- ဝေးလံခေါင်ဖျား မုန်တိုင်းသင့်ဒေသများတွင် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေ
- မုန်တိုင်းအလွန် ရခိုင်မြို့နယ်တချို့တွင် သောက်သုံးရေ အခက်ကြုံ
- မြောက်ကိုရီးယား၏ ပထမဆုံး ထောက်လှမ်းရေးဂြိုဟ်တု ဇွန်လတွင် လွှတ်တင်မည်
- မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်သူများအတွက် အလှူငွေ ကျပ်သိန်းတစ်သောင်း AA လက်ခံရရှိထား
- ရခိုင်က မုန်တိုင်းဘေးဒဏ်ခံ ကျေးရွာအချို့တွင် တစ်ရွာလုံးအတွက် ဆန်နှစ်အိတ်နှင့် အဝတ်ထည့်ဗူးအချို့သာ အထောက်အပံ့ရရှိ
ဥရောပသည် မကြုံစဖူး ဓာတ်ငွေ့ပြတ်လပ်မှု အန္တရာယ်နှင့် ရင်ဆိုင်နေရသည်ဟု အိုင်အီးအေပြော
ရုရှားက ဓာတ်ငွေ့ပိုက်လိုင်းတင်ပို့မှု အများစုကို ဖြတ်တောက်ပြီးနောက် ယခုဆောင်းရာသီတွင် ဥရောပသည် ၎င်း၏ သဘာဝဓာတ်ငွေ့ ထောက်ပံ့မှုအတွက် “မကြုံစဖူးသော အန္တရာယ်များ”နှင့် ရင်ဆိုင်နေရကြောင်း နိုင်ငံတကာ စွမ်းအင်အေဂျင်စီ(အိုင်အီးအေ)က တနင်္လာနေ့တွင် ပြောကြားလိုက်သည်။ ရှားပါးပြီး တန်ဖိုးကြီးမားသော သင်္ဘောဖြင့်လာသည့် ဓာတ်ငွေ့ရည်အတွက် အာရှနှင့် အပြိုင်အဆိုင်ရယူရခြင်းမျိုး ဖြစ်လာနိုင်သည်ဟုလည်း အိုင်အီးအေက သတိပေးသည်။
04 Oct 2022

DMG ၊ အောက်တိုဘာ ၄
ရုရှားက ဓာတ်ငွေ့ပိုက်လိုင်းတင်ပို့မှု အများစုကို ဖြတ်တောက်ပြီးနောက် ယခုဆောင်းရာသီတွင် ဥရောပသည် ၎င်း၏ သဘာဝဓာတ်ငွေ့ ထောက်ပံ့မှုအတွက် “မကြုံစဖူးသော အန္တရာယ်များ”နှင့် ရင်ဆိုင်နေရကြောင်း နိုင်ငံတကာ စွမ်းအင်အေဂျင်စီ(အိုင်အီးအေ)က တနင်္လာနေ့တွင် ပြောကြားလိုက်သည်။ ရှားပါးပြီး တန်ဖိုးကြီးမားသော သင်္ဘောဖြင့်လာသည့် ဓာတ်ငွေ့ရည်အတွက် အာရှနှင့် အပြိုင်အဆိုင်ရယူရခြင်းမျိုး ဖြစ်လာနိုင်သည်ဟုလည်း အိုင်အီးအေက သတိပေးသည်။
ရုရှားဓာတ်ငွေ့လုံးဝပြတ်တောက်မှုသည် ယူကရိန်းစစ်ပွဲအတွင်း ဖြစ်ပွားခဲ့ပါက ဥရောပသမဂ္ဂနိုင်ငံများသည် ဆောင်းရာသီတွင် ဓာတ်ငွေ့အသုံးပြုမှု ၁၃ ရာခိုင်နှုန်းလျှော့ချရန် လိုအပ်မည်ဖြစ်ကြောင်း တနင်္လာနေ့တွင် ထုတ်ပြန်သော ၎င်း၏သုံးလပတ်အစီရင်ခံစာတွင် ပါရီအခြေစိုက်အိုင်အီးအေက ပြောကြားခဲ့သည်။
အဆိုပါ လျှော့ချမှုအများစုသည် အပူချိန်ထိန်းကိရိယာများကို ၁ ဒီဂရီ လျှော့ချခြင်းနှင့် စက်မှုနှင့်လျှပ်စစ် အသုံးပြုမှုများအားထိန်းသိမ်းခြင်း ကဲ့သို့သော ဘွိုင်လာ အပူချိန်ကို ချိန်ညှိခြင်းများ အစရှိသည့် သုံးစွဲသူတို့၏အလေ့အထများမှ ဆောင်ရွက်ပေးခြင်းဖြစ်ရမည်ဟု အဖွဲ့က ပြောကြားသည်။
အမြင့်ဆုံးကျသင့်ငွေရှိသည့် သုံးစွဲမှုအများဆုံးသော နာရီများအတွင်း လျှပ်စစ်သုံးစွဲမှုကို အနည်းဆုံး ၅ ရာခိုင်နှုန်း လျှော့ချရန် အီးယူက သောကြာနေ့တွင် သဘောတူညီခဲ့သည်။
အနည်းငယ်မျှသော ရုရှားဓာတ်ငွေ့များသည် ယူကရိန်းကိုဖြတ်၍ ဆလိုဗက်ကီးယား နှင့် တူရကီမှတစ်ဆင့် ပင်လယ်နက်ဖြတ်ကာ ဘူလ်ဂေးရီးယားသို့ ပိုက်လိုင်းများမှ ရောက်ရှိလျက်ရှိနေသေးသည်။
အခြားသောလမ်းကြောင်းနှစ်ခုဖြစ်သည့် ဘောလ်တစ်ပင်လယ်အောက်ရှိ ဂျာမနီသို့သွားသည့် လမ်းကြောင်းနှင့် ဘီလာရုစ်နှင့် ပိုလန်တို့ကို ဖြတ်သွားသောလမ်းကြောင်းများမှာ ပိတ်သွားပြီဖြစ်သည်။
လေ့လာမှုတွင်တွေ့ရသည့် အခြားသောဘေးအန္တရာယ်တစ်ခုမှာ ဆောင်းရာသီနှောင်းပိုင်းတွင် အအေးရိုက်ခြင်းဖြစ်ပြီး သိုလှောင်ခန်းများတွင် ဓာတ်ငွေ့နည်းခြင်းနှင့် ဖိအားနည်းခြင်းကြောင့် ရာသီကုန်ချိန်တွင် မြေအောက်ဓာတ်ငွေ့သိုက်များ ပိုမိုနှေးကွေးစွာ စီးဆင်းခြင်းကြောင့် အထူးစိန်ခေါ်မှုဖြစ်လာနိုင်သည်။
အီးယူသည် ဆောင်းရာသီမတိုင်မီ ၎င်း၏ရည်မှန်းချက်ပန်းတိုင်ဖြစ်သည့် သိုလှောင်မှု ၈ဝ ရာခိုင်နှုန်းထက် ပိုမိုကာ ၈၈ ရာခိုင်နှုန်းအထိ ဖြည့်ဆည်းထားပြီးဖြစ်သည်။ ရုရှားဓာတ်ငွေ့လုံးဝပြတ်တောက်မှု အခြေအနေတွင် ၉၀ ရာခိုင်နှုန်း လိုအပ်လိမ့်မည်ဟု အိုင်အီးအေက ယူဆထားသည်။