- ပြီးခဲ့သော ၁၈ လအတွင်း ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာသည့် မွတ်ဆလင်ဒုက္ခသည် တစ်သိန်းခွဲအထိရှိ
- အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဝန်ထမ်း ၁,၃၀၀ ကျော် အလုပ်ထုတ်ခံရ
- ယခုနှစ်အတွင်း လူ ၃,၀၀၀ ခန့်ကို စစ်မှုထမ်းရန် စစ်ကောင်စီ အတင်းအကျပ် ဖမ်းဆီးခဲ့
- ဘင်္ဂလားဒေ့ရှ်က ကန့်သတ်မှုကြောင့် ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး အားလုံးနီးပါး ရပ်တန့်
- မောင်တောမြို့နယ်တွင် လမ်းပျက်စီးနေ၍ ဒေသခံများ သွားလာရ ခက်ခဲနေ
ကိုဗစ်-၁၉ ကူးစက်မှု အချက်အလက်များ ပုံမှန်ထုတ်ပြန်ပေးရန် တရုတ်ကို WHO တိုက်တွန်း
ကိုဗစ်-၁၉ ကူးစက်မှုနှင့်ပတ်သက်သည့် တိကျသော သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးရန် တရုတ်အစိုးရအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က တိုက်တွန်းလိုက်သည်။
31 Dec 2022

ဓာတ်ပုံ - Reuters
DMG ၊ ဒီဇင်ဘာ ၃၁
ကိုဗစ်-၁၉ ကူးစက်မှုနှင့်ပတ်သက်သည့် တိကျသော သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးရန် တရုတ်အစိုးရအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က တိုက်တွန်းလိုက်သည်။
နောက်ဆက်တွဲ ခြေရာကောက် အချက်အလက်များ၊ ဆေးရုံတက်ကုသမှုများ၊ သေဆုံးမှုနှင့် ကာကွယ်ဆေးထိုးနှံမှု အခြေအနေများနှင့်ပတ်သက်၍ အချက်အလက်များ ထုတ်ပြန်ပေးရန် WHO က ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ပြောကြားလိုက်ခြင်းဖြစ်သည်။
တရုတ်ပြည်တစ်ဝန်းတွင် ကိုဗစ်သုည မူဝါဒကို ဖြေလျှော့ပေးလိုက်သည့် အချိန်မှစ၍ အစိုးရသည် ကိုဗစ်စစ်ဆေးမှုများကို လျှော့ချဆောင်ရွက်လာသဖြင့် ကူးစက်မှုနှင့်ပတ်သက်သည့် အချက်အလက်များသည် တိတိကျကျ မရနိုင်တော့ဘဲ ဖြစ်နေရသည်။
တရုတ်ကျန်းမာရေး ထိပ်တန်းအရာရှိတစ်ဦးက ကိုဗစ်အရေးနှင့် ပတ်သက်သည့် အမြင်များကို WHO နှင့် ဖလှယ်ခဲ့ကြောင်း အာဏာပိုင်များက သောကြာနေ့အစောပိုင်း ထုတ်ပြန်ချက်တစ်ရပ်တွင် ထည့်သွင်းဖော်ပြထားသည်။
တရုတ်တွင် ကိုဗစ်ကာကွယ်ဆေး မထိုးနှံရသေးသူ သက်ကြီးဦးရေ သန်းပေါင်းများစွာ ရှိနေဆဲဖြစ်သည်။ ပြည်တွင်း ကိုဗစ်ကူးစက်မှုသည် တဟုန်ထိုး မြင့်တက်လျှက်ရှိကာ ယခုသီတင်းပတ်အတွင်း ကူးစက်မှု အမြင့်ဆုံးသို့ ရောက်နိုင်ကြောင်း တာဝန်ရှိသူတစ်ဦးက တရုတ်သတင်းဌာနတစ်ခုသို့ ဖြေကြားထားသည်။
အမေရိကန်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ အီတလီ၊ ဂျပန်နှင့် ထိုင်ဝမ်တို့သည် တရုတ်ပြည်မှ ဝင်လာသော ခရီးသည်များအားလုံးကို ကိုဗစ်စစ်ဆေးမှု ပြုလုပ်ရန် ထုတ်ပြန်ထားသည်။
အမေရိကန်အစိုးရကလည်း ကူးစက်မှုများ မတန်တဆ မြင့်တက်လာနေသည့်အတွက် ကိုဗစ်အချက်အလက်များ ထုတ်ပြန်ပေးရန် တရုတ်အာဏာပိုင်များကို တောင်းဆိုထားသည်။