- ရခိုင်တွင် အဓမ္မပြုကျင့်ရန်ကြိုးပမ်းမှုတွင် အာမခံဖြင့်လွတ်နေသူကို ပြန်ဖမ်း၊ အာမခံပေးခဲ့သည့် တရားသူကြီး စစ်ဆေးခံရ
- စစ်ကောင်စီပေးသည့် ဂုဏ်ထူးဆောင်ဘွဲ့နှစ်ခုထိ ALP ခေါင်းဆောင် ဒေါ်စောမြရာဇာလင်း ရရှိထား
- အင်ဒိုနီးရှားမှာ ကူးတို့သင်္ဘော တိမ်းမှောက်မှုကြောင့် ၄ ဦးသေပြီး ၃၀ ခန့် ပျောက်ဆုံးနေ
- ICG သတိပေးပြီးနောက် ရခိုင်နယ်စပ်တွင် ARSA တိုက်ပွဲပြန်ဖော်လာ
- မြန်မာနိုင်ငံသားများကို လူသားချင်းစာနာလျက် ဆက်လက်စောင့်ရှောက်ပေးရန် ထိုင်းကို NUG မေတ္တာရပ်ခံ
အာဖဂန်တွင် အိုင်အက်စ်တိုက်ခိုက်မှုတစ်ခုအတွင်း တာလီဘန်အကြီးတန်း တပ်မှူးတစ်ဦး သေဆုံး
အာဖဂန်နစ္စတန်နိုင်ငံတွင် အင်္ဂါနေ့က အိုင်အက်စ်တိုက်ခိုက်မှုတစ်ခုကို ရင်ဆိုင်ရန် သွားရောက်ခဲ့သည့် တာလီဘန်တပ်မှူးတစ်ဦး သေဆုံးသွားကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
05 Nov 2021

DMG ၊ နိုဝင်ဘာ ၅
အာဖဂန်နစ္စတန်နိုင်ငံတွင် အင်္ဂါနေ့က အိုင်အက်စ်တိုက်ခိုက်မှုတစ်ခုကို ရင်ဆိုင်ရန် သွားရောက်ခဲ့သည့် တာလီဘန်တပ်မှူးတစ်ဦး သေဆုံးသွားကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ကာဘူးလ်မြို့ ဗဟိုစစ်ဆေးရုံအား အင်္ဂါနေ့တွင် အိုင်အက်စ်အသေခံဗုံးခွဲသမားတစ်ဦးနှင့် သေနတ်သမားများ တိုက်ခိုက်ခဲ့မှုကြောင့် သေဆုံးသူ ၁၉ ဦးထက်မနည်း ရှိခဲ့သည်။ ဆေးရုံဝင်ပေါက်အနီးတွင် အိုင်အက်စ်ဗုံးခွဲသမားက ကိုယ့်ကိုယ်ကိုယ် အသေခံဗုံးခွဲပြီးနောက် သေနတ်ကိုင်ဆောင်ထားသူများက ဆေးရုံဝင်းထဲသို့ ဝင်ရောက်ကာ ပစ်ခတ်ခဲ့ကြခြင်း ဖြစ်သည်။
သေဆုံးသွားသူ တာလီဘန်တပ်မှူး ဟာမ္မဒူလာမော့ခ်လစ်သည် တိုက်ခိုက်မှုကို သွားရောက်ရင်ဆိုင်စဉ် သေဆုံးသွားခြင်း ဖြစ်ကြောင်း အာဖဂန်အရာရှိများက ဗုဒ္ဓဟူးနေ့တွင် ပြောကြားသည်။
ဟာမ္မဒူလာမော့ခ်လစ်သည် ဟာကာနီကွန်ရက်၏ အမာခံအဖွဲ့ဝင်တစ်ဦး ဖြစ်သလို ဘာဒီ အထူးတိုက်ခိုက်ရေးတပ်၏ အရာရှိတစ်ဦးလည်း ဖြစ်သည်။ အာဖဂန်နစ္စတန်နိုင်ငံ ကာဘူးလ်ကို တာလီဘန်တို့ သိမ်းပိုက်ပြီးနောက် သေဆုံးသူများအနက် ရာထူးအမြင့်ဆုံးဖြစ်သည်။
အင်္ဂါနေ့က တိုက်ခိုက်ခံရသော ဆေးရုံသည် တာလီဘန် တိုက်ခိုက်ရေးသမားများနှင့် ယခင် အာဖဂန်အစိုးရ လုံခြုံရေး တပ်ဖွဲ့ဝင်များအား ဆေးကုသပေးသော နေရာဖြစ်သည်။ ဤဆေးရုံသည် ၂၀၁၇ ခုနှစ်ကလည်း တစ်ကြိမ် တိုက်ခိုက်ခံခဲ့ရပြီး ထိုစဉ်က လူ ၃၀ ထက်မနည်း သေဆုံးခဲ့သည်။
တာဘီဘန်တို့သည် အာဖဂန်ကို သိမ်းပိုက်ထားသော အမေရိကန်တို့အား နှစ်ပေါင်း ၂၀ ကြာ ရင်ဆိုင် တိုက်ခိုက်ခဲ့ကြသည်။ လက်ရှိအချိန်၌ တာလီဘန်တို့ အဖဂန်နစ္စတန်ကို သိမ်းပိုက်နိုင်ပြီဖြစ်သော်လည်း နိုင်ငံကို တည်ငြိမ်အောင် ထိန်းချုပ်ရန် ရုန်းကန်နေရဆဲ ဖြစ်သည်။