- အိန္ဒိယပြည် ဝင်ခွင့် အထောက်ထားမှာ ပတ်စပို့ မဟုတ်ကြောင်း ဦးခိုင်သုခ ရှင်းပြ
- စစ်တွေသို့ ကုန်ပစ္စည်းတင်ပို့မှု စစ်ကောင်စီ ပိတ်ပင်
- ထိုင်းအစိုးရက မြန်မာဒုက္ခသည်များ၏ ကျန်းမာရေးအတွက် ဘတ်သန်း ၁၆၀ သုံးရန် လျာထား
- စစ်တွေတွင် မွတ်ဆလင်ကျေးရွာ တစ်ရွာမှ လူ ၃၀ ဦးစီ တပ်သားသစ်စုဆောင်းခံထားရဟု ကုလ ပြော
- ရခိုင်တောင်ပိုင်းက စစ်ဘေးရှောင်များကို ကူညီပေးရန် အလေးထားလုပ်နေကြောင်း ULA/AA ပြော
ဟေတီငလျင်ကြောင့် သေဆုံးသူ ၁၃၀၀ နီးပါးရှိပြီ
ဟေတီတွင် စနေနေ့ညပိုင်းက လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် လက်ရှိအချိန်အထိ (သြဂုတ် ၁၆ နေ့လယ်) သေဆုံးသူ စုစုပေါင်း ၁၂၉၇ ဦး ရှိနေပြီဖြစ်ကြောင်း ဟေတီ အရပ်သားကာကွယ်ရေး အေဂျင်စီက ပြောကြားသည်။
16 Aug 2021

DMG ၊ ဩဂုတ် ၁၆
ဟေတီတွင် စနေနေ့ညပိုင်းက လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် လက်ရှိအချိန်အထိ (သြဂုတ် ၁၆ နေ့လယ်) သေဆုံးသူ စုစုပေါင်း ၁၂၉၇ ဦး ရှိနေပြီဖြစ်ကြောင်း ဟေတီ အရပ်သားကာကွယ်ရေး အေဂျင်စီက ပြောကြားသည်။
ဟေတီဆေးရုံများတွင် ဒဏ်ရာရလူနာများဖြင့် ပြည့်ကျပ်နေပြီး ဒဏ်ရာရသူစုစုပေါင်း ၅၇၀၀ ခန့်ရှိနိုင်ကြောင်း အေဂျင်စီက ပြောသည်။
နိုင်ငံ အနောက်မြောက်ပိုင်းရှိ မြို့တော် ဂျယ်ရမီ၌ ဆေးရုံတွင် နေရာမလုံလောက်တော့သဖြင့် လူနာများကို လမ်းနံဘေးနှင့် သစ်ပင်များအောက်တွင် လူနာထမ်းစင်များ မွေ့ရာများဖြင့် နေရာချထားပြီး ကုသပေးနေရကြောင်း ရိုက်တာသတင်းက ဖော်ပြသည်။
ပြင်းအား ရ.၂ မဂ္ဂနီကျူ့ရှိသည့် ငလျင်ကြောင့် နေအိမ် ၁၃၀၀၀ ခန့် ပျက်စီးခဲ့ပြီး ကျန်ရစ်ခဲ့သည့် နေအိမ်များ ထပ်မံ ပြိုကျမည်ကို ပြည်သူအများ စိုးရိမ်နေကြဆဲ ဖြစ်သည်။
ဟေတီတွင် တနင်္လာနေ့ နှောင်းပိုင်း၌ အပူပိုင်းမုန်တိုင်းတစ်ခု ဝင်ရောက်ရန်ရှိနေသလို မိုးသည်းထန်စွာ ရွာနိုင်ခြေ ရှိနေသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများအား အပူတပြင်း ဆောင်ရွက်နေကြရကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ပြည်သူများအနေဖြင့် မိုးသည်းထန်မှု၊ လေပြင်းတိုက်ခတ်မှု၊ လှိုင်းထန်မှု၊ ရေကြီးမှုနှင့်အတူ မြေပြိုမှုများကိုပါ ရင်ဆိုင်ရနိုင်ခြေ ရှိသဖြင့် ပြင်ဆင်ထားရမည် ဖြစ်ကြောင်း အရပ်သားကာကွယ်ရေး အေဂျင်စီက ပြောကြားထားသည်။