- ရခိုင်ပြည်ကို ချောက်ထဲသို့ တွန်းပို့မည့် ဘင်္ဂလားဒေ့ရှ်၏ ကစားကွက်
- စာသင်ကျောင်း ဗုံးကြဲခံရပြီးနောက် လေးမျက်နှာ ဒေသခံ ၁၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီး
- မန္တလေး-ကျောက်ဖြူ ရထားလမ်းနှင့် ရေနက်ဆိပ်ကမ်းများကို အကောင်အထည်ဖော်နေကြောင်း စစ်ခေါင်းဆောင် ပြော
- လမ်းမကြီးပေါ်တွင် ကျွဲ၊ နွားတိရစ္ဆာန်များ လွှတ်ကျောင်းခြင်း လုံးဝ မပြုရန် ULA/AA ဒေသန္တရ အမိန့်ထုတ်
- ရခိုင်သို့ပို့မည့် ပဲအိတ် ၆၀၀ ကျော်နှင့် ကုန်စည်အများအပြား ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
အိန္ဒိယမှာ တရုတ်ရေးရာ ကျွမ်းကျင်သူတစ်ဦးကို စစ်ဦးစီးချုပ်သစ်အဖြစ် ခန့်အပ်
အိန္ဒိယသည် နှစ်ဘက်ထိပ်တိုက် ရင်ဆိုင်မှုများရှိနေသည့် တရုတ်နယ်စပ်တွင် တပ်ဖွဲ့များကိုဦးဆောင်ခဲ့သူ ဗိုလ်ချုပ်ကြီးတစ်ဦးအား နိုင်ငံ၏ စစ်ဦးစီးချုပ်သစ်အဖြစ် ခန့်အပ်လိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
30 Sep 2022

DMG ၊ စက်တင်ဘာ ၃၀
အိန္ဒိယသည် နှစ်ဘက်ထိပ်တိုက် ရင်ဆိုင်မှုများရှိနေသည့် တရုတ်နယ်စပ်တွင် တပ်ဖွဲ့များကိုဦးဆောင်ခဲ့သူ ဗိုလ်ချုပ်ကြီးတစ်ဦးအား နိုင်ငံ၏ စစ်ဦးစီးချုပ်သစ်အဖြစ် ခန့်အပ်လိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဗိုလ်ချုပ်ကြီး အာနီးချောဟန်းသည် အိန္ဒိယသတင်းဌာနများက တရုတ်အရေးကျွမ်းကျင်သူအဖြစ် သတ်မှတ်ဖော်ပြကြသူဖြစ်ပြီး ပြီးခဲ့သောနှစ်က အငြိမ်းစားယူပြီးနောက်တွင် အိန္ဒိယ၏ နိုင်ငံတော်လုံခြုံရေး အကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
နောက်ထပ် အမိန့်တစ်စုံတစ်ရာ ထုတ်ပြန်မှုမရှိမချင်း သူသည် ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်မည်ဟု စက်တင်ဘာလ ၂၈ ရက်နေ့နှောင်းပိုင်းက အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
ချောဟန်းသည် ပြီးခဲ့သည့်နှစ်က ရာထူးမှ အငြိမ်းစားမယူမီ တရုတ်နယ်စပ် ပဋိပက္ခနယ်မြေအပါအဝင် အိန္ဒိယအရှေ့ပိုင်း တစ်ခွင်၌ မြေပြင်တပ်ဖွဲ့များကို ကွပ်ကဲခဲ့သူဖြစ်သည်။
အိန္ဒိယတပ်မတော်အား အောက်ခြေမှစ၍ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်လျက်ရှိကာ ယခင်စစ်ဦးစီးချုပ် ရဟတ်ယာဉ်ပျက်ကျ၍ ကွယ်လွန်သွားပြီးနောက် တစ်နှစ်နီးပါးအကြာ၌ ယခုကဲ့သို့ အာနီးချောဟန်းအား ခန့်အပ်လိုက်ခြင်းလည်း ဖြစ်သည်။
အိန္ဒိယနှင့် တရုတ်တို့သည် နယ်စပ်တလျှောက်တွင် ၃၅၀၀ ကီလိုမီတာခန့် ထိစပ်နေပြီး နှစ်ဘက်တပ်များသည်လည်း မကြာခဏဆိုသလို ပဋိပက္ခများ ဖြစ်ပွားလေ့ရှိသည်။ ၂၀၂၀ ခုနှစ်တွင် လာဒါ့ဒေသ၌ နှစ်ဘက်တပ်များ ပဋိပက္ခဖြစ်ပွားပြီး အိန္ဒိယစစ်သား ၂၀ နှင့် တရုတ်စစ်သား အနည်းဆုံး ၄ ဦး သေဆုံးခဲ့သည်။