- ကျောက်ဖြူတွင် လှောင်ပိတ်ခံနေရသည့် ရခိုင်ခရီးသည်များ အကျပ်အတည်းများစွာ ရင်ဆိုင်နေရ
- ထိုင်းနှင့် ကမ္ဘောဒီးယားအကြား လက်နက်ရုပ်သိမ်းပြီး နယ်စပ်ဂိတ်များ ပြန်ဖွင့်ရန် သဘောတူ
- AA ထိန်းချုပ်နယ်မြေတွင် ကျွမ်းကျင်ဆရာဝန် နည်းပါး၍ ကျန်းမာရေးကိစ္စ အခက်အခဲဖြစ်နေ
- ကာတာရှိ ဟားမားစ်ခေါင်းဆောင်များကို အစ္စရေးက လေကြောင်းမှ တိုက်ခိုက်
- မြန်မာနိုင်ငံတွင် ဆိုးဝါးသည့် မြေမြှုပ်မိုင်းအန္တရာယ် ကိုင်တွယ်ရန် အဖြေရှာပေးနေသည့် လူသားချင်းစာနာမှုဆိုင်ရာ မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များ
တရုတ် လျောင်နင်ခရိုင်တွင် ဓားကိုင်တိုက်ခိုက်မှု တစ်ခုကြောင့် ၇ ဦးသေ၊ ၇ ဦး ဒဏ်ရာရ
တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် တနင်္ဂနွေနေ့က ဓားကိုင်ထားသော အမျိုးသားတစ်ဦး လိုက်လံတိုက်ခိုက်မှုကြောင့် ၇ ဦးသေဆုံးပြီး နောက်ထပ် ၇ ဦး ဒဏ်ရာရရှိသွားကြောင်း နိုင်ငံပိုင်သတင်းဌာနက ဖော်ပြသည်။
07 Jan 2021

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် တနင်္ဂနွေနေ့က ဓားကိုင်ထားသော အမျိုးသားတစ်ဦး လိုက်လံတိုက်ခိုက်မှုကြောင့် ၇ ဦးသေဆုံးပြီး နောက်ထပ် ၇ ဦး ဒဏ်ရာရရှိသွားကြောင်း နိုင်ငံပိုင်သတင်းဌာနက ဖော်ပြသည်။
လျောင်နင်ခရိုင် ကိုက်ယွန်မြို့တွင် ဖြစ်ပွားခဲ့သည့် ယခုဖြစ်ရပ်၌ တိုက်ခိုက်သူသည် မြင်သမျှကို ကြုံရာတိုက်ခိုက် ခဲ့ခြင်း ဖြစ်ဟန်ရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။
တိုက်ခိုက်သူအား နောက်ပိုင်းတွင် မြို့တွင်း ရေချိုးရုံတစ်ခုတွင် ဖမ်းဆီးရမိခဲ့သည်။
တရုတ်နိုင်ငံတွင် သေနတ်ကိုင်ဆောင်ခွင့် မရှိပေ။ နိုင်ငံတွင်း ဓားထိုးမှုများ မကြာခဏဆိုသလို တွေ့ရလေ့ရှိပြီး ကျူးလွန်သူများသည် အများအားဖြင့် မတရားမှု၏ သားကောင်ဖြစ်ရသည်ဟု ကိုယ့်ကိုယ်ကိုယ် ယူဆကာ လက်စားချေသည့်အနေဖြင့် ပြည်သူများကို လိုက်လံတိုက်ခိုက်ခြင်းများ ဖြစ်လေ့ရှိသည်။
၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလကလည်း နိုင်ငံ အရှေ့မြောက်ပိုင်းရှိ ကျေးရွာတစ်ခုတွင် ဇနီး အိမ်ထောင်ရေးဖောက်ပြန်သည်ဟု သံသယရှိနေသော အမျိုးသားတစ်ဦးက လိုက်လံဓားထိုးမှုကြောင့် ၈ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့သည်။ ၂၀၂၀ ဧပြီတွင် မြောက်ပိုင်း ရှန်စီခရိုင်၌ အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦး ဓားဖြင့် တိုက်ခိုက်မှုကြောင့် ကောလိပ်ကျောင်းသား ၉ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရခဲ့သည်။