ကိုဗစ်ကူးစက်မှု မြင့်တက်လာနေသည့် ဘေကျင်းတွင် ခရိုင်အများအပြား၌ စာသင်ကျောင်းများ ပိတ်ထားရ

ဘေကျင်းရှိ ကိုဗစ်ကူးစက်မှု မြင့်တက်လာနေသည့် ခရိုင်အများအပြားတွင် လုပ်ငန်းလည်ပတ်မှုများ ရပ်ဆိုင်းထားရန် အာဏာပိုင်များ ညွှန်ကြားထားသည့်အတွက် စာသင်ကျောင်းများသည် တနင်္လာနေ့တွင် အွန်လိုင်းမှတစ်ဆင့် သင်ကြားမှုများ ပြုလုပ်ခဲ့ရကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By Admin 22 Nov 2022

ကိုဗစ်ကူးစက်မှု မြင့်တက်လာနေသည့် ဘေကျင်းတွင် ခရိုင်အများအပြား၌ စာသင်ကျောင်းများ ပိတ်ထားရ

DMG | နိုဝင်ဘာ ၂၂

ဘေကျင်းရှိ ကိုဗစ်ကူးစက်မှု မြင့်တက်လာနေသည့် ခရိုင်အများအပြားတွင် လုပ်ငန်းလည်ပတ်မှုများ ရပ်ဆိုင်းထားရန် အာဏာပိုင်များ ညွှန်ကြားထားသည့်အတွက် စာသင်ကျောင်းများသည် တနင်္လာနေ့တွင် အွန်လိုင်းမှတစ်ဆင့် သင်ကြားမှုများ ပြုလုပ်ခဲ့ရကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

နိုင်ငံတောင်ပိုင်းရှိ လူဦးရေ ၁၉ သန်းရှိသည့် ကွမ်ကျိုးမြို့တွင် ကူးစက်မှုများ အများဆုံး ရင်ဆိုင်နေရပြီး ဘေယွန်ခရိုင်ကို လော့ဒေါင်း ငါးရက်ချမှတ်ထားရန် အာဏာပိုင်များက ညွှန်ကြားထားသည်။

မြို့တော်၏ အကြီးဆုံး စီးပွားရေးအချက်အချာ ကျန်ဟီခရိုင်တွင်လည်း ဝန်ဆောင်မှုများ၊ နိုက်ကလပ်များနှင့် ကပွဲရုံများကို ပိတ်ရန် ညွှန်ကြားထားသည်။

တရုတ်မြို့ကြီး အများအပြားတွင် ပုံမှန် ကိုဗစ်စစ်ဆေးမှုများကို ပြီးခဲ့သော သီတင်းပတ်မှစတင်၍ ရပ်တန့်ခဲ့သည်။ ယခုကဲ့သို့ ရပ်တန့်မှုသည် မူဝါဒအသစ်တရပ်ကို စတင်စမ်းသပ်မှုကြောင့် ဖြစ်လာသည်ဟု ယူဆပြီး ဒေသခံများအကြားတွင်လည်း စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။

မြို့တော်ဘေကျင်းတွင် ရှေ့တစ်ရက်က ကူးစက်မှု အရေအတွက် ၆၂၁ ဦးအထိ ရှိခဲ့ရာမှ တနလာနေ့တွင် ကူးစက်မှုအသစ် ၉၆၂ ဦးအထိ မြင့်တက်ခဲ့သည်။

တရုတ်ပြည် နေရာအနှံ့အပြားတွင် ကိုဗစ်ကူးစက်မှုများ မြင့်တက်လာနေပြီး နိုဝင်ဘာလ ၂၀ ရက်နေ့၌ ထုတ်ပြန်ချက်အရ ပြည်တွင်းကူးစက်မှုသည် ၂၆၈၂၄ အထိ ရှိခဲ့သည်။ ပြီးခဲ့သော မေလနောက်ပိုင်း၌ ပထမဆုံးအကြိမ်အဖြစ် သေဆုံးသူအရေအတွက်သည် ဘေကျင်းတွင် နှစ်ဦးအထိရှိသည်။

ဗီဒီယိုများ