- ကျောက်ဖြူတွင် လှောင်ပိတ်ခံနေရသည့် ရခိုင်ခရီးသည်များ အကျပ်အတည်းများစွာ ရင်ဆိုင်နေရ
- ထိုင်းနှင့် ကမ္ဘောဒီးယားအကြား လက်နက်ရုပ်သိမ်းပြီး နယ်စပ်ဂိတ်များ ပြန်ဖွင့်ရန် သဘောတူ
- AA ထိန်းချုပ်နယ်မြေတွင် ကျွမ်းကျင်ဆရာဝန် နည်းပါး၍ ကျန်းမာရေးကိစ္စ အခက်အခဲဖြစ်နေ
- ကာတာရှိ ဟားမားစ်ခေါင်းဆောင်များကို အစ္စရေးက လေကြောင်းမှ တိုက်ခိုက်
- မြန်မာနိုင်ငံတွင် ဆိုးဝါးသည့် မြေမြှုပ်မိုင်းအန္တရာယ် ကိုင်တွယ်ရန် အဖြေရှာပေးနေသည့် လူသားချင်းစာနာမှုဆိုင်ရာ မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များ
နာမည်ကြီး အီတလီမာဖီးယားဂိုဏ်းအမှုတွဲမှ စွပ်စွဲခံသုံးရာကျော်အား ရုံးတင်စစ်ဆေးတော့မည်
အီတလီတွင် နှစ်ပေါင်း ၃၀ကျော် အတွင်း အကြီးဆုံး မာဖီးယားဂိုဏ်းစစ်ဆေးမှု တရားခွင်အား ဇန်နဝါရီလ ၁၃ ရက်နေ့တွင် စတင်တော့မည်ဖြစ်သည်။ ကမ္ဘာအရပ်ရပ်ထိ ပေါက်ရောက်သည့် 'Ndrangheta ရာဇဝတ်အဖွဲ့အား ယခုစစ်ဆေးမှုဖြင့် အသာစီးထိုးနှက်ချက်တစ်ရပ်ဖြင့် ဖြိုခွင်းနိုင်ရန် အစိုးရရှေ့နေများက မျှော်မှန်းနေကြသည်။
14 Jan 2021

အီတလီတွင် နှစ်ပေါင်း ၃၀ကျော် အတွင်း အကြီးဆုံး မာဖီးယားဂိုဏ်းစစ်ဆေးမှု တရားခွင်အား ဇန်နဝါရီလ ၁၃ ရက်နေ့တွင် စတင်တော့မည်ဖြစ်သည်။ ကမ္ဘာအရပ်ရပ်ထိ ပေါက်ရောက်သည့် 'Ndrangheta ရာဇဝတ်အဖွဲ့အား ယခုစစ်ဆေးမှုဖြင့် အသာစီးထိုးနှက်ချက်တစ်ရပ်ဖြင့် ဖြိုခွင်းနိုင်ရန် အစိုးရရှေ့နေများက မျှော်မှန်းနေကြသည်။
မာဖီးယားဂိုဏ်းသားဟု ယူဆရသူ ၃၅၀ကျော်နှင့် နိုင်ငံရေးသမားများ၊ ရှေ့နေများ၊ စီးပွားရေး သမားများနှင့် အခြားသောစွပ်စွဲသူများသည် 'Ndrangheta နယ်မြေအချက်အခြာဖြစ်သည့် Calabrian မြို့တောင်ပိုင်း Lamezia Terme တွင် တရားရုံးအဖြစ် အထူးပြင်ဆင်ထားသည့်အခန်းကျယ်ကြီးတွင် တရားသူကြီးတစ်ဦး၏ စစ်ဆေးခြင်းကို စတင်ရင်ဆိုင်ရတော့မည်ဖြစ်သည်။
အစိုးရရှေ့နေများသည် ၁၉၉၀ ပြည့်လွန်နှစ်များကတည်းက ရာဇဝတ်မှုတစ်တွဲလုံးကို ဖော်ထုတ်သက် သေပြနိုင်ရန် ကြိုးပမ်းနေကြသည်။ အဆိုပါ အမှုများတွင် လူသတ်မှုများ၊ မူးယစ်တရားမဝင် ကုန်သွယ်မှုများ၊ ငွေညှစ်မှုများ၊ ငွေကြေးခဝါချမှုများနှင့် ရာထူးလုပ်ပိုင်ခွင့် အလွဲသုံးမှုများအပါအဝင် အညှာအတာကင်းမဲ့စွာ ကျူးလွန်သော ရာဇဝတ်မှုများနှင့် အစိုးရဝန်ထမ်းများနှင့် စီးပွားရေးသမားများ ပူးပေါင်းကျူးလွန်ခဲ့သည့် ငွေကြေးမသမာမှုများလည်း ပါဝင်ခဲ့သည်။
ယခု စစ်ဆေးမှုသည် အီတလီနိုင်ငံတွင် မာဖီးယားဂိုဏ်းများကို နှိမ်နင်းရန်အတွက် တရားဥပဒေ ဆိုင်ရာ အဟန့်အတားတစ်ရပ်အသွင် တည်ဆောက်လိုက်သည့် အုတ်မြစ်တစ်ခုဖြစ်ကြောင်း အဓိကရုဏ်းဆန့်ကျင်သူ အစိုးရရှေ့နေ Nicola Gratteri က အေအက်ဖ်ပီကို ပြောကြားခဲ့သည်။
လက်ရှိစစ်ဆေးမှုသည် အနည်းဆုံး တစ်နှစ် သို့မဟုတ် တစ်နှစ်ထက်ပို၍ ကြာမြင့်နိုင်သည်ဟု ယူဆရပြီး တရားခံ ၃၅၅ ဦး၊ အစိုးရမျက်မြင်သက်သေ ၉၀၀ ကျော်နှင့် သစ္စာဖောက်မှုများကို ပြင်းထန်စွာနှိမ်နင်းသည့် 'Ndrangheta ဂိုဏ်းတွင်း နစ်နာသူများသည် မိသားစုအလားသွေးစည်း ခဲ့ကြသဖြင့် လာရောက်ပူးပေါင်းကြသူ မကြုံစဖူးများပြားခဲ့သည်။