- AA ထိန်းချုပ်ဒေသတွင် ဒုစရိုက်မှု တိုးလာ၊ ကျူးလွန်သူထဲတွင် အသက်မပြည့်သေးသူများ ပါဝင်နေ
- ၂၀၂၄ ရွေးကောက်ပွဲ ဘိုင်ဒန်ဝင်ပြိုင်မည့် အစီအစဉ် "အဆင်အခြင်မဲ့လုပ်ရပ်" ဟု ကာမာလာဟဲရစ် ဝေဖန်
- ရခိုင်နှင့်အစပ် တိုင်း ၃ ခုတွင် စစ်ကောင်စီ အင်အားအလုံးအရင်းနှင့် ထိုးစစ်အရှိန်မြှင့်နေ
- သမ္မတထရမ့်၏ အနီးကပ်မဟာမိတ် ချာလီကာ့ခ် ပစ်သတ်ခံရ
- ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၈ ဦးပါ ငါးဖမ်းစက်လှေ တစ်စီးကို AA ဖမ်းဆီး
အီရန်ဗိုလ်ချုပ်ကို လုပ်ကြံခြင်းမှာ မိမိကိုယ်ကိုကာကွယ်ခြင်းသာဖြစ်ကြောင်း ကုလထံ အမေရိကန် တင်ပြ
အီရန်စစ်ဗိုလ်ချုပ်ကြီး ကာဆမ်ဆိုလီမာနီ ကိုလုပ်ကြံသတ်ဖြတ်ခဲ့ခြင်းမှာ ကိုယ့်ကိုယ်ကိုကာကွယ်ခြင်းသာ ဖြစ်ကြောင်း ဇန်နဝါရီလ ၈ ရက်နေ့က အမေရိကန်ပြည်ထောင်စုက ကုလသမဂ္ဂကို ပြောကြားလိုက်ကြောင်း Reuters သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
10 Jan 2020

အီရန်စစ်ဗိုလ်ချုပ်ကြီး ကာဆမ်ဆိုလီမာနီ ကိုလုပ်ကြံသတ်ဖြတ်ခဲ့ခြင်းမှာ ကိုယ့်ကိုယ်ကိုကာကွယ်ခြင်းသာ ဖြစ်ကြောင်း ဇန်နဝါရီလ ၈ ရက်နေ့က အမေရိကန်ပြည်ထောင်စုက ကုလသမဂ္ဂကို ပြောကြားလိုက်ကြောင်း Reuters သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
လိုအပ်ပါက အမေရိကန်နိုင်ငံသားများနှင့် နိုင်ငံအကျိုးစီးပွားကိုကာကွယ်ရန် နောက်ဆက်တွဲအရေးယူ ဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း အမေရိကန် အာဏာပိုင်များက ပြောကြားခဲ့သည်။
အီရန်တို့က ၎င်းတို့၏စစ်ဗိုလ်ချုပ်ကြီးလုပ်ကြံခံရမှုအတွက် လက်တုံ့ပြန်သည့်အနေဖြင့် အီရတ်ရှိအမေရိကန်စစ်စခန်း နှစ်ခုကို ဗုဒ္ဓဟူးနေ့(ဇန်နဝါရီ ၈ ရက်)က ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
အီရန်တို့၏ အဆိုပါတိုက်ခိုက်မှုကြောင့် အမေရိကန် တစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်း သမ္မတဒေါ်နယ်ထရမ့်က ကြေညာခဲ့သည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီထံပေးပို့သော စာတစ်စောင်ထဲတွင် ကုလသမဂအမေရိကန်သံအမတ် ကယ်လီခရက်ဖ်က အမေရိကန်ပြည်ထောင်စုအနေဖြင့် နိုင်ငံတကာငြိမ်းချမ်းရေးနှင့်လုံခြုံရေးအပေါ် အန္တရာယ်ကျရောက်လာနိုင်ချေများကို ကာကွယ်ရန်အတွက် အီရန်တို့နှင့် တစ်စုံတစ်ရာ ကြိုတင်သတ်မှတ်ပြဋ္ဌာန်းထားခြင်းမျိုး မပါဝင်ဘဲ လေးလေးနက်နက် ဆွေးနွေးညှိနှိုင်းသွားရန် အသင့်ရှိကြောင်း ရေးသားဖော်ပြထားသည်။
ပြီးခဲ့သောသောကြာနေ့(ဇန်နဝါရီ ၃ ရက်)က ဘဂ္ဂဒက်တွင် ကာဆမ်ဆိုလီမာနီ သတ်ဖြတ်ခဲ့ခြင်းမှာ ကုလပဋိဉာဉ် အပိုဒ် ၅၁ နှင့်ညီညွတ်မှုရှိပြီး ကိုယ့်ကိုယ့်ကိုကာကွယ်ခြင်းသာ ဖြစ်သည်ဟုလည်း ခရတ်ဖ်က ၎င်း၏စာထဲတွင် ထည့်သွင်းရေးသားထားသည်။
အပိုဒ် ၅၁ အရ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသည် မိမိကိုယ်ကိုယ်ကာကွယ်ပိုင်ခွင့်အရ လုပ်ဆောင်သောဆောင်ရွက်ချက် မှန်သမျှကို လုံခြုံရေးကောင်စီထံ ချက်ချင်းအစီရင်ခံရန်လိုအပ်သည်။
အမေရိကန်ပြည်ထောင်စုသည် ၂၀၁၄ ခုနှစ်က ဆီးရီးယားတွင် ISIS အကြမ်းဖက်အဖွဲ့ကို တိုက်ခိုက်ရာတွင်လည်း ၎င်းတို့၏လုပ်ဆောင်ချက်မှာ ဥပဒေနှင့်ညီညွတ်ကြောင်းသက်သေပြရန် အပိုဒ် ၅၁ ကိုအသုံးပြုခဲ့သည်။
အမေရိကန်ထောက်လှမ်းရေးများ၏ စုံစမ်းတွေ့ရှိမှုများအရ ဆိုလီမာနီသည် အရှေ့အလယ်ပိုင်းဒေသတွင် အမေရိကန်တို့ကို ပစ်မှတ်ထားပြီးတိုက်ခိုက်ရန် ပြင်ဆင်အကွက်ချလျက်ရှိကြောင်းတွေ့ရှိရသဖြင့် သတ်ဖြတ်ရန် ဆုံးဖြတ်လိုက်ရခြင်းဖြစ်ကြောင်း ထရမ့်က ပြောကြားထားသည်။
Related Posts :
အီရန်ဘက်မှ လက်တုံ့ပြန်လာပါက အသင့်တိုက်ခိုက်ရန် ပစ်မှတ် ၅၂ နေရာ ရွေးထားကြောင်း ထရမ့်ပြော
အမေရိကန်လေတပ်စခန်း နှစ်ခုအား အီရန်က ဒုံးကျည်များဖြင့် တိုက်ခိုက်