- စစ်တွေသို့ ကုန်ပစ္စည်းတင်ပို့မှု စစ်ကောင်စီ ပိတ်ပင်
- ထိုင်းအစိုးရက မြန်မာဒုက္ခသည်များ၏ ကျန်းမာရေးအတွက် ဘတ်သန်း ၁၆၀ သုံးရန် လျာထား
- စစ်တွေတွင် မွတ်ဆလင်ကျေးရွာ တစ်ရွာမှ လူ ၃၀ ဦးစီ တပ်သားသစ်စုဆောင်းခံထားရဟု ကုလ ပြော
- ရခိုင်တောင်ပိုင်းက စစ်ဘေးရှောင်များကို ကူညီပေးရန် အလေးထားလုပ်နေကြောင်း ULA/AA ပြော
- ဧရာဝတီက စစ်ဘေးရှောင်များကို နေရပ်ပြန်ရန် စစ်ကောင်စီ ဖိအားပေးနေ
မက္ကာတွင် ယခုနှစ် ဘုရားဖူး တစ်သန်းအထိ လက်ခံမည်
ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့တွင် ယခုနှစ်၌ ဘုရားဖူး တစ်သန်းအထိ လက်ခံသွားမည်ဟု အာဏာပိုင်များ၏ ပြောကြားချက်ကို ကိုးကားပြီး အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
06 Jul 2022

DMG ၊ ဇူလိုင် ၆
ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့တွင် ယခုနှစ်၌ ဘုရားဖူး တစ်သန်းအထိ လက်ခံသွားမည်ဟု အာဏာပိုင်များ၏ ပြောကြားချက်ကို ကိုးကားပြီး အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ကမ္ဘာတစ်ဝန်း ကိုဗစ်ကူးစက်မှု ပျံ့နှံ့လာခြင်းကြောင့် မက္ကာသို့ ဘုရားဖူးလာရောက်ခြင်းကို အကြီးအကျယ် ကန့်သတ်ခဲ့ပြီးနောက်တွင် ယခုနှစ်၌ ပထမဆုံးအကြိမ် စတင်လက်ခံခြင်းဖြစ်သည်။
ပြည်ပဘုရားဖူး ၈ သိန်းခွဲအပါအဝင် ယခုနှစ်တွင် စုစုပေါင်း ၁ သန်းလက်ခံမည်ဖြစ်ပြီး လက်ရှိအချိန်အထိ ပြည်ပမှ ဆော်ဒီသို့ရောက်ရှိလာသူ စုစုပေါင်း ၆ သိန်းခွဲရှိပြီဟု အာဏာပိုင်များက ဇူလိုင်လ ၃ ရက်နေ့က ပြောကြားသည်။
သို့သော်လည်း ဇူလိုင် ၄ ရက်နေ့က မက္ကာသို့ဝင်ရောက်ခွင့် ပိတ်ပင်ခံခဲ့ရသူ ၁ သိန်းနီးပါးရှိကြောင်းလည်း ဆော်ဒီအာဏာပိုင်များက ပြောသည်။ ဝင်ခွင့်မရှိဘဲ ဝင်ရောက်ရန်ကြိုးပမ်းခဲ့သူ ၂၈၈ ဦးကိုလည်း ဖမ်းဆီးပြီးဒဏ်ရိုက်ထားကြောင်း အာဏာပိုင်များ၏ ပြောကြားချက်အရ သိရသည်။
မက္ကာသို့ ၂၀၁၉ ခုနှစ်တွင် လာရောက်ခဲ့သည့် ဘုရားဖူးအရေအတွက်သည် ၂.၅ သန်းရှိခဲ့သည်။ နောက်နှစ်တွင် ကိုဗစ်ကပ်ဘေးအစပျိုးလာသဖြင့် ပြည်ပမှဝင်ရောက်ခွင့်ကို စတင်တားမြစ်ခဲ့ပြီး ဘုရားဖူး တစ်သောင်းခန့်သာ လက်ခံခဲ့သည်။
၂၀၂၁ ခုနှစ်တွင် ကိုဗစ်ကာကွယ်ဆေး အပြည့်အဝထိုးနှံပြီးဖြစ်သည့် ဆော်ဒီနိုင်ငံသား ၆ သောင်းကို ဘုရားဖူးလက်ခံခဲ့သည်။
မက္ကာသို့ သွားရောက်ပြီး ဘုရားဖူးခြင်းသည် အစ္စလာမ်ဘာသာဝင်များ၏ အရေးပါသော ကဏ္ဍငါးရပ်ထဲတွင် တစ်ခုဖြစ်ပြီး မူဆလင်များ တစ်သက်တွင် အနည်းဆုံးတစ်ကြိမ် သွားရောက်နိုင်ရန် မျှော်လင့်ကြသည်။