- အင်္ဂပူက ကျေးရွာနှစ်ခုတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းများကို AA နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်
- အာရက္ခဒေသက တစ်ပတ်အတွင်း ထူးခြားသတင်းများ
- ပြည်တွင် အဖမ်းခံရသည့် ရခိုင်အချို့ စစ်မှုထမ်းအပို့ခံရ
- ပို့ကုန်ရငွေကျန်သည့် ကုမ္ပဏီ ၁၉၇ ခုကို စစ်ကောင်စီက အမည်ပျက်စာရင်းသွင်း
- မြန်မာအပေါ် ဆင်နွှဲတဲ့ ထရမ့်ရဲ့ စစ်ပွဲ
လူကိုးဦးအထိ သတ်ဖြတ်ခဲ့သည့် အိန္ဒိယလူသားစားကျားကို အသေပစ်ခတ်ဖမ်းဆီး
အိန္ဒိယနိုင်ငံတွင် လူအနည်းဆုံးကိုးဦးအထိ သတ်ဖြတ်ခဲ့သော လူသားစားကျားတစ်ကောင်အား ရဲတပ်ဖွဲ့က အသေပစ်ခတ် ဖမ်းဆီးလိုက်ကြောင်း တာဝန်ရှိသူများက အောက်တိုဘာလ ၉ ရက်နေ့တွင် ပြောကြားလိုက်သည်။
11 Oct 2022

ဘင်္ဂလားကျားမျိုးနွယ်ဝင် တစ်ကောင်အား အိန္ဒိယနိုင်ငံ မြောက်ပိုင်း ရာဂျာသံပြည်နယ်ရှိ ရန်သမ်ဟိုးအမျိုးသားဥယျာဉ်တွင် တွေ့ရစဉ်။ ဓာတ်ပုံ - iStock
DMG ၊ အောက်တိုဘာ ၁၁
အိန္ဒိယနိုင်ငံတွင် လူအနည်းဆုံးကိုးဦးအထိ သတ်ဖြတ်ခဲ့သော လူသားစားကျားတစ်ကောင်အား ရဲတပ်ဖွဲ့က အသေပစ်ခတ် ဖမ်းဆီးလိုက်ကြောင်း တာဝန်ရှိသူများက အောက်တိုဘာလ ၉ ရက်နေ့တွင် ပြောကြားလိုက်သည်။
အဆိုပါကျားကြီးသည် အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဗာမိကိကျားထိန်းသိမ်းရေးဇုန် အစွန်အဖျားရှိ ဧရိယာများတွင် သောင်းကျန်းနေခဲ့ခြင်းဖြစ်သည်။
အသက် ၄ နှစ်အရွယ် အဆိုပါကျားထီးအား အသေပစ်သတ်ခွင့်ရှိကြောင်း အာဏာပိုင်များက အစောပိုင်းတည်းက ကြေညာခဲ့သည်။
“အဖွဲ့နှစ်ဖွဲ့ခွဲပြီး ဆင်နှစ်ကောင်နဲ့အတူ စနေနေ့ မွန်းလွဲပိုင်းမှာ တောနင်းရှာဖွေခဲ့ပြီး တတိယတစ်ဖွဲ့ကတော့ ကျား ထွက်ပြေးလာနိုင်တဲ့ နေရာမှာ စောင့်နေခဲ့ကြပါတယ်။ အဲဒီနေရာမှာပဲ ကျည်အစစ်နဲ့ ငါးချက်ပစ်ပြီး သတ်လိုက်ပါတယ်”ဟု ဒေသခံရဲမှူး ကီရင်ကူးမားက အေအက်ဖ်ပီသတင်းဌာနကို ဖြေကြားသည်။
ဒေသခံများက သံပုံးများ ဝိုင်းဝန်းတီးခတ်ပေးခဲ့ကြပြီး သေနတ်သမားရှစ်ဦးနှင့် သစ်တောဝန်ထမ်း ၂၀၀ ခန့်က စုစုပေါင်း ၆ နာရီခန့် ရှာဖွေခဲ့ကြရကြောင်းလည်း ကူးမားက ပြောကြားသည်။
ဆိုပါဒေသတစ်ဝိုက်တွင် ဧရာမကြံခင်းကြီးများ ရှိနေသဖြင့် ကျားကြီးအတွက် ပုန်းခိုရလွယ်သလို ကျေးရွာသားများကို တိုက်ခိုက်ရန်လည်း လွယ်ကူနေခဲ့ခြင်းဖြစ်သည်။
အိန္ဒိယနိုင်ငံတစ်ဝန်းတွင် ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ကျားတိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့ရသူ စုစုပေါင်း ၂၂၅ ဦးရှိခဲ့ကြောင်း အစိုးရကထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။ ကမ္ဘာ့ကျားကောင်ရေ စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းခန့်သည် အိန္ဒိယတွင်ရှိပြီး အရေအတွက်အားဖြင့် ၂၀၁၈ ခုနှစ်တွင် ၂၉၆၇ ကောင် ရှိခဲ့သည်။