- ဆုံးရှုံးနယ်မြေများကို ပြန်သိမ်းရန် စစ်ကောင်စီ အပြင်းအထန်ကြိုးစားနေဟု AA ပြော
- ရက် ၅၀ အတွင်း ယူကရိန်းစစ် မရပ်လျှင် ကုန်စည်ခွန် ၁၀၀ ရာခိုင်နှုန်းကောက်မည်ဟု ရုရှားကို သမ္မတထရမ့် ခြိမ်းခြောက်
- အာရက္ခဒေသက တစ်ပတ်အတွင်း ထူးခြားသတင်းများ
- ရေကြည်မြို့နယ်တွင် စစ်ကောင်စီ စစ်ကြောင်းထိုးနေသဖြင့် တိုက်ပွဲများ ပြင်းထန်နေ
- တက္ကနာ-မောင်တော ကုန်သွယ်ရေး ရပ်နေသည့်အတွက် တက္ကနာဆိပ်ကမ်းရှိ သိုလှောင်ကုန်များ ပျက်စီး
ဖိလစ်ပိုင်နှင့် ဗီယက်နမ် ကာကွယ်ရေးသဘောတူညီချက် လက်မှတ်ထိုးမည်
ဗီယက်နမ်ကာကွယ်ရေး ဝန်ကြီး ဖန်ဗန်ဂီယန်သည် သောကြာနေ့၌ မနီလာတွင် ရောက်ရှိနေပြီး ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးနှင့် တွေ့ဆုံမည်ဖြစ်သည်။ ရှေ့တစ်ရက်က ဖန်ဗန်ဂီယန်သည် သမ္မတ မားကို့စ်နှင့် တွေ့ဆုံခဲ့သည်။
30 Aug 2024
တောင်တရုတ်ပင်လယ်ပြင်တွင် တရုတ်နှင့် တင်းမာမှုများ အရှိန်မြင့်လာနေသည့် ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံတို့သည် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တစ်ရပ်ကို ယနေ့ (သြဂုတ် ၃၀) တွင် လက်မှတ်ရေးထိုးကြမည် ဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် (အငယ်) က ပြောကြားလိုက်သည်။
ဗီယက်နမ်ကာကွယ်ရေး ဝန်ကြီး ဖန်ဗန်ဂီယန်သည် သောကြာနေ့၌ မနီလာတွင် ရောက်ရှိနေပြီး ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးနှင့် တွေ့ဆုံမည်ဖြစ်သည်။ ရှေ့တစ်ရက်က ဖန်ဗန်ဂီယန်သည် သမ္မတ မားကို့စ်နှင့် တွေ့ဆုံခဲ့သည်။
“ကျွန်တော်တို့ ခုအချိန်မှာ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု၊ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု၊ ရေကြောင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနဲ့ မပါမဖြစ် ကုန်သွယ်ရေးကဏ္ဍတွေကိုပါ ဆွေးနွေးနေကြတာပါ” ဟု သမ္မတ ဖာဒီနန်မားကို့စ်က ပြောကြားကြောင်း ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အိမ်နီးချင်းနိုင်ငံများ၏ အထူးစီးပွားရေးဇုန်များတွင် တရုတ်၏ ကမ်းခြေစောင့်သင်္ဘောများ ရဲရဲတင်းတင်း ပြုမူလှုပ်ရှားမှုများအပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းက စိုးရိမ်ပူပန်မှုများ ရှိနေချိန်၌ ယခုကဲ့သို့ ဖိလစ်ပိုင်နှင့် ဗီယက်နမ်တို့၏ ကာကွယ်ရေးသဘောတူညီချက် လက်မှတ်ရေးထိုးမှု ထွက်ပေါ်လာခြင်း ဖြစ်သည်။
ကာကွယ်ရေးသဘောတူညီချက်တွင် ဗီယက်နမ်နိုင်ငံ ဝင်ပါလာခြင်းသည် အမေရိကန်၏ စစ်ရေးမဟာမိတ် ဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား တောင်တရုတ်ပင်လယ် ရေပြင်၌ တင်းမာမှုများ အရှိန်မြင့်လာနေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။
ဖိလစ်ပိုင်နှင့် ဗီယက်နမ်တို့သည် ယခုလအစောပိုင်းကလည်း နှစ်နို်င်ငံအကြား ပထမဆုံးအကြိမ်အဖြစ် နှစ်ဘက် ပူးတွဲလေ့ကျင့်မှု တစ်ရပ်ကို မနီလာတွင် ပြုလုပ်ခဲ့ကြပြီး အဆိုပါလေ့ကျင့်မှု၌ မီးသတ်လေ့ကျင့်ခန်းများနှင့် ရှာဖွေကယ်ဆယ်ရေး လေ့ကျင့်ခန်းများ ပါဝင်သည်။