- အဖြေမထွက်နိုင်သည့် အမေရိကန်-တရုတ် မြေရှားသတ္တု ပဟေဠိ
- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
- ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ ပါဝင်ပတ်သက်နေသည့် အိုင်အက်စ်အစွန်းရောက်အဖွဲ့ ကွန်ရက် မလေးရှား ဖြိုခွင်း
- ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရန် နှစ်ဘက်သဘောတူ
- မိုးတွင်းကာလ မိုင်းနှင့် စစ်ကျန်လက်နက်များ နေရာရွှေ့တတ်သဖြင့် အသွားအလာ သတိထားရန်လို
ကိုရိုနာဗိုင်းရပ်စ် ငွေစက္ကူနှင့် မိုဘိုင်းဖုန်းမျက်နှာပြင်များပေါ်တွင် ၂၈ ရက်အထိ အသက်ရှင်နိုင်
ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားသစ်သည် ငွေစက္ကူ၊ ဖုန်းမျက်နှာပြင်၊ တံခါးလက်ကိုင်၊ လက်ရန်းကဲ့သို့သော နေရာများတွင် ၂၈ ရက်အထိ အသက်ရှင်နိုင်စွမ်းရှိသည်ဟု သြစတြေးလျ အမျိုးသားသိပ္ပံအေဂျင်စီ၏ လေ့လာချက်တစ်ရပ်အရ သိရသည်။
12 Oct 2020
ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားသစ်သည် ငွေစက္ကူ၊ ဖုန်းမျက်နှာပြင်၊ တံခါးလက်ကိုင်၊ လက်ရန်းကဲ့သို့သော နေရာများတွင် ၂၈ ရက်အထိ အသက်ရှင်နိုင်စွမ်းရှိသည်ဟု သြစတြေးလျ အမျိုးသားသိပ္ပံအေဂျင်စီ၏ လေ့လာချက်တစ်ရပ်အရ သိရသည်။
လေ့လာသူများသည် ဗိုင်းရပ်စ်အား အပူချိန်သုံးမျိုးဖြင့် စမ်းသပ်ကြည့်ရာ အေးမြ၍ မှောင်မိုက်သောနေရာများတွင် ဗိုင်းရပ်စ်၏သက်တမ်း အရှည်ဆုံးဖြစ်ပြီး အပူချိန်များလာလေ ဗိုင်းရပ်စ်သက်တမ်း တိုလာလေဖြစ်ကြောင်း တွေ့ခဲ့ရသည်။
အပူချိန် ၂၀ ဒီဂရီ ဆဲစီးယပ် (သာမန်အဝတ်အစားဖြင့် အတော်အတန် အေးသောအနေအထား) ၌ ငွေစက္ကူ၊ ပလတ်စတစ်၊ မိုဘိုင်းဖုန်းစကရင်၊ ဖန်သား၊ စတီးကဲ့သို့ ချောမွတ်သော မျက်နှာပြင်များပေါ်တွင် ဗိုင်းရပ်စ်၏ အသက်ရှင်နိုင်စွမ်းသည် အမြင့်ဆုံးဖြစ်ကြောင်း လေ့လာသူများက ပြောသည်။
၃၀ ဒီဂရီဆဲစီးယပ် (အသင့်အတင့် အပူချိန်) တွင် ဗိုင်းရပ်၏ အသက်ရှင်နိုင်စွမ်းသည် ခုနစ်ရက်အထိ ကျဆင်းသွားပြီး ၄၀ ဒီဂရီဆဲစီးယပ် (မတ်၊ ဧပြီ အလွန်အမင်းပူအိုက်သည့် အနေအထား) တွင်မူ ၂၄ နာရီ ခန့်အထိသာ အသက်ရှင်နိုင်တော့သည်။
ချည်ထည်ကဲ့သို့သော စိမ့်ဝင်နိုင်သည့် မျက်နှာပြင်များပေါ်တွင် ဗိုင်းရပ်စ်၏ အသက်ရှင်နိုင်စွမ်းသည် အအေးဆုံးအနေအထား၌ ၁၄ ရက်၊ အပူဆုံးအနေအထား၌ ၁၆ နာရီခန့်အထိသာ အသက်ရှင်နိုင်သည်ဟု လေ့လာချက်က ဆိုသည်။
ယခုဗိုင်းရပ်စ်အမျိုးအစားသစ်သည် ယခင်လေ့လာခဲ့သော မျိုးကွဲများထက် အသက်ရှင်နိုင်စွမ်း သိသိသာသာ တိုးလာခြင်းဖြစ်ကြောင်းလည်း လေ့လာချက်အရ သိရသည်။