- ပုဏ္ဏားကျွန်းတွင် ဗုံးသီးပေါက်ကွဲမှုကြောင့် ကျောင်းသား ၂ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရ
- NUG၊ CRPH တို့နှင့် ဆက်စပ်သည်ဟုဆိုကာ မောင်တောဒေသခံတစ်ဦးကို အမှုဖွင့်ထားကြောင်း စစ်ကောင်စီပြော
- မနွယ်သန္တာဝင်းကို အဓမ္မပြုကျင့်ကာ သတ်ဖြတ်ခဲ့သည့် တရားခံကို ULA က သေဒဏ်ချမှတ်
- မောင်တောတွင် မိုင်းနင်းမိ၍ ကျောင်းသားတစ်ဦးသေဆုံး၊ ရခိုင်တွင် မိုင်းကြောင့် သေဆုံးမှုတိုးလာ
- စစ်ကောင်စီ သက်တမ်း ၆ လတိုးလိုက်ပြီး ပြင်ဆင်ဖွဲ့စည်းသည့် ပြည်ထောင်စုအစိုးရအဖွဲ့တွင် နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တာဝန်ယူ
Huawai နှင့် ZTE မှထုတ်လုပ်သည့် ဆက်သွယ်ရေးကိရိယာများ အမေရိကန်တွင် ရောင်းချခွင့် တားမြစ်
အမေရိကန်အစိုးရသည် တရုတ်ပိုင်ကုမ္ပဏီများဖြစ်သော Huawei ၊ ZTE တို့မှထုတ်လုပ်သည့် ဆက်သွယ်ရေးကိရိယာများ ရောင်းချခွင့်ကို တားမြစ်လိုက်ကြောင်း ဘလွန်းဘက်သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
27 Nov 2022

လန်ဒန်တွင်တွေ့ရသည့် Huawai ကြော်ငြာတစ်ခု။ ဓာတ်ပုံ - CNN
DMG | နိုဝင်ဘာ ၂၇
အမေရိကန်အစိုးရသည် တရုတ်ပိုင်ကုမ္ပဏီများဖြစ်သော Huawei ၊ ZTE တို့မှထုတ်လုပ်သည့် ဆက်သွယ်ရေးကိရိယာများ ရောင်းချခွင့်ကို တားမြစ်လိုက်ကြောင်း ဘလွန်းဘက်သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ပြည်ထောင်စု ဆက်သွယ်ရေးကော်မရှင် (FCC) က ယခုဆုံးဖြတ်ချက်ကို သောကြာနေ့တွင် ကြေညာလိုက်ခြင်း ဖြစ်သည်။
“FCC သည် မိမိတို့၏ နယ်မြေဧရိယာအတွင်း၌ မယုံကြည်ရသော ဆက်သွယ်ရေး ကိရိယာများ အသုံးပြုခြင်း မရှိအောင် သေချာစေခြင်းဖြင့် အမျိုးသားလုံခြုံရေးကို ကာကွယ်ရန် သန္နိဌာန်ချထားပြီး ဤလုပ်ငန်းကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်” ဟု FCC ဥက္ကဌ ဂျက်စီကာရိုစင်ဝါဆက်က ကြေညာချက်တွင် ပြောကြားထားသည်။
FCC ၏ ကြေညာချက်၌ Hangzhu Hikvision ကုမ္ပဏီ၊ Hytera Communication Corp နှင့် Dahua ကုမ္ပဏီများမှ ထုတ်လုပ်သည့် စောင့်ကြည့်ရေးကင်မရာများကိုလည်း တင်သွင်းရောင်းချခွင့်နှင့် အသုံးပြုခွင့် တားမြစ်ထားသည်။
Dahua ၊ Hytera နှင့် ZTE ကုမ္ပဏီများကမူ ယခုသတင်းအား တစ်စုံတစ်ရာ တုံ့ပြန်ဖြေကြားခြင်း မရှိသေးပေ။
“တရုတ်ပြည်မှာ ဘယ်ကုမ္ပဏီကမှ နောက်ဖေးပေါက်တွေ မဖြစ်မနေ တပ်ဆင်ရမယ်လို့ လိုက်နာရတာမျိုး မရှိပါဘူး” ဟု Huawai တည်ထောင်သူ ကျန်းဖေက ၂၀၁၉ ခုနှစ်က အင်တာဗျူးတစ်ခုတွင် ဖြေကြားဖူးသည်။
ယူကေနိုင်ငံတွင်လည်း အစိုးရက Hikvision နှင့် Dahua ကုမ္ပဏီများမှ ထုတ်လုပ်သည့် စောင့်ကြည့်ရေးကင်မရာများကို အစိုးရနှင့် ဆက်စပ်သည့် အဆောက်အအုံများတွင် တပ်ဆင်ခြင်း မပြုရန် နိုဝင်ဘာလ ၂၄ ရက်နေ့က ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။