- မြန်မာနိုင်ငံသားများကို လူသားချင်းစာနာလျက် ဆက်လက်စောင့်ရှောက်ပေးရန် ထိုင်းကို NUG မေတ္တာရပ်ခံ
- အရှေ့တီမောကို အာဆီယံအဖွဲ့ဝင်အဖြစ် လက်ခံမည့်အစီအစဉ် မြန်မာစစ်ကောင်စီ မထောက်ခံ
- မလေးတွင် မြန်မာအများစု နေထိုင်သည့်တိုက်ခန်း ဝင်စီးခံရကာ လူပေါင်း ၄၀ ခန့် ဖမ်းဆီးခံရ
- စစ်ကောင်စီထိန်းချုပ်ဆဲ ကျောက်ဖြူတွင် ထူပြောလာသည့် ရာဇဝတ်မှုများကို မထိန်းချုပ်နိုင်ဖြစ်လာ
- အင်္ဂပူက ကျေးရွာနှစ်ခုတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းများကို AA နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်
သေဆုံးနှုန်းမြင့်သည့် မားဘက်ရောဂါပိုး ကူးစက်မှုအသစ် အနောက်အာဖရိကတွင် တွေ့ရှိ
မားဘက်ရောဂါ လူနာတစ်ဦးအား တွေ့ရှိထားကြောင်း ဂီနီနိုင်ငံက အတည်ပြုသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က တနင်္လာနေ့တွင် ထုတ်ပြန်သည်။
11 Aug 2021

DMG ၊ ဩဂုတ် ၁၁
မားဘက်ရောဂါ လူနာတစ်ဦးအား တွေ့ရှိထားကြောင်း ဂီနီနိုင်ငံက အတည်ပြုသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က တနင်္လာနေ့တွင် ထုတ်ပြန်သည်။
မားဘက်ရောဂါသည် အီဘိုလာနှင့် ဆက်စပ်နေသလို ကိုဗစ်-၁၉ ကဲ့သို့ တိရစ္ဆာန်မှ လူသို့ ကူးစက်နိုင်သော ပိုးအမျိုးအစားဖြစ်ကာ ယခုတွေ့ရှိမှုသည် အနောက်အာဖရိကတွင် ပထမဆုံးအကြိမ် တွေ့ရှိရခြင်းလည်း ဖြစ်သည်။
မားဘက်ဗိုင်းရပ်စ်သည် လင်းနို့များမှတစ်ဆင့် ကူးစက်တတ်ပြီး သေဆုံးမှုနှုန်းမှာ ၈၈ ရာခိုင်နှုန်းအထိ ရှိသည်။
ဂီနီနိုင်ငံတောင်ပိုင်း ဂူကဲဒိုး (Gueckedou) မြို့တွင် သြဂုတ်လ ၂ ရက်နေ့က သေဆုံးသွားသည့် လူနာတစ်ဦးကို သွေးစစ်ရာတွင် မားဘက်ရောဂါပိုးကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း WHO က ပြောကြားသည်။
ဂီနီနိုင်ငံ၌ ဒုတိယအကြိမ် ဖြစ်ပွားခဲ့သော အီဘိုလာရောဂါအား အဆုံးသတ်နိုင်ပြီဟု WHO က ကြေညာပြီး နှစ်လအကြာတွင် ယခုကဲ့သို့ မားဘက်ရောဂါပိုးကို တွေ့ရှိရခြင်း ဖြစ်သည်။
မားဘက်ရောဂါဗိုးကို ဂျာမနီနိုင်ငံ မားဘက်မြို့ ဖရန့်ဖော့မြို့၊ အနောက်ဂျာမနီ၊ ဘဲလ်ဂရိတ်၊ ယူဂိုဆလားဗီးယားနိုင်ငံတို့တွင် ၁၉၆၇ ခုနှစ်၌ စတင်တွေ့ရှိခဲ့သည်။ နောက်ပိုင်းတွင် တောင်အာဖရိက၊ ကင်ညာ၊ ကိုဆိုဗို၊ ကွန်ဂို၊ အင်ဂိုလာ၊ ယူဂန်ဒါနှင့် ဂီနီနိုင်ငံများတွင် တွေ့ရှိလာရခြင်း ဖြစ်သည်။
ဗိုင်းရပ်စ်ကူးစက်ခံရလျှင် ရောဂါလက္ခဏာ ချက်ချင်း ပြသပြီး အပြင်းအထန် ဖျားခြင်း၊ ခေါင်းကိုက်ခြင်းများ ဖြစ်တတ်သည်။ ရောဂါပိုးရှိသူ၏ ကိုယ်မှ ထွက်သော အရည်၊ သို့မဟုတ် ရောဂါရှင် ထိတွေ့ထားသည့် ပစ္စည်းများကို ကိုင်တွယ်မိခြင်းများ မှတစ်ဆင့် ကူးစက်ခြင်း ဖြစ်ကြောင်း WHO က ပြောသည်။
မားဘက်ရောဂါအတွက် အတည်ပြုထားသော ကာကွယ်ဆေး သို့မဟုတ် ကုထုံးများ မရှိသေးသော်လည်း ရေဓာတ်ပြန်လည်ဖြည့်တင်းပေးခြင်း၊ သီးခြား ပေါ်ထွက်လာသော ရောဂါလက္ခဏာများကို ကုသပေးခြင်းဖြင့် သေဆုံးမှု နှုန်းကို လျှော့ချနိုင်ကြောင်း WHO ၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့်နှစ်က တစ်ကျော့ပြန် ဖြစ်ပွားခဲ့သည့် အီဘိုလာရောဂါကြောင့် ဂီနီနိုင်ငံတွင် လူ ၁၂ ဦး သေဆုံးခဲ့သည်။
အနောက်အာဖရိကတွင် ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ဖြစ်ပွားခဲ့သည့် အီဘိုလာ ကပ်ရောဂါကြောင့် လူပေါင်း ၂၈၆၄၆ ဦး ကူးစက်ခံခဲ့ရပြီး ၁၁၃၂၃ ဦး သေဆုံးခဲ့သည်။