- ရခိုင်ပြည်ကို ချောက်ထဲသို့ တွန်းပို့မည့် ဘင်္ဂလားဒေ့ရှ်၏ ကစားကွက်
- စာသင်ကျောင်း ဗုံးကြဲခံရပြီးနောက် လေးမျက်နှာ ဒေသခံ ၁၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီး
- မန္တလေး-ကျောက်ဖြူ ရထားလမ်းနှင့် ရေနက်ဆိပ်ကမ်းများကို အကောင်အထည်ဖော်နေကြောင်း စစ်ခေါင်းဆောင် ပြော
- လမ်းမကြီးပေါ်တွင် ကျွဲ၊ နွားတိရစ္ဆာန်များ လွှတ်ကျောင်းခြင်း လုံးဝ မပြုရန် ULA/AA ဒေသန္တရ အမိန့်ထုတ်
- ရခိုင်သို့ပို့မည့် ပဲအိတ် ၆၀၀ ကျော်နှင့် ကုန်စည်အများအပြား ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
တရုတ်မှာ နေ့စဉ်ကိုဗစ်ကူးစက်မှု ၇ သန်းနှင့် သေဆုံးသူ ၄ ထောင်ကျော်အထိ မြင့်တက်ခဲ့
နေ့စဉ်သေဆုံးသူ အရေအတွက်သည်လည်း ဇန်နဝါရီလ ၄ ရက်နေ့တွင် ၄ ထောင်ကျော်အထိ မြင့်တက်ခဲ့ကြောင်း CDCP ၏ ထုတ်ပြန်ချက်အရ သိရသည်။
26 Jan 2023
ဓာတ်ပုံ - The New York Times
တရုတ်ပြည်တွင် နေ့စဉ် ကိုဗစ် အသစ်ကူးစက်မှုသည် ဒီဇင်ဘာလ ၂၂ ရက်နေ့ ဝန်းကျင်က ၇ သန်းခန့်အထိ ရှိခဲ့ကြောင်း ဗဟိုရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေး ဌာန (CDCP) က ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။
နေ့စဉ်သေဆုံးသူ အရေအတွက်သည်လည်း ဇန်နဝါရီလ ၄ ရက်နေ့တွင် ၄ ထောင်ကျော်အထိ မြင့်တက်ခဲ့ကြောင်း CDCP ၏ ထုတ်ပြန်ချက်အရ သိရသည်။
၁.၄ ဘီလျံရှိသည့် တရုတ်ပြည်လူဦးရေ၏ ၈၀ ရာခိုင်နှုန်းခန့်သည် ကိုဗစ်ကူးစက်ခံထားရပြီး ဖြစ်ကြောင်း ပြီးခဲ့သောရက်ပိုင်းက အစိုးရဝန်ထမ်း ပညာရှင်တစ်ဦးက ထုတ်ဖော်ပြောကြားခဲ့ပြီးနောက်တွင် CDCP ၏ ဝက်ဘ်ဆိုက်၌ ယခုကဲ့သို့ အချက်အလက်များ ထုတ်ပြန်လာခြင်း ဖြစ်သည်။
“နေ့စဉ်ကူးစက်မှုအသစ်သည် ၇ သန်းအထိ မြင့်တက်ခဲ့ကာ ပြင်ပလူနာဌာနတွင် အဖျားရောဂါ လာရောက်ကုသသူ အရေအတွက်သည် နေ့စဉ် ၂.၈ သန်းခန့်အထိ ရှိခဲ့သည်” ဟု CDCP ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
တရုတ်အစိုးရက ၎င်းကျင့်သုံးနေသည့် ကိုဗစ်သုည မူဝါဒကို လုံးလုံးလျားလျား ရုပ်သိမ်းလိုက်ပြီးနောက်တွင် ကူးစက်မှုများသည် တစ်လအတွင်း တဟုန်ထိုး မြင့်တက်လာခဲ့သည်။ ဇန်နဝါရီလ ၁၂ ရက်နေ့အထိ ဆေးရုံများတွင် ကိုဗစ်ကြောင့် သေဆုံးသူအရေအတွက်သည် ၆ သောင်းနီးပါးရှိကြောင်း အစိုးရက ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။
သို့သော်လည်း အဆိုပါသေဆုံးမှုများတွင် နေအိမ်များ၌ သေဆုံးသူများကို ထည့်တွက်ထားခြင်း မရှိသဖြင့် အမှန်တကယ် သေဆုံးသူ အရေအတွက်မှာ အဆပေါင်းများစွာ ပိုနိုင်ကြောင်း ပညာရှင်အချို့က ယူဆကြသည်။