အမေရိကန်နှင့် တရုတ်အကြား ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်သင့်ဟု တရုတ်ထိပ်တန်းသံတမန် ပြောကြား

ကွန်မြူနစ်ပါတီက တရားဝင်ထုတ်ဝေသည့် စာစောင်၌ ဝမ်ယီရေးသားထားသည့် ဆောင်းပါးတစ်ပုဒ်တွင် ယခုကဲ့သို့ ပြောကြားထားခြင်း ဖြစ်သည်။

By Admin 01 Jan 2023

အမေရိကန်နှင့် တရုတ်အကြား ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်သင့်ဟု တရုတ်ထိပ်တန်းသံတမန် ပြောကြား

ဓာတ်ပုံ - Reuters

DMG ၊ ဇန်နဝါရီ ၁

အမေရိကန်နှင့်တရုတ်တို့သည် ထိပ်တိုက်ရင်ဆိုင်ခြင်းမျိုးအစား ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်ရမည် ဖြစ်သလို စစ်အေးတိုက်ပွဲကာလတွင် ပြုလုပ်ခဲ့သည့်အမှားမျိုးကို ရှောင်ကြဉ်ရမည်ဟု တရုတ်ထိပ်တန်းသံတမန် ဝမ်ယီက ဇန်နဝါရီလ ၁ ရက်နေ့တွင် ပြောကြားလိုက်သည်။

ကွန်မြူနစ်ပါတီက တရားဝင်ထုတ်ဝေသည့် စာစောင်၌ ဝမ်ယီရေးသားထားသည့် ဆောင်းပါးတစ်ပုဒ်တွင် ယခုကဲ့သို့ ပြောကြားထားခြင်း ဖြစ်သည်။

“ပြီးခဲ့တဲ့နှစ်အတွင်းမှာ တရုတ်နဲ့အမေရိကန် နိုင်ငံကြီးနှစ်ခုအကြား ဆက်ဆံရေးအဆင်ပြေဖို့အတွက် ကျွန်တော်တို့ဟာ မှန်ကန်တဲ့နည်းလမ်းကို ရှာဖွေခဲ့ကြပါတယ်”ဟု ဝမ်ယီက ရေးသားထားသည်။

“နှစ်နိုင်ငံအနေနဲ့ အပြန်အလှန် လေးစားမှု၊ ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်မှုတို့အတွက် နည်းလမ်းတစ်ရပ် လိုက်နာသင့်ပါတယ်။ တရုတ်-အမေရိကန် ဆက်ဆံရေးကို ကောင်းမွန်တည်ငြိမ်တဲ့ လမ်းကြောင်းပေါ် ပြန်တင်ရပါမယ်” ဟု ဝမ်ယီကပြောသည်။

ယခင်နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဝမ်ယီ၏ ရာထူးကို အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ် ကျင်ခန်းက ပြီးခဲ့သည့် သောကြာနေ့တွင် ဆက်ခံခဲ့သည်။ ဝမ်ယီသည် ကွန်မြူနစ်ပါတီ၏ မူဝါဒများချမှတ်ရာ ပေါ်လစ်ဗျူရိုတွင် ဆက်ရှိနေပြီး နိုင်ငံခြားရေးမူဝါဒ ပေါ်တွင်လည်း လွှမ်းမိုးမှုများ ရှိနေဦးမည်ဟု ယူဆရသည်။

နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဝမ်ယီထမ်းဆောင်ခဲ့စဉ်အတွင်း ဘေဂျင်းနှင့် ဝါရှင်တန်ကြားတွင် ကုန်သွယ်ရေးမှသည် ထိုင်ဝမ်အရေးအထိ တင်းမာမှုများ သိသိသာသာ မြင့်တက်သည့်ကာလများကို ရင်ဆိုင်ခဲ့ရသည်။

ဗီဒီယိုများ