လွှတ်တော်တွင် တရုတ်သူလျှိုရှိနေသည်ဟု ယူကေအာဏာပိုင်များသံသယရှိ

လွှတ်တော်အတွင်း၌ ''နိုင်ငံရေးဝင်ရောက်စွက်ဖက်သည့် လှုပ်ရှားမှုများတွင် တမင်တကာပါဝင်နေသည့်'' သံသယရှိဖွယ် တရုတ်အေးဂျင့်တစ်ယောက်ရှိနေကြောင်း ဗြိတိန်လုံခြုံရေးအဖွဲ့များက လွှတ်တော်အဖွဲ့ဝင်များအား သတိပေးထားသည်ဟု အာဏာပိုင်များက ကြာသပတေးနေ့တွင် ပြောကြားသည်။

15 Jan 2022

ဓာတ်ပုံ - AFP

လွှတ်တော်အတွင်း၌ ''နိုင်ငံရေးဝင်ရောက်စွက်ဖက်သည့် လှုပ်ရှားမှုများတွင် တမင်တကာပါဝင်နေသည့်'' သံသယရှိဖွယ် တရုတ်အေးဂျင့်တစ်ယောက်ရှိနေကြောင်း ဗြိတိန်လုံခြုံရေးအဖွဲ့များက လွှတ်တော်အဖွဲ့ဝင်များအား သတိပေးထားသည်ဟု အာဏာပိုင်များက ကြာသပတေးနေ့တွင် ပြောကြားသည်။

လုံခြုံရေးအဖွဲ့ဝင်များ၏ အကြံပေးချက်အရ အဆိုပါ ဖြစ်ရပ်ကို အသိပေးရန်အတွက် လွှတ်တော်အဖွဲ့ဝင်များထံသို့ အီးမေးလ်ပေးပို့ထားသည်ကို အောက်လွှတ်တော်ရုံးဥက္ကဋ္ဌ လင်ဆေးဟိုလီ ကအတည်ပြုခဲ့သည်။

"ဥက္ကဋ္ဌသည် အဖွဲ့ဝင်များ၏ လုံခြုံရေးနှင့် ဒီမိုကရေစီလုပ်ငန်းစဉ်ကို အလွန်အလေးအနက်ထားသောကြောင့် လုံခြုံရေးအဖွဲ့ဝင်များနှင့်တိုင်ပင်ပြီး ဤသတိပေးချက်ကိုထုတ်ပြန်ခဲ့ခြင်းဖြစ်သည်"ဟု ဟိုလီ၏ ပြောရေးဆိုခွင့်ရ အမျိုးသမီးကပြောကြားခဲ့သည်။

လန်ဒန်ရှိ တရုတ်နိုင်ငံသံရုံးကမူ အဆိုပါစွပ်စွဲချက်များကို ငြင်းဆိုခဲ့ပြီး ''ကျွန်ုပ်တို့အနေဖြင့် မည်သည့်ပြည်ပလွှတ်တော်တွင်မှ သြဇာလွှမ်းမိုးရေးဝယ်ယူဖို့အတွက် နည်းလမ်းရှာဖွေမှာမဟုတ်သလို လိုအပ်မှုလည်းမရှိပါ''ဟု ပြောကြားသည်။

“ယူကေရှိ တရုတ်အသိုင်းအဝိုင်းကို အပုပ်ချပြီး ခြိမ်းခြောက်တဲ့ လှည့်ကွက်ကို ကျွန်တော်တို့ ပြတ်ပြတ်သားသားဆန့်ကျင်ပါတယ်”ဟုလည်း ဆက်လက်ပြောကြားသည်။
လုံခြုံရေးသတိပေးချက်တွင် သံသယရှိသူအား ခရစ္စတင်းလီဟု ခေါ်ဝေါ်ပြောဆိုထားပြီး သူမသည် "တရုတ်ကွန်မြူနစ်ပါတီ၏ ညီညွတ်သောတပ်ဦးဌာနကိုယ်စား နိုင်ငံရေးဝင်ရောက်စွက်ဖက်မှုဆိုင်ရာလှုပ်ရှားမှုများတွင် ရည်ရွယ်ချက်ရှိရှိပါဝင်နေသည်"ဟု ပြောကြားခဲ့သည်။

လန်ဒန်အခြေစိုက်ရှေ့နေဖြစ်သော ခရစ္စတင်းလီသည် အစိုးရအဖွဲ့ဝင်ဟောင်း ဘယ်ရီဂါဒန်နာအား စတာလင်ပေါင် ၂၀၀,၀၀၀ (ဒေါ်လာ ၂၇၅,၀၀၀)နှင့် ၎င်း၏ပါတီသို့ ပေါင်ထောင်ပေါင်းများစွာကို လှူဒါန်းခဲ့ကြောင်းသိရသည်။

ကွန်ဆာဗေးတစ်များက ရုရှားငွေများနှင့်ပတ်သက်၍ သန်းပေါင်းများစွာ အကျိုးအမြတ်များရရှိထားသည်ဟု စွပ်စွဲခံထားရသော ဝန်ကြီးချုပ်ဟောင်းထရီဆာမေသည် လီအား တရုတ်-ဗြိတိန် ဆက်ဆံရေးအတွက် ပံ့ပိုးကူညီမှုများကို အသိအမှတ်ပြုသည့်အနေဖြင့် ၂၀၁၉ ခုနှစ်တွင် ဂုဏ်ပြုဆုတစ်ရပ်ချီးမြှင့်ခဲ့သည်။

ဗီဒီယိုများ