- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
- ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ ပါဝင်ပတ်သက်နေသည့် အိုင်အက်စ်အစွန်းရောက်အဖွဲ့ ကွန်ရက် မလေးရှား ဖြိုခွင်း
- ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရန် နှစ်ဘက်သဘောတူ
- မိုးတွင်းကာလ မိုင်းနှင့် စစ်ကျန်လက်နက်များ နေရာရွှေ့တတ်သဖြင့် အသွားအလာ သတိထားရန်လို
- မြောက်ဦးက ကျေးရွာအချို့မှာ ရာသီတုပ်ကွေး အဖြစ်များနေ
ကိုဗစ်ကူးစက်မှုအသစ် ထိုင်းတွင် ၁၅၀၀၊ ဘင်္ဂလားဒေ့ရှ်တွင် ၃ ထောင်၊ အိန္ဒိယတွင် ၃ သိန်း ၈ သောင်း
မြန်မာ့အိမ်နီးချင်း ထိုင်နိုင်ငံ၌ ပြီးခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်ကူးစက်မှု စုစုပေါင်း ၁၅၈၃ ဦး စစ်ဆေးတွေ့ရှိခဲ့ကြောင်း ထိုင်းအာဏာပိုင်များက ဧပြီ ၃၀ ရက်နေ့တွင် ထုတ်ပြန်သည်။
01 May 2021

DMG ၊ မေ ၁
မြန်မာ့အိမ်နီးချင်း ထိုင်နိုင်ငံ၌ ပြီးခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်ကူးစက်မှု စုစုပေါင်း ၁၅၈၃ ဦး စစ်ဆေးတွေ့ရှိခဲ့ကြောင်း ထိုင်းအာဏာပိုင်များက ဧပြီ ၃၀ ရက်နေ့တွင် ထုတ်ပြန်သည်။
၁၅၇၉ ဦးမှာ ပြည်တွင်းမှဖြစ်ပြီး နောက်ထပ်လေးဦးမှာ ပါကစ္စတန်၊ ဂျပန်၊ အိန္ဒိယနှင့် တောင်ဆူဒန်နိုင်ငံများမှ ဖြစ်ကြသည်။
ကိုဗစ်နှင့် ဆက်စပ်ရောဂါကြောင့် သေဆုံးသူမှာ ၁၅ ဦးရှိသဖြင့် ထိုင်းတွင် လက်ရှိအချိန်ထိ ကိုဗစ်ကြောင့် သေဆုံးသူ လူနာစုစုပေါင်း ၂၀၃ ဦး ရှိသွားပြီဖြစ်သည်။
ထိုင်းတွင် ကိုဗစ်ကူးစက်မှု စတင်တွေ့ရှိခဲ့သည့် ပြီးခဲ့သည့်နှစ်မှ ယခုအချိန်ထိ ကူးစက်မှုစုစုပေါင်း ၆ သောင်းခွဲခန့် ရှိနေပြီဖြစ်သည်။
ကမ္ဘာတစ်ဝန်းတွင် ပြီးခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်ကူးစက်မှု စုစုပေါင်း ၉ သိန်းနီးပါးရှိပြီး သေဆုံးသူ ၁ သောင်းခွဲဝန်းကျင် ရှိသည်။
အိန္ဒိယတစ်နိုင်ငံတည်းတွင် ပြီးခဲ့သော ၂၄ နာရီအတွင်း ကူးစက်မှုစုစုပေါင်း ၃ သိန်း ၈ သောင်းခန့်၊ သေဆုံးသူ ၃၅၀၀ ခန့်ရှိသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ပြီးခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်ကူးစက်မှု စုစုပေါင်း ၃ ထောင်ဝန်းကျင်၊ သေဆုံးသူ ရ၇ ဦးရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။