒုတိယပတ်မှစ၍ စစ်ကောင်စီ၏ ကျောက်ဖြူမြို့နယ်ထွေ/အုပ်နှင့် စိုက်ပျိုးရေးဌာနမှ တာဝန်ရှိသူများသည် တောင်သူများထံလာရောက်ပြီး ယခုနှစ်မိုးစပါးကို မဖြစ်မနေစိုက်ပျိုးကြရန် ပြောဆိုလာကြောင်း ကျောက်ဖြူမြို့ခံ တောင်သူအမျိုးသားတစ်ဦးက ပြောသည်။
"ရပ်ကွက်တချို့မှာတော့ အုပ်ချုပ်ရေးမှူးရုံးကို ခေါ်ပြီးပြောတယ်။ တချို့ရပ်ကွက်တွေမှာတော့ တောင်သူတွေရဲ့ နေအိမ်အထိလိုက်ပြီး ပြောနေတာရှိတယ်။ စပါးစိုက်တဲ့ တောင်သူမှန်သမျှ ငွေရမယ်ဆိုတော့ အရင်နှစ်က စပါးမစိုက်တဲ့ တောင်သူတချို့လည်း အခုစပါးစိုက်ပျိုးဖို့ စိတ်ဝင်စားနေကြတယ်" ဟု ၎င်းက DMG ကို ပြောသည်။
မိုးစပါးစိုက်ပျိုးရန်အတွက် မည်သည့်အချိန်၊ မည်သို့ပုံစံမျိုးဖြင့် စစ်ကောင်စီက ထောက်ပံ့ပေးမည်ကို အတိအကျ မသိရသေးကြောင်း တောင်သူများထံမှ သိရသည်။
ကျောက်ဖြူတွင် မြို့ပေါ်ရပ်ကွက် ၁၇ ခုရှိသည့်အထဲက တောင်ရင်း၊ စေတီယျ၊ ငလပွေ့နှင့် ကညင်တော ရပ်ကွက်မှ ဒေသခံများမှာ လယ်ယာလုပ်ငန်းကို အဓိက လုပ်ကိုင်ကြသည်။
တိုက်ပွဲများနီးကပ်လာခြင်းကြောင့် အဆိုပါရပ်ကွက်မှ ဒေသခံများမှာလည်း မြို့ပေါ်မှ တိမ်းရှောင်မှုများ ရှိနေကြသည်။ ကျန်ခဲ့သော ဒေသခံများထဲမှ အချို့မှာ ယခုနှစ် မိုးစပါးစိုက်ပျိုးကြသော်လည်း အများစုမှာ အကြောင်းမျိုးမျိုးကြောင့် မိုးစပါးကိုမစိုက်ကြကြောင်း သိရသည်။
ကျောက်ဖြူမြို့ပေါ်မှ တောင်သူများကို စစ်ကောင်စီက မိုးစပါးစိုက်ပျိုးခိုင်းခြင်းမှာ ၎င်းတို့၏ အုပ်ချူပ်ရေးယန္တယား လည်ပတ်ရေးအတွက် စည်းရုံးနေခြင်းဟု ဝေဖန်မှုများလည်း ရှိနေသည်။
"မြို့ပေါ်က တောင်သူတွေသာ စပါးမစိုက်တော့ဘူးဆိုရင် မြို့ဧရိယာလောက်ကိုပဲ ထိန်းချုပ်ပြီး ပိတ်မိသလိုဖြစ်နေတဲ့ စစ်ကောင်စီအတွက် ဆန်ရိက္ခာပြတ်လပ်မှုကို ကျိန်းသေကြုံရမှာပဲ။ သူတို့ အုပ်ချုပ်ရေးယန္တယား ပုံမှန်လည်ပတ်ဖို့ဆိုရင် ရိက္ခာဖူလုံရေးဟာ လုံးဝကိုလိုအပ်မယ်ဆိုတာသိလို့ တောင်သူတွေကို ငွေကြေးနဲ့စည်းရုံးပြီး အသုံးချတာလို့ပဲမြင်တယ်" ဟု နောက်ထပ် ကျောက်ဖြူမြို့ခံတစ်ဦးက ပြောသည်။
လက်ရှိမှာ ကျောက်ဖြူမြို့နယ်အတွင်းက အမှတ် (၃၂) ရဲတပ်ရင်းနှင့် ဓညဝတီရေတပ်ဌာနချုပ် အနီးဝန်းကျင်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲဖြစ်ပွားနေပြီး အာရက္ခတပ်တော်က မြို့နှင့် ၆ မိုင်ခန့်အကွာ ပတ်ပတ်လည်ကို ထိန်းချုပ်ပိတ်ဆို့ထားသည်။