- ရခိုင်တွင် အဓမ္မပြုကျင့်ရန်ကြိုးပမ်းမှုတွင် အာမခံဖြင့်လွတ်နေသူကို ပြန်ဖမ်း၊ အာမခံပေးခဲ့သည့် တရားသူကြီး စစ်ဆေးခံရ
- စစ်ကောင်စီပေးသည့် ဂုဏ်ထူးဆောင်ဘွဲ့နှစ်ခုထိ ALP ခေါင်းဆောင် ဒေါ်စောမြရာဇာလင်း ရရှိထား
- အင်ဒိုနီးရှားမှာ ကူးတို့သင်္ဘော တိမ်းမှောက်မှုကြောင့် ၄ ဦးသေပြီး ၃၀ ခန့် ပျောက်ဆုံးနေ
- ICG သတိပေးပြီးနောက် ရခိုင်နယ်စပ်တွင် ARSA တိုက်ပွဲပြန်ဖော်လာ
- မြန်မာနိုင်ငံသားများကို လူသားချင်းစာနာလျက် ဆက်လက်စောင့်ရှောက်ပေးရန် ထိုင်းကို NUG မေတ္တာရပ်ခံ
ဟောင်ကောင်တွင် တစ်ရက်တာ ကိုဗစ်ကူးစက်မှု ၂ သောင်းခွဲအထိ စံချိန်တင်မြင့်တက်ပြီး သေဆုံးသူ ၈၃ ဦးအထိရှိ
ဟောင်ကောင်တွင် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ကိုဗစ်ကူးစက်မှု အရေအတွက်သည် ၂၆၀၂၆ အထိ စံချိန်တင်မြင့်တက်ခဲ့ပြီး သေဆုံးသူလည်း ၈၃ ဦးရှိခဲ့ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
28 Feb 2022

DMG ၊ ဖေဖော်ဝါရီ ၂၈
ဟောင်ကောင်တွင် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ကိုဗစ်ကူးစက်မှု အရေအတွက်သည် ၂၆၀၂၆ အထိ စံချိန်တင်မြင့်တက်ခဲ့ပြီး သေဆုံးသူလည်း ၈၃ ဦးရှိခဲ့ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဟောင်ကောင်၌ ကူးစက်မြန် အိုမီခရွန်မျိုးကွဲကြောင့် ကိုဗစ်ပျံ့နှံ့မှုနှုန်း အလွန်အမင်း မြင့်တက်လျက်ရှိကာ ကျန်းမာရေးစောင့်ရှောက်မှု စနစ်သည်လည်း မနိုင်မနင်း ကိုင်တွယ်နေရသည်။
ကမ္ဘာ့နိုင်ငံ အများအပြားတွင် ကိုဗစ်နှင့် အတူယှဉ်တွဲနေထိုင်ရေးမူကို ကျင့်သုံးနေကြသော်လည်း ဟောင်ကောင်သည် တရုတ်၏ “ကူးစက်မှုလုံးဝမရှိစေရေး” မူကို လိုက်နာကာ ပြင်းထန်သော ကိုဗစ်ထိန်းချုပ်ရေး စည်းကမ်းများ ကျင့်သုံးလျက်ရှိသည်။
တရုတ်အစိုးရသည် ဟောင်ကောင်၏ ကိုဗစ်ထိန်းချုပ်ရေးအတွက် ဖိဖိစီးစီး ဆောင်ရွက်နေပြီး တရုတ်သမ္မတရှီကျင့်ဖျင်ကလည်း ဟောင်ကောင်တွင် ကိုဗစ်ထိန်းချုပ်နိုင်ရေးသည် “အဓိကစီမံကိန်း” ဖြစ်သည်ဟု ပြောကြားထားသည်။
ဟောင်ကောင်တွင် သက်ကြီးရွယ်အိုများ ကိုဗစ်ကာကွယ်ဆေး ထိုးနှံမှုသည် နည်းပါးပြီး တနင်္ဂနွေနေ့က သေဆုံးသူ ၈၃ ဦးအနက် ၆၇ ဦးမှာ သက်ကြီးဂေဟာများမှ ဖြစ်သည်။
ကိုဗစ်-၁၉ ကူးစက်ခံနေရသူ သက်ကြီးပိုင်းများကို ပြုစုရန်အတွက် တရုတ်ပြည်မကြီးမှ ဝန်ထမ်း ၁၀၀၀ ကို ယာယီငှားရမ်း ခန့်အပ်ထားကြောင်း ဟောင်ကောင် အလုပ်သမားနှင့် လူမှုဖူလုံရေး ဌာန တာဝန်ရှိသူ လောချီကွမ်က ပြောကြားသည်။
လူဦးရေ ရ.၄ သန်းရှိသော ဟောင်ကောင်တွင် မတ်လအတွင်း နေ့စဉ်ကူးစက်မှုနှုန်းထားသည် ၁၈၀၀၀၀ အထိ မြင့်တက်လာနိုင်ကြောင်း ကျွမ်းကျင်ပညာရှင်အချို့က ခန့်မှန်းထားသည်။