- အသည်းရောင်အသားဝါ ရောဂါကြောင့် စစ်တွေမြို့ခံတစ်ဦး သေဆုံး
- အမ်းတွင် အမျိုးသမီးငယ်တစ်ဦးကို ဖခင်က ၆ နှစ်ကြာ အဓမ္မပြုကျင့်မှု ရှိခဲ့
- တိုက်ပွဲများကြောင့် မောင်တောဒေသခံများ စိုးရိမ်နေကြ
- ရခိုင်သည် စစ်ကောင်စီကို ဖြစ်စေ၊ ဘေဂျင်းကိုဖြစ်စေ ဦးညွတ်မည်မဟုတ်
- အာရက္ခဒေသက တစ်ပတ်အတွင်း ထူးခြားချက် (စက်တင်ဘာ ၁ မှ ၇ ရက်နေ့အထိ)
၂၀၁၆ က အီရတ်တွင် လူ ၃၂၀ ကျော် သေဆုံးစေခဲ့သည့် အကြမ်းဖက်မှု ကျူးလွန်သူဟု သံသယရှိသူကို ဖမ်းမိ
အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တွင် ၂၀၁၆ ခုနှစ်က လူအယောက် ၃၂၀ ကျော် သေဆုံးမှုနောက်ကွယ်မှ သံသယရှိသူတစ်ဦးအား ဖမ်းမိထားကြောင်း အီရတ်ဝန်ကြီးချုပ်က ပြောကြားလိုက်သည်။
22 Oct 2021

DMG ၊ အောက်တိုဘာ ၂၂
အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တွင် ၂၀၁၆ ခုနှစ်က လူအယောက် ၃၂၀ ကျော် သေဆုံးမှုနောက်ကွယ်မှ သံသယရှိသူတစ်ဦးအား ဖမ်းမိထားကြောင်း အီရတ်ဝန်ကြီးချုပ်က ပြောကြားလိုက်သည်။
“ကာရာဒါ အကြမ်းဖက်ဖောက်ခွဲမှု အပြီး ငါးနှစ်အကြာမှာ ကျွန်တော်တို့ရဲ့ ရဲရင့်တဲ့ တပ်ဖွဲ့ဝင်တွေဟာ အကြမ်းဖက်သမား ဂါဇဝန်အာလ်ဇော်ဘီကို အောင်မြင်စွာ ဖမ်းမိခဲ့ပါပြီ။ သူ့ကို နိုင်ငံပြင်ပမှာ ခက်ခဲရှုပ်ထွေးတဲ့ ထောက်လှမ်းရေးစီမံကိန်း တစ်ခုနဲ့ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်” ဟု အီရတ်ဝန်ကြီးချုပ် မူစတာဖာ အာလ်ကာဒီမီက တွစ်တာတွင် ပြောကြားသည်။
“ကာရာဒါမှာ ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုနဲ့ အခြားဖြစ်စဉ် အများအပြားမှာ သူဟာ နောက်ကွယ်က အဓိကကြိုးကိုင်ခဲ့သူ ဖြစ်ပါတယ်” ဟု သူက ပြောသည်။
ပြည်ပစစ်ဆင်ရေး တစ်ခုအတွင်း အိုင်အက်စ်အဖွဲ့၏ ဘဏ္ဍာရေးအကြီးအကဲဟု သံသယရှိသူတစ်ဦးအား ဖမ်းဆီးမိပြီး တစ်ပတ်အကြာတွင် အာလ်ဇော်ဘီကို ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း အေအက်ဖ်ပီသတင်း တစ်ရပ်တွင် ဖော်ပြထားသည်။
၂၀၁၆ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့က ဖြစ်ပွားခဲ့သည့် ကားဗုံး ဖောက်ခွဲမှုအတွင်း လူ ၃၂၃ ဦး အနည်းဆုံး သေဆုံးခဲ့သည်။
နောက်ပိုင်းတွင် အိုင်အက်စ်အဖွဲ့က မိမိတို့လက်ချက်ဖြစ်ကြောင်း ထုတ်ဖော်ကြေညာခဲ့သည်။ ဤတိုက်ခိုက်မှုသည် ကမ္ဘာတွင် စက်တင်ဘာ ၁၁ (9/11) ဖြစ်စဉ်အပြီး ဒုတိယ အသေအပျောက်အများဆုံး အကြမ်းဖက်မှု ဖြစ်သည်။
အိုင်အက်စ်အဖွဲ့ခေါင်းဆောင် အဘူဘာကာအာလ်ဘာဒါဒီသည် ၂၀၁၉ ခုနှစ် အောက်တိုဘာလက အမေရိကန်အထူးတပ်ဖွဲ့ဝင်များ၏ စစ်ဆင်ရေးတစ်ခုအတွင်း သေဆုံးခဲ့သည်။
အိုင်အက်စ်အဖွဲ့သည် ဘဏ္ဍာရေးစီမံကိန်းများကို ချဲ့ထွင်လျှက်ရှိပြီး အီရတ်တွင် ရှိသည့် အဖွဲ့၏ စစ်ဆင်ရေးများသည် ဒေသခံများအပေါ် အဓိက မှီတည်ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း အမေရိကန်ဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့မှ အမည်မဖော်လိုသည့် အရာရှိတစ်ဦးက ပြောကြားကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။