- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
- ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ ပါဝင်ပတ်သက်နေသည့် အိုင်အက်စ်အစွန်းရောက်အဖွဲ့ ကွန်ရက် မလေးရှား ဖြိုခွင်း
- ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရန် နှစ်ဘက်သဘောတူ
- မိုးတွင်းကာလ မိုင်းနှင့် စစ်ကျန်လက်နက်များ နေရာရွှေ့တတ်သဖြင့် အသွားအလာ သတိထားရန်လို
- မြောက်ဦးက ကျေးရွာအချို့မှာ ရာသီတုပ်ကွေး အဖြစ်များနေ
မြန်မာ့အရေး အာဆီယံခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးမည်ဟု ဘရူနိုင်း ဆို
မြန်မာနိုင်ငံ၌ လက်ရှိဖြစ်ပေါ်နေသည့် အပြောင်းအလဲများနှင့် ပတ်သက်၍ ဂျာကာတာတွင် အစည်းအရေးတစ်ရပ် ကျင်းပရန် တောင်ဆိုထားကြောင်း အာဆီယံဥက္ကဌ ဘရူနိုင်းနိုင်ငံ၏ဘုရင် ဆူလ်တန် ဟာဆာနယ်ဘိုကီးယားက တနင်္လာနေ့တွင် ပြောကြားလိုက်သည်။
06 Apr 2021

DMG ၊ ဧပြီ ၆
မြန်မာနိုင်ငံ၌ လက်ရှိဖြစ်ပေါ်နေသည့် အပြောင်းအလဲများနှင့် ပတ်သက်၍ ဂျာကာတာတွင် အစည်းအရေးတစ်ရပ် ကျင်းပရန် တောင်ဆိုထားကြောင်း အာဆီယံဥက္ကဌ ဘရူနိုင်းနိုင်ငံ၏ဘုရင် ဆူလ်တန် ဟာဆာနယ်ဘိုကီးယားက တနင်္လာနေ့တွင် ပြောကြားလိုက်သည်။
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ရှိ အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်ရုံး၌ ကျင်းပမည့် အစည်းအဝေးအတွက် လိုအပ်သော ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန် နှစ်နိုင်ငံဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိများအား ညွှန်ကြားထားကြောင်း မလေးရှားနိုင်ငံနှင့် ပူးတွဲထုတ်ပြန်ချက်၌ ထည့်သွင်းဖော်ပြထားသည်။ သို့သော်လည်း အစည်းအဝေးအား မည်သည့်အချိန်တွင် ကျင်းပမည်ကိုမူ ပြောကြားခြင်းမရှိပေ။
အာဆီယံသည် အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေး မူဝါဒ ရှိထားသော်လည်း အာဆီယံနိုင်ငံများအနက် အင်ဒိုနီးရှားသည် မြန်မာ့အရေးအတွက် ဦးစီးဦးဆောင် စီစဉ်နေသူ ဖြစ်ပြီး နှစ်ဘက် ဆွေးနွေးညှိနှိုင်းပြီး အဖြေရှာကြရန် တိုက်တွန်းလျက်ရှိသည်။
မလေးရှားဝန်ကြီးချုပ် မူဟီဒင်းယာဆင်နှင့် ဘရူနိုင်းဘုရင်တို့ တနင်္လာနေ့တွင် တွေ့ဆုံပြီးနောက် ယခုကြေညာချက်အား ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။