- ရခိုင်သို့ ဓာတ်မြေသြဇာ သယ်ယူသူ ၁၁ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
- ဆက်သွယ်ရေးအခက်အခဲကြောင့် ရမ်းဗြဲကျွန်းက ဒေသခံများ လူမှုစီးပွား ပိုကျပ်တည်းနေ
- မောင်တောတိုက်ပွဲတွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀၀ ကျော်ကို ပြန်လွှဲပြောင်းထား
- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
ကမ္ဘာတစ်ဝန်း ကိုရိုနာကြောင့်သေဆုံးသူ ၉ သိန်းပြည့်ပြီ
ကိုရိုနာကပ်ဘေးကြီးကြောင့် ကမ္ဘာတစ်ဝန်းတွင် သေဆုံးသူစုစုပေါင်းသည် ၉ သိန်း အထိ မြင့်တက်သွားပြီဖြစ်ကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
10 Sep 2020

ကိုရိုနာကပ်ဘေးကြီးကြောင့် ကမ္ဘာတစ်ဝန်းတွင် သေဆုံးသူစုစုပေါင်းသည် ၉ သိန်း အထိ မြင့်တက်သွားပြီဖြစ်ကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ကူးစက်မှုစုစုပေါင်းမှာ စက်တင်ဘာလ ၁၀ ရက်နေ့တွင် ၂၈ သန်းပြည့်သွားပြီဖြစ်ကြောင်း Worldometers ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသော အချက်အလက်များအရ သိရသည်။ ကူးစက်မှုအများဆုံးမှာ လက်တင်အမေရိကနှင့် ကာရစ်ဘီယံဒေသတို့ဖြစ်ပြီး ဥရောပမှာ ဒုတိယအများဆုံးဖြစ်သည်။
ကိုဗစ်-၁၉ ကြောင့် သေဆုံးမှုအများဆုံးနိုင်ငံမှာ အမေရိကန်ပြည်ထောင်စုဖြစ်ကာ သေဆုံးသူစုစုပေါင်း ၁၉၀,၀၀၀ ကျော်သွားပြီဖြစ်သည်။ ဒုတိယအများဆုံးမှာ ဘရာဇီးဖြစ်ပြီး သေဆုံးသူစုစုပေါင်း ၁၂၈,၀၀၀ ခန့်ရှိသည်။
ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်ကပ်ဘေးကြောင့် လူမှုစီးပွား ဆုတ်ယုပ်မှုကို ခံစားနေရသူ ဘီလျံနှင့်ချီ ရှိနေသည်။ ဆေးဝါးကုမ္ပဏီများသည် ကိုဗစ်ကုသဆေး အပြိုင်အဆိုင် ရှာဖွေနေကြသည်။ ၎င်းတို့အနက် ကုမ္ပဏီ ၉ ခုမှာ စမ်းသပ်မှု နောက်ဆုံးအဆင့်ဖြစ်သည့် အဆင့် ၃ သို့ ရောက်ရှိနေကြပြီဖြစ်သည်။
သို့သော်လည်း ကိုဗစ်-၁၉ ကုသဆေးအတွက် အဆင့်အမြင့်ဆုံး နည်းပညာများဖြင့် စမ်းသပ်ရှာဖွေလျက်ရှိသော အက်စထရာဇီနီကာ (AstraZeneca) နှင့် အောက်စဖို့တက္ကသိုလ် နှစ်ဖွဲ့ကမူ လူနှင့်စမ်းသပ်ရာတွင် အဖြေမဖော်နိုင်သော ဖျားနာမှုများ တွေ့ရှိရသဖြင့် ၎င်းတို့၏ စမ်းသပ်ချက်များအား ယခုသီတင်းပတ်တွင် ရပ်ဆိုင်းလိုက်ကြပြီ ဖြစ်သည်။