- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
- ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ ပါဝင်ပတ်သက်နေသည့် အိုင်အက်စ်အစွန်းရောက်အဖွဲ့ ကွန်ရက် မလေးရှား ဖြိုခွင်း
- ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရန် နှစ်ဘက်သဘောတူ
- မိုးတွင်းကာလ မိုင်းနှင့် စစ်ကျန်လက်နက်များ နေရာရွှေ့တတ်သဖြင့် အသွားအလာ သတိထားရန်လို
- မြောက်ဦးက ကျေးရွာအချို့မှာ ရာသီတုပ်ကွေး အဖြစ်များနေ
စင်္ကာပူတွင် ကိုဗစ်-၁၉ ကို လေမှုတ်ကိရိယာဖြင့် တစ်မိနစ်အတွင်း အဖြေထုတ်စစ်ဆေးမည်
စင်္ကာပူအာဏာပိုင်များသည် ကိုဗစ်ကူးစက်ခံထားရခြင်း ရှိမရှိကို လေမှုတ်ကိရိယာဖြင့် စစ်ဆေးမည့်နည်းလမ်းအား လတ်တလော ယာယီအသုံးပြုခွင့် ပြုလိုက်ပြီ ဖြစ်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
25 May 2021

DMG ၊ မေ ၂၅
စင်္ကာပူအာဏာပိုင်များသည် ကိုဗစ်ကူးစက်ခံထားရခြင်း ရှိမရှိကို လေမှုတ်ကိရိယာဖြင့် စစ်ဆေးမည့်နည်းလမ်းအား လတ်တလော ယာယီအသုံးပြုခွင့် ပြုလိုက်ပြီ ဖြစ်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ယခုနည်းအလမ်းအတိုင်း စစ်ဆေးပါက ကိုဗစ်ကူးစက်ခံထားရခြင်း ရှိ မရှိကို တစ်မိနစ်အတွင်း အဖြေထုတ်ပေးနိုင်မည် ဖြစ်ကြောင်း အဆိုပါနည်းလမ်းကို တီထွင်ထားသည့် စင်္ကာပူကုမ္ပဏီ၏ ပြောကြားချက်အရ သိရသည်။
စင်္ကာပူအမျိုးသားတက္ကသိုလ်၏ ပူးတွဲကုမ္ပဏီတစ်ခုဖြစ်သော Breathonix သည် အစိုးရ၏ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းကာ ယခုနည်းပညာအား စင်္ကာပူ-မလေးရှား နယ်စပ်နေရာတွင် စတင်စမ်းသပ် အသုံးပြုကာ စစ်ဆေးမည်ဖြစ်သည်။
ယခုစမ်းသပ်မှုအတွက် တစ်ကြိမ်လျှင် ကျသင့်ငွေ စင်္ကာပူဒေါ်လာ ၅ ဒေါ်လာနှင့် ၂၀ ဒေါ်လာအကြား ကျသင့်မည် ဖြစ်သည်။
လေမှုတ်ကိရိယာဖြင့် စမ်းသပ်မှုသည် ၉၀ ရာခိုင်နှုန်း တိကျသောအဖြေ ထုတ်ပေးနိုင်မည် ဖြစ်ကြောင်း ကုမ္ပဏီက ပြီးခဲ့သောနှစ်က ပြောကြားထားသည်။
စမ်းသပ်မှုတွင် တစ်ခါသုံး လေမှုတ်ကိရိယာများကို အသုံးပြုကာ စစ်ဆေးမည် ဖြစ်သည်။ လေမှုတ်ထားသော အဆိုပါကိရိယာအား ဓာတုဒြပ်ပေါင်းများဖြင့် စစ်ဆေးကာ ကာယကံရှင်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရခြင်း ရှိ မရှိ အဖြေထုတ်ပေးမည် ဖြစ်သည်။
ကူးစက်ထားသည်ဟု အဖြေထွက်ရှိပါက သူ့ထံမှ တစ်ရှူးနမူနာ ယူကာ ထပ်မံစစ်ဆေးပြီး အတည်ပြုမည် ဖြစ်သည်။
စင်္ကာပူနိုင်ငံ၌ ကိုဗစ်စည်းကမ်းများအား တစ်လကြာ တင်းတင်းကြပ်ကြပ် ချမှတ်ထားပြီး လူ ၂ ယောက်ထက် ပိုမစုရအမိန့် ထုတ်ထားသလို စားသောက်ဆိုင်များတွင်လည်း ဝင်ရောက်စားသုံးခွင့် မရှိပေ။
စင်္ကာပူတွင် ကိုဗစ်ကူးစက်မှုများ လုံးဝနီးပါး မတွေ့ရဘဲ ကာလအတန်ကြာ ရှိခဲ့ရာမှ ပြီးခဲ့သော သီတင်းပတ်များအတွင်း ပြန်လည်မြင့်တက်ခဲ့သည်။ ကူးစက်မှုအသစ်များ၌ အိန္ဒိယတွင် အကြီးအကျယ် ကူးစက်နေသော ကိုဗစ်မျိုးစိတ်လည်း ပါဝင်သည်။