- မိုးတွင်းကာလ မိုင်းနှင့် စစ်ကျန်လက်နက်များ နေရာရွှေ့တတ်သဖြင့် အသွားအလာ သတိထားရန်လို
- မြောက်ဦးက ကျေးရွာအချို့မှာ ရာသီတုပ်ကွေး အဖြစ်များနေ
- "ရခိုင်ပြည်တည်ဆောက်ရေးမှာ အမျိုးသမီးတွေရဲ့ ဦးဆောင်မှုကဏ္ဍကို မြင့်တင်ဖို့လိုအပ်" Vox Pop
- ရခိုင်တွင် အဓမ္မပြုကျင့်ရန်ကြိုးပမ်းမှုတွင် အာမခံဖြင့်လွတ်နေသူကို ပြန်ဖမ်း၊ အာမခံပေးခဲ့သည့် တရားသူကြီး စစ်ဆေးခံရ
- စစ်ကောင်စီပေးသည့် ဂုဏ်ထူးဆောင်ဘွဲ့နှစ်ခုထိ ALP ခေါင်းဆောင် ဒေါ်စောမြရာဇာလင်း ရရှိထား
ဘိုင်ဒန်နှင့် ရှီကျင့်ဖျင် တယ်လီဖုန်း ဆက်သွယ်ဆွေးနွေး
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် စက်တင်ဘာလ ၉ ရက်၊ ကြာသပတေးနေ့က တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
11 Sep 2021

DMG ၊ စက်တင်ဘာ ၁၁
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် စက်တင်ဘာလ ၉ ရက်၊ ကြာသပတေးနေ့က တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ခေါင်းဆောင်နှစ်ဦးအကြား ဆက်သွယ်မှုသည် မိနစ် ၉၀ ကြာမြင့်ခဲ့သည်။
အဆိုပါ ဆွေးနွေးမှုအတွင်း နှစ်နိုင်ငံအကြား ယှဉ်ပြိုင်မှုကို ပဋိပက္ခအသွင် ပြောင်းမသွားစေရေးအတွက် နှစ်ဘက်လုံးက အာမခံ ပြောကြားခဲ့ကြကြောင်း အိမ်ဖြူတော်က ပြောကြားသည်။
တယ်လီဖုန်း ပြောကြားမှုအတွင်း အမေရိကန်အနေဖြင့် နှစ်နိုင်ငံအကြား ယှဉ်ပြိုင်မှုအဖြစ်သာ ရှိစေလိုပြီး အနာဂတ်တွင် မရည်ရွယ်ဘဲ ဖြစ်ပွားရသည့် ပဋိပက္ခများအတွင်း အမေရိကန်က ပါဝင်ပတ်သက်မည့် အနေအထားမျိုး မရှိကြောင်း သမ္မတဘိုင်ဒန်ဘက်က သတင်းစကား ပြောကြားခဲ့သည်ဟု အကြီးတန်း အုပ်ချုပ်ရေးအရာရှိတစ်ဦးက သတင်းထောက်များကို ပြောသည်။
တရုတ်အစိုးရပိုင် CCTV သတင်းဌာနကလည်း တယ်လီဖုန်း ဆက်သွယ်ပြောကြားမှုသည် ‘ပွင့်ပွင့်လင်းလင်းနှင့် အသေးစိတ်’ ဖြစ်ခဲ့သလို ‘မဟာဗျူဟာကျကျ ဆက်ဆံရေးနှင့် တရုတ်-အမေရိကန်အပြည်အလှန် ဆက်ဆံရေးနှင့် ပတ်သက်၍ အပြန်အလှန် သဘောထားဖလှယ်ရေး၊ နှစ်ဘက်အကြား စိုးရိမ်ပူပန်နေရသည့် အကြောင်းအရာများ’ ကို ထည့်သွင်းဆွေးနွေးခဲ့ကြသည်ဟု ဖော်ပြသည်။ တရုတ်အပေါ် ထားရှိသည့် အမေရိကန်၏ မူဝါဒသည် တရုတ်ကို အကြီးအကျယ် အခက်ကြုံစေခဲ့သည်ဟုလည်း ဖော်ပြခဲ့သည်။
ရှီကျင့်ဖျင်နှင့် ဘိုင်ဒန်တို့သည့် ဘိုင်ဒန်သမ္မတဖြစ်ပြီးပြီးချင်းက ပထမဆုံးအကြိမ်အဖြစ် တယ်လီဖုန်း ဆက်သွယ် ပြောကြားခဲ့ဖူးပြီး ထိုစဉ်ကလည်း ၂ နာရီခန့်ကြာ ပြောဆိုဆွေးနွေးခဲ့ကြသည်။