- နှစ်ပတ်အတွင်း စစ်ကောင်စီကြောင့် ကလေးငယ် ၃၀ ကျော် သေဆုံး
- AA စစ်ရပ်ထားသည့် စစ်တွေတွင် စစ်ကောင်စီက လက်နက်ကြီး ဆက်တိုက်ပစ်နေ
- ရခိုင်တွင် လေကြောင်း ဗုံးကြဲခံရ၍ နှစ်ရက်အတွင်း ဒေသခံ ၁၅ ဦး သေဆုံး၊ ၃၀ ခန့် ဒဏ်ရာရ
- တရုတ် ဆိုလာအင်ဗာတာများထဲတွင် အမျိုးအမည်မသိ ဆက်သွယ်ရေးစက်များ တွေ့ရှိ
- ရေကြည်နှင့် လေးမျက်နှာတွင် တိုက်ပွဲပြင်းနေ
ကိုဗစ်-၁၉ လူနာများအား ခွေးများဖြင့် အနံ့ခံစစ်ဆေးနိုင်အောင် ချီလီရဲတပ်ဖွဲ့ သင်ကြား
ချီလီတွင် ရဲတပ်ဖွဲ့သည် ခွေးများအား ကိုဗစ်လူနာကို ၎င်းတို့၏ ချွေးမှတစ်ဆင့် အနံ့ခံစစ်ဆေးတတ်အောင် သင်ကြားနေကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
17 Jul 2020
ချီလီတွင် ရဲတပ်ဖွဲ့သည် ခွေးများအား ကိုဗစ်လူနာကို ၎င်းတို့၏ ချွေးမှတစ်ဆင့် အနံ့ခံစစ်ဆေးတတ်အောင် သင်ကြားနေကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
လက်ရှိသင်ကြားပေးနေသော ခွေးလေးကောင်သည် ယခင်က မူးယစ်ဆေးဝါး၊ လက်နက်၊ လူပျောက်မှု စသည်တို့တွင် အနံ့ခံရန် အသုံးပြုခဲ့သော ခွေးများဖြစ်သည်။
ယခုကဲ့သို့ သင်ကြားမှုအား ချီလီနိုင်ငံတော်ရဲတပ်ဖွဲ့၊ ကာရာဘီနဲရိုး လုံခြုံရေးတပ်နှင့် ချီလီတက္ကသိုလ် (Universidad Catolica de Chile) မှ ကျွမ်းကျင်ပညာရှင်များ ပူးပေါင်းဆောင်ရွက်ကြခြင်း ဖြစ်သည်။
ခွေးများသည် လူသားထက် အနံ့ကို အဆ ၅၀ ပိုမို အာရုံခံနိုင်စွမ်းရှိပြီး တစ်နာရီလျှင် လူအယောက် ၂၅၀ အာရုံခံပေးနိုင်သည်။
“ဗိုင်းရပ်စ်မှာတော့ အနံ့မရှိပါဘူး။ ဒါပေမဲ့ ပိုးကူးစက်ခံရရင် လူ့ကိုယ်ခန္ဓာမှာ ဇီဝဖြစ်စဉ်ပြောင်းလဲမှု ရှိတယ်။ ဒါကြောင့် မတူတဲ့ချွေးကို ထုတ်ပေးတယ်။ ကျွန်တော်တို့ရဲ့ ခွေးတွေကို ဒါကို ဖော်ထုတ်မှာပါ။” ဟု Universidad Catolica တက္ကသိုလ်ရှိ တိရစ္ဆာန်ကူးစက်ရောဂါ ပြန့်ပွားမှုကာကွယ်ရေး ဌာန ပါမောက္ခ ဖာနန်ဒိုမာဒိုနက်စ် က အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားသည်။
ဥရောပနှင့် ဒူဘိုင်းတွင် စမ်းသပ်ဆောင်ရွက်ချက်များအရ ဤနည်းလမ်းဖြင့် ကိုဗစ်လူနာရှင်များအား ဖော်ထုတ်ရာတွင် ၉၅ ရာခိုင်နှုန်းအထိ ထိရောက်မှန်ကန်မှုရှိကြောင်း တွေ့ရှိထားသည်။
လက်ရှိ သင်ကြားပေးနေသော ခွေးများအား လာမည့် သြဂုတ်လတွင် စတင်အသုံးပြုနိုင်မည်ဟု ပညာရှင်များက မျှော်လင့်ထားသည်။
၎င်းခွေးများအား သက်ဆိုင်ရာအရာရှိနှင့်အတူ ရထားဘူတာ၊ လေဆိပ်နှင့် ကျန်းမာရေးဌာနများကဲ့သို့ လူထူထပ်သည့်နေရာများတွင် နေရာချထားမည်ဖြစ်သည်။
ချီလီတွင် လက်ရှိအချိန်အထိ ဗိုင်းရပ်စ်ကူးစက်မှုပေါင်း ၃ သိန်းကျော်၊ သေဆုံးသူ ၇ ထောင်ဝန်းကျင်ရှိသည်။
ကမ္ဘာတစ်ဝန်းတွင် ဇူလိုင်လ ၁၆ ရက်နေ့အထိ ဗိုင်းရပ်စ်ကူးစက်မှု စုစုပေါင်း ၁၃ သန်းခွဲ၊ သေဆုံးမှုစုစုပေါင်း ၆ သိန်းနီးပါး ရှိနေပြီဖြစ်သည်။