- ရခိုင်ပြည်ကို ချောက်ထဲသို့ တွန်းပို့မည့် ဘင်္ဂလားဒေ့ရှ်၏ ကစားကွက်
- စာသင်ကျောင်း ဗုံးကြဲခံရပြီးနောက် လေးမျက်နှာ ဒေသခံ ၁၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီး
- မန္တလေး-ကျောက်ဖြူ ရထားလမ်းနှင့် ရေနက်ဆိပ်ကမ်းများကို အကောင်အထည်ဖော်နေကြောင်း စစ်ခေါင်းဆောင် ပြော
- လမ်းမကြီးပေါ်တွင် ကျွဲ၊ နွားတိရစ္ဆာန်များ လွှတ်ကျောင်းခြင်း လုံးဝ မပြုရန် ULA/AA ဒေသန္တရ အမိန့်ထုတ်
- ရခိုင်သို့ပို့မည့် ပဲအိတ် ၆၀၀ ကျော်နှင့် ကုန်စည်အများအပြား ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
ခိုးယူခံထားရသော ရှေးဟောင်းပစ္စည်း ၃ဝ ကို အမေရိကန်က ကမ္ဘောဒီးယားထံ ပြန်လည်ပေးအပ်
ရှေးခမာမြို့အပါအဝင် ကမ္ဘောဒီးယားနိုင်ငံမှ ခိုးယူ လုယက်ခံထားရပြီး ကမ္ဘာတစ်ဝန်းတွင် ဆယ်စုနှစ်များစွာ တရားမဝင်ကုန်ကူးခံခဲ့ရသော အနုပညာလက်ရာများနှင့် ရှေးဟောင်းပစ္စည်း ၃ဝ ကို အမေရိကန်က ကမ္ဘောဒီးယားနိုင်ငံထံသို့ သြဂုတ် ၈ ရက်တွင် ပြန်လည်လွှဲပြောင်းပေးခဲ့သည်။
11 Aug 2022

DMG ၊ ဩဂုတ် ၁၁
ရှေးခမာမြို့အပါအဝင် ကမ္ဘောဒီးယားနိုင်ငံမှ ခိုးယူ လုယက်ခံထားရပြီး ကမ္ဘာတစ်ဝန်းတွင် ဆယ်စုနှစ်များစွာ တရားမဝင်ကုန်ကူးခံခဲ့ရသော အနုပညာလက်ရာများနှင့် ရှေးဟောင်းပစ္စည်း ၃ဝ ကို အမေရိကန်က ကမ္ဘောဒီးယားနိုင်ငံထံသို့ သြဂုတ် ၈ ရက်တွင် ပြန်လည်လွှဲပြောင်းပေးခဲ့သည်။
ခိုးယူလုယက်ခံခဲ့ရသော ရှေးဟောင်းပစ္စည်းများကို မက်ဟန်တန်ဗဟိုအစိုးရရှေ့နေ ဒေမီယန်ဝီလျံက အမေရိကန်ပြည်ထောင်စုဆိုင်ရာ ကမ္ဘောဒီးယားသံအမတ် ကိုင်ချီထံသို့ သတင်းစာရှင်းလင်းပွဲတွင် တရားဝင်လွှဲပြောင်းပေးအပ်ခဲ့သည်။
“ကမ္ဘောဒီးယားနိုင်ငံရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ကမ္ဘောဒီးယားပြည်သူတွေဆီသို့ ပြန်လည်ပေးအပ်တာကို ဂုဏ်ပြုပြီး အနုပညာနဲ့ ရှေးဟောင်းပစ္စည်းတွေ တရားမဝင် ရောင်းဝယ်ဖောက်ကားမှုကို လျှော့ချဖို့ ကျွန်တော်တို့ရဲ့ ကတိကဝတ်ကို ထပ်လောင်းအတည်ပြုပါတယ်” ဟု ဝီလျံက ပြောကြားသည်။
ရှေးဟောင်းပစ္စည်း ၃ဝ တွင် တစ်ခုမှာ ၁ဝ ရာစု၏ပန်းပုရုပ်တုဖြစ်သည့် ဒေါင်းပေါ်တွင် ထိုင်နေသည့် ဟိန္ဒူနတ်ဘုရား စကန်ဒါရုပ်တု ဖြစ်ပြီး ၁ဝ ရာစု၏ပန်းပုရုပ်တုတစ်ခုဖြစ်သည့် ဟိန္ဒူဘုရား ဂနေးရှားရုပ်တုလည်း ပါဝင်သည်။ ထိုရုပ်တု ၂ ခုလုံးသည် အန်ကောဝပ်၏ ထင်ရှားသော ဘုရားကျောင်းများမှ ကီလိုမီတာ ၈ဝ အကွာတွင်ရှိသည့် ရှေးဟောင်းခမာမြို့တော်နယ်မြေ ကိုခါမှ ခိုးယူခံခဲ့ရကြောင်း မက်ဟန်တန်ဗဟိုအစိုးရရှေ့နေ၏ ရုံးက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကြေးခေတ်မှ ၁၂ ရာစုအထိ သက်တမ်းရှိပြီဖြစ်သော ထိုရှေးဟောင်းပစ္စည်းများသည် ၁၉၇ဝ ပြည့်လွန်နှစ်များတွင် ကမ္ဘောဒီးယားစစ်ပွဲများအတွင်းနှင့် ၁၉၉ဝ ပြည့်လွန်နှစ်များအတွင်း တိုင်းပြည်ပြန်လည်ဖွင့်လှစ်ခဲ့ချိန်တွင် အခြားထောင်ပေါင်းများစွာသော ရှေးဟောင်းပစ္စည်းများနှင့်အတူ ခိုးယူခံခဲ့ရခြင်းဖြစ်သည်။
ရှေးဟောင်းပစ္စည်း စုဆောင်းသူများ၊ စီးပွားရေးသမားများနှင့် အာရှ၊ ဥရောပနှင့် အမေရိကရှိ ပြတိုက်များသို့ တရားမဝင် တင်ပို့ခြင်းမပြုမီကပင် ကမ္ဘောဒီးယားနိုင်ငံမှ ထောင်ပေါင်းများစွာသော ခမာရုပ်တုများနှင့် ပန်းပုရုပ်တုများသည် ဆယ်စုနှစ်များတစ်လျှောက် ဘန်ကောက်မြို့ရှိ ရှေးဟောင်းပစ္စည်းရောင်းဝယ်သူများထံတွင် တရားမဝင် ရောင်းချခံခဲ့ကြရသည်ဟု ဗဟိုအစိုးရရှေ့နေရုံးက ပြောကြားသည်။