- ရခိုင်နှင့်အစပ် တိုင်း ၃ ခုတွင် စစ်ကောင်စီ အင်အားအလုံးအရင်းနှင့် ထိုးစစ်အရှိန်မြှင့်နေ
- သမ္မတထရမ့်၏ အနီးကပ်မဟာမိတ် ချာလီကာ့ခ် ပစ်သတ်ခံရ
- ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၈ ဦးပါ ငါးဖမ်းစက်လှေ တစ်စီးကို AA ဖမ်းဆီး
- ကျောက်တော်၊ ဇီးချောင်းတောင်တန်းကို စစ်ကောင်စီ ဗုံးကြဲ
- ကျောက်ဖြူတွင် လှောင်ပိတ်ခံနေရသည့် ရခိုင်ခရီးသည်များ အကျပ်အတည်းများစွာ ရင်ဆိုင်နေရ
၁၈ လကြာထောင်ကျနေသည့် ဘရာဇီးလ်သမ္မတဟောင်းကို တရားရုံးက ပြန်လွှတ်ပေး
အကျင့်ပျက်ခြစားမှုဖြင့် စွပ်စွဲရုံးတင်ခဲ့ရပြီး အကျဉ်းထောင်ထဲမှာ အချုပ်ခံထားရတဲ့ ဘရာဇီးလ်သမ္မတဟောင်း လူလာဒါဆေးဗားကို တရားရုံးက ပြန်လွှတ်ပေးဖို့ ဆုံးဖြတ်လိုက်တာကြောင့် ပြန်လည်လွတ်မြောက်လာခဲ့ပြီ ဖြစ်သည်။
10 Nov 2019

ဆာအိုပိုလို၊ နိုဝင်ဘာ ၉
အကျင့်ပျက်ခြစားမှုဖြင့် စွပ်စွဲရုံးတင်ခဲ့ရပြီး အကျဉ်းထောင်ထဲမှာ အချုပ်ခံထားရတဲ့ ဘရာဇီးလ်သမ္မတဟောင်း လူလာဒါဆေးဗားကို တရားရုံးက ပြန်လွှတ်ပေးဖို့ ဆုံးဖြတ်လိုက်တာကြောင့် ပြန်လည်လွတ်မြောက်လာခဲ့ပြီ ဖြစ်သည်။
အယူခံဝင်ခွင့်မရှိသည့် အချိန်မှသာ အဆိုပါအမှုမျိုးကို အကျဉ်းထောင်သို့ ပို့ရမည်ဟု တရားရုံးချုပ်က ဆုံးဖြတ်လိုက်ပြီးနောက်တွင် သမ္မတဟောင်း ဒါဆေးဗား ပြန်လွတ်လာခြင်းဖြစ်သည်။
သမ္မတဟောင်း ဒါဆေးဗား သည် ဘရာဇီးလ်တွင် ထိပ်တန်းလက်ဝဲယိမ်း နိုင်ငံရေးသမားတစ်ဦးဖြစ်ကာ၊ ပြီးခဲ့သည့် သမ္မတရွေးကောက်ပွဲတွင် အနိုင်ရနိုင်မည့်ပုဂ္ဂိုလ်ဟု ရေပန်းစားခဲ့သည်။
လူလာ ဟု ထောက်ခံသူများက ချစ်စနိုးခေါ်ကြသော သမ္မတဟောင်းသည် အကျဉ်းထောင်ထဲက ထွက်လာစဉ် ထောက်ခံသူ လူအုပ်ကြီးကို လက်ခံတွေ့ဆုံခဲ့သည်။
အကျင့်ပျက်ခြစားမှုဖြင့် စွပ်စွဲခံရပြီးနောက် ဘရာဇီးလ်သမ္မတဟောင်းသည် ဂူရီတီဘာမြို့ အကျဉ်းထောင်တွင် အဖမ်းခံထားရခြင်း ဖြစ်သည်။
အသက် ၇၄ နှစ်အရွယ် ဘရာဇီးသမ္မတဟောင်းသည် ၂၀၀၃ ခုနှစ်မှ ၂၀၁၀ အထိ သမ္မတတာဝန်ယူခဲ့ပြီး နောက်ပိုင်းအဖမ်းခံရခြင်း ဖြစ်သည်။
အပြစ်ကင်းရှင်းကြောင်းကို ရုံးတော်တွင် သက်သေပြမည်ဟု ကတိပြုခဲ့ပြီး တရားရေးသည် လက်ဝဲခေါင်းဆောင်များကို ရာဇဝတ်မှုကျူးလွန်သူများ ဖြစ်အောင် လုပ်နေသည်ဟု ဆိုသည်။
ပြီးခဲ့သည့် ဘရာဇီးလ်သမ္မတရွေးကောက်ပွဲတွင် အမျိုးသားရေးဝါဒီ ဂျာရာ ဘော်ဆိုနာရို အနိုင်ရရှိသွားခဲ့သည်။
သမ္မတဟောင်း ဒါဆေးဗား သည် လက်ရှိသမ္မတဘော်ဆိုနာရို ၏ စီးပွါးရေးမူဝါဒများကို ဝေဖန်ခဲ့ပြီး ၊ ဆင်းရဲသား ဘရာဇီးသားများအတွက် ကြိုးစားမည်ဟု ဆိုထားသည်။
ဘရာဇီး ဥပဒေအရ သမ္မတဟောင်းလူလာသည် ရာဇဝတ်ပြစ်မှုမှတ်တမ်း ရှိနေသဖြင့် သမ္မတရွေးကောက်ပွဲဝင်ရန် အတားအဆီးဖြစ်နေသည်။