ဗြိတိန်ဝန်ကြီးချုပ်သစ်နေရာအတွက် လစ်ဇ်ထရပ်ကို ရွေးချယ်

ဗြိတိန်ဝန်ကြီးချုပ်သစ်နှင့် ကွန်ဆာဗေးတစ်ပါတီဥက္ကဋ္ဌအဖြစ် လစ်ဇ်ထရပ်ကို ရွေးချယ်လိုက်ပြီဖြစ်ကာ စက်တင်ဘာလ ၆ ရက်နေ့တွင် ဝန်ကြီးချုပ်သစ်အဖြစ် စတင်တာဝန်ထမ်းဆောင်တော့မည်ဖြစ်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

06 Sep 2022

ဓာတျပုံ - AP

DMG ၊ စက်တင်ဘာ ၆

ဗြိတိန်ဝန်ကြီးချုပ်သစ်နှင့် ကွန်ဆာဗေးတစ်ပါတီဥက္ကဋ္ဌအဖြစ် လစ်ဇ်ထရပ်ကို ရွေးချယ်လိုက်ပြီဖြစ်ကာ စက်တင်ဘာလ ၆ ရက်နေ့တွင် ဝန်ကြီးချုပ်သစ်အဖြစ် စတင်တာဝန်ထမ်းဆောင်တော့မည်ဖြစ်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

လစ်ဇ်ထရပ်သည် အသက် ၄၇ နှစ်ရှိပြီဖြစ်ကာ လက်ရှိ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။

အသင်းဝင်ကြေးပေးသူများသာ မဲပေးခွင့်ရှိသည့် ကွန်ဆာဗေးတစ်ပါတီဝင်များ၏ ရွေးချယ်မှုတွင် သူမသည် ပြိုင်ဘက် ဘဏ္ဍာရေးဝန်ကြီး ရာရှိဆူနပ်ကို အနိုင်ရရှိခဲ့သည်။ ထရပ်ရသည့် မဲအရေအတွက်မှာ ၈ သောင်းကျော်ပြီး ဆူနပ်ရသည့် မဲအရေအတွက်မှာ ၆ သောင်းကျော်ရှိခဲ့သည်။

အင်္ဂါနေ့၌ အဲလစ်ဇဘက်ဘရင်မကြီးသည် လစ်ဇ်ထရပ်အား ဗြိတိန်နိုင်ငံ၏ ဝန်ကြီးချုပ်သစ်အဖြစ် တရားဝင်အသိအမှတ်ပြု ခန့်အပ်မည်ဖြစ်သည်။

န်ကြီးချုပ်ဂျွန်ဆင်သည် ရာထူးမှနုတ်ထွက်ပေးမည်ဟု ဇူလိုင်လ ၇ ရက်နေ့တွင် ကြေညာခဲ့သည်။ ထိုအချိန်မှစတင်၍ အရေးပါသည့် မူဝါဒသစ်များမချမှတ်ဘဲ ထားခဲ့သည်။

ဗြိတိန်တွင် စွမ်းအင်နှင့် အစားအစာဈေးနှုန်းများ မတန်တဆမြင့်တက်လာမှုနှင့်အတူ လူထု၏ မကျေနပ်ချက်များ ပိုများလာနေချိန်၌ ခေါင်းဆောင်အသစ်ရွေးချယ်မှုမှာ ၂ လခန့်အထိ ကြာမြင့်ခဲ့သည်။

လတ်တလောတွင် ဗြိတိန်၌ အလုပ်သမားသောင်းနှင့်ချီ ဆန္ဒဖော်ထုတ်လျက်ရှိပြီး မြင့်တက်လာသောဈေးနှုန်းများကို ကာမိအောင် လစာတိုးပေးရန် တောင်းဆိုလျက်ရှိသည်။

ဗီဒီယိုများ