- မီးခိုးမထွက်တဲ့ ရခိုင်က စီးပွားရေးလုပ်ငန်းတွေ ဦးမော့လာမဲ့ချိန်
- မီဇိုရမ် - ပလက်ဝ နယ်စပ်ကုန်သွယ်ရေးလမ်း ပြန်ဖွင့်
- မြန်မာ့တော်လှန်ရေး တပ်ဖွဲ့ဝင်များအား အိန္ဒိယလုံခြုံရေးတပ်က ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်
- ခေါင်ခိုက်နေသည့် အိမ်ငှားဈေးနှုန်းနှင့် စစ်ဘေးရှောင်များ၏ ကျောတခင်းစာပြဿနာ
- ကျောက်ဖြူ အမှတ် ၃၂ ရဲတပ်ရင်း ကာကင်းစခန်းအချို့ကို AA သိမ်းပိုက်
လက်နက်ကြီးအန္တရာယ်ကြောင့် ရသေ့တောင် မိုးစဲကျွန်းရှိ ကျေးရွာများ ဘေးလွတ်ရာတိမ်းရှောင်
စစ်တွေမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းများမှ လက်နက်ကြီးများဖြင့် နေ့စဉ်ပစ်ခတ်နေ၍ ရသေ့တောင်မြို့ နယ်၊ မိုးစဲကျွန်းရှိကျေးရွာများမှ ဒေသခံများမှာ ဘေးလွတ်ရာနေရာအသီးသီးသို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။
15 Jan 2025

DMG ၊ ဇန်နဝါရီ ၁၅
စစ်တွေမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းများမှ လက်နက်ကြီးများဖြင့် နေ့စဉ်ပစ်ခတ်နေ၍ ရသေ့တောင်မြို့ နယ်၊ မိုးစဲကျွန်းရှိကျေးရွာများမှ ဒေသခံများမှာ ဘေးလွတ်ရာနေရာအသီးသီးသို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။
မိုးစဲကျွန်း၊ ပန်ဇင်းမော်၊ ဆားပြင်ကြီး၊ ဆားပြင်ချေ၊ ဇီးကိုင်း၊ ညောင်ပင်လယ်အပါအဝင် ကျေးရွာ ၁၀ ရွာခန့်မှ ဒေသခံများမှာ စစ်ကောင်စီ လက်နက်ကြီးအန္တရာယ်နှင့် တိုက်ပွဲပြင်းထန်လာမည်ကိုစိုးရိမ်မှုကြောင့် ထွက်ပြေးနေရခြင်းဖြစ်သည်။
“စစ်တွေက နေ့စဉ် ရက်ဆက်ဆိုသလို လက်နက်ကြီးပစ်ခတ်နေတာရေ။ နောက်ပြီး စစ်တွေဘက်မှာ တိုက်ပွဲတွေစလာရင် ပိုဆိုးမယ်ဆိုပြီးတော့ ပြေးကြတာပေါ့။ ရွာမှာ နွားတွေ၊ ကျွဲတွေစောင့်ရှောက်ဖို့နဲ့ ရွာစောင့်ဖို့ လောက်ပဲကျန်ခဲ့တယ်၊ ကျန်တာအကုန်ပြေးကြတယ်။”ဟု ရသေ့တောင်မြို့နယ်၊ ပန်ဇင်းမော် ကျေးရွာသားတစ်ဦးက ပြောသည်။
စစ်တွေအခြေစိုက် စစ်ကောင်စီတပ်ရင်းများမှ ရသေ့တောင်မြို့နယ်ဘက်သို့ လက်နက်ကြီးများဖြင့် လှမ်းပစ်ခတ်နေမှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုများလည်း ရှိနေသည်။
ယခု ဇန်နဝါရီ ၁၀ ရက်က စစ်တွေမြို့နယ်၊ ပါဒလိတ်အခြေစိုက်တပ်ရင်းများမှ ပစ်ခတ်လိုက်သည့်လက်နက်ကြီးမှာ အောက်ဇီးကိုင်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲမှုကြောင့် ဒေါ်မူမူဦး (၅၀) နှစ် သေဆုံးသွားခဲ့ပြီး ဦးဘတင် (၅၀) နှစ်မှာ ဒဏ်ရာရရှိသွားခဲ့သည်။
ပြီးခဲ့သည့် နှစ်ကုန်ပိုင်းမှစ၍ စစ်တွေမြို့ရှိ စစ်ကောင်စီတပ်ရင်းများမှ စစ်တွေ - ရသေ့တောင်မြို့နယ်စပ်နှင့် စစ်တွေ - ပုဏ္ဏားကျွန်းအစပ် ကျေးရွာများကို လက်နက်ကြီး၊ လေကြောင်းပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။
“စစ်တွေဘက်က ပစ်လို့မိုးစဲကျွန်းက ဟိုတလောကလည်း အောက်ဇီးကိုင်းရွာက နှစ်ယောက်ဒဏ်ရာရတာ မိန်းမကြီး တစ်ယောက်ကဆုံးသွားတယ်။စစ်တွေနဲ့ နီးတဲ့ မိုးစဲကျွန်းမှာရှိတဲ့ ရွာတွေကတော့ ရွာမှာအစောင့် ယောက်ကျားကြီးတွေထားပြီး အကုန်စစ်ဘေးရှောင်ကြတယ်” ဟု မြေပြင်အခြေအနေသိရှိသူ ရသေ့တောင်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်ကလည်း စစ်ကောင်စီတပ်ရင်းတစ်ခုမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပုဏ္ဏားကျွန်းမြို့နယ်၊ ပဒေသာကျေးရွာတွင်း ကျရောက်ပေါက်ကွဲ၍ အမျိုးသားတစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရခဲ့သည်။
လက်ရှိ စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ နှစ်ဖက် စစ်အင်အား ဖြည့်တင်းလျက်ရှိသည်။