- ရခိုင်ပြည်ကို ချောက်ထဲသို့ တွန်းပို့မည့် ဘင်္ဂလားဒေ့ရှ်၏ ကစားကွက်
- စာသင်ကျောင်း ဗုံးကြဲခံရပြီးနောက် လေးမျက်နှာ ဒေသခံ ၁၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီး
- မန္တလေး-ကျောက်ဖြူ ရထားလမ်းနှင့် ရေနက်ဆိပ်ကမ်းများကို အကောင်အထည်ဖော်နေကြောင်း စစ်ခေါင်းဆောင် ပြော
- လမ်းမကြီးပေါ်တွင် ကျွဲ၊ နွားတိရစ္ဆာန်များ လွှတ်ကျောင်းခြင်း လုံးဝ မပြုရန် ULA/AA ဒေသန္တရ အမိန့်ထုတ်
- ရခိုင်သို့ပို့မည့် ပဲအိတ် ၆၀၀ ကျော်နှင့် ကုန်စည်အများအပြား ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
မေရိကန်တွင် မျောက်ကျောက်ရောဂါ အရေးပေါ်အခြေအနေ ကြေညာ
ကမ္ဘာတစ်ဝန်း စိုးရိမ်စရာဖြစ်လာနေသည့် မျောက်ကျောက်ရောဂါ ကူးစက်မှုအား အမရိကန်ပြည်ထောင်စုတွင် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် သြဂုတ်လ ၄ ရက်နေ့၌ ကြေညာလိုက်သည်။
07 Aug 2022

DMG ၊ ဩဂုတ် ၇
ကမ္ဘာတစ်ဝန်း စိုးရိမ်စရာဖြစ်လာနေသည့် မျောက်ကျောက်ရောဂါ ကူးစက်မှုအား အမရိကန်ပြည်ထောင်စုတွင် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် သြဂုတ်လ ၄ ရက်နေ့၌ ကြေညာလိုက်သည်။
ယခုကြေညာချက်သည် ရက် ၉၀ ကြာ အသက်ဝင်မည်ဖြစ်ကာ လိုအပ်လျှင် သက်တမ်းထပ်တိုးနိုင်သည်။
လတ်တလောတွင် အမေရိကန်ပြည်ထောင်စု၌ မျောက်ကျောက်ရောဂါ ကူးစက်မှုစုစုပေါင်း ၆၆၀၀ ရှိပြီး ကူးစက်မှု လေးပုံတစ်ပုံခန့်မှာ နယူးယောက်ပြည်နယ်မှ ဖြစ်သည်။
လူနာအချို့၏ ရောဂါလက္ခဏာများသည် အသိသာကြီးမဟုတ်သလို အနာတစ်မျိုးတည်း ဖြစ်ပွားတတ်သည်များလည်း ရှိတတ်သဖြင့် ကူးစက်မှုအရေအတွက် အမှန်သည် ယခုထက် ပိုများနိုင်သည်ဟု ကျွမ်းကျင်သူများက ယူဆကြသည်။
အစိုးရက လတ်တလောတွင် မျောက်ကျောက်ကာကွယ်ဆေး JYNNEOS ၆ သိန်းခန့် ဖြန့်ဝေထားသည်။ သို့သော်လည်း ကူးစက်မှုခံရနိုင်ခြေ ရှိသူအရေအတွက်မှာ ၁.၆ သန်းခန့်ရှိသည်ဟု တွက်ချက်ထားရာ ကာကွယ်ဆေးအရေအတွက်မှာ လိုအပ်ချက်နှင့် မကာမိဖြစ်နေကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။
အမေရိကန်နိုင်ငံတစ်ဝန်းတွင် ဖြစ်ပွားခဲ့သည့် မျောက်ကျောက်ကူးစက်မှု စုစုပေါင်း၏ ၉၉ ရာခိုင်နှုန်းခန့်မှာ အမျိုးသားချင်း လိင်ဆက်ဆံမှု ပြုလုပ်ခဲ့သူများ ဖြစ်သည်ဟု ကျန်းမာရေးနှင့် လူမှုဝန်ထမ်း ဌာနက ပြီးခဲ့သောသီတင်းပတ်တွင် ပြောကြားသည်။ ကာကွယ်ဆေး ထိုနှံပေးရန် အဓိကဦးတည်ထားသည့် အုပ်စုမှာလည်း အဆိုပါအုပ်စုဖြစ်သည်ဟု ဌာန၏ ပြောကြားချက်အရ သိရသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကလည်း မျောက်ကျောက်ရောဂါ ကူးစက်မှုကို အရေးပေါ်ကျန်းမာရေး အခြေအနေအဖြစ် ပြီးခဲ့သောလတွင် သတ်မှတ်ကြေညာခဲ့သည်။