- ကျောက်ဖြူတွင် လှောင်ပိတ်ခံနေရသည့် ရခိုင်ခရီးသည်များ အကျပ်အတည်းများစွာ ရင်ဆိုင်နေရ
- ထိုင်းနှင့် ကမ္ဘောဒီးယားအကြား လက်နက်ရုပ်သိမ်းပြီး နယ်စပ်ဂိတ်များ ပြန်ဖွင့်ရန် သဘောတူ
- AA ထိန်းချုပ်နယ်မြေတွင် ကျွမ်းကျင်ဆရာဝန် နည်းပါး၍ ကျန်းမာရေးကိစ္စ အခက်အခဲဖြစ်နေ
- ကာတာရှိ ဟားမားစ်ခေါင်းဆောင်များကို အစ္စရေးက လေကြောင်းမှ တိုက်ခိုက်
- မြန်မာနိုင်ငံတွင် ဆိုးဝါးသည့် မြေမြှုပ်မိုင်းအန္တရာယ် ကိုင်တွယ်ရန် အဖြေရှာပေးနေသည့် လူသားချင်းစာနာမှုဆိုင်ရာ မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များ
မြန်မာကို လက်နက်ရောင်းချမှု ချက်ချင်းဆိုင်းငံ့ရေးအဆို အာဆီယံနိုင်ငံများ ကန့်ကွက်
မြန်မာစစ်တပ်အား လက်နက်ရောင်းချမှု ဆိုင်းငံ့မည့် ကုလသမဂ္ဂ၏ အဆိုအား ဖယ်ရှားပေးရန် အာဆီယံနိုင်ငံများက ကုလသမဂ္ဂကို တိုက်တွန်းလိုက်ကြောင်း Benar News သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
29 May 2021

DMG ၊ မေ ၂၉
မြန်မာစစ်တပ်အား လက်နက်ရောင်းချမှု ဆိုင်းငံ့မည့် ကုလသမဂ္ဂ၏ အဆိုအား ဖယ်ရှားပေးရန် အာဆီယံနိုင်ငံများက ကုလသမဂ္ဂကို တိုက်တွန်းလိုက်ကြောင်း Benar News သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ကုလသမဂ္ဂ အထွေထွေညီလာခံ၌ မြန်မာ့အရေး ဆွေးနွေးချက်မူကြမ်း တင်သွင်းမည့် နိုင်ငံများအား အာဆီယံ ကိုးနိုင်ငံ စုပေါင်းပြီး စာတစ်စောင် ရေးသား တိုက်တွန်းလိုက်ခြင်း ဖြစ်ကြောင်း သံတမန်တစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။
မြန်မာသို့ လက်နက်ရောင်းချမှု သို့မဟုတ် လွှဲပြောင်းပေးအပ်မှု အားလုံးကို “ချက်ချင်းဆိုင်းငံ့ရန်” ဆိုသည့်အချက်အား ဖြုတ်ပေးရန် တောင်းဆိုထားခြင်း ဖြစ်သည်။
အာဆီယံအဖွဲ့က ပေးပို့သည့် စာထဲတွင် အဘယ်ကြောင့်ဟူသည့် အကြောင်းပြချက် ဖော်ပြမထားကြောင်း၊ စာထဲတွင်လည်း မြန်မာမပါဝင်ဘဲ ကျန်ရှိသော အာဆီယံ ကိုးနိုင်ငံသာ စုပေါင်း တောင်းဆိုထားခြင်းဖြစ်ကြောင်း Liechtenstein နိုင်ငံ၏ ကုလသမဂ္ဂဆိုင်ရာ လက်ထောက် အမြဲတမ်းကိုယ်စားလှယ် Gerorg Sparber က Benar News သတင်းဌာနသို့ ဖြေကြားသည်။
မူကြမ်းတင်သွင်းရန် ထောက်ခံသည့်နိုင်ငံများအနက် တစ်နိုင်ငံမှ အဆင့်မြင့်အရာရှိတစ်ဦးကမူ အာဆီယံသည် မြန်မာ့အရေးနှင့် ပတ်သက်ပြီး ဦးဆောင်ဖြေရှင်းသင့်သည်ဟု ယူဆသည့်အတွက် မူကြမ်းကို ပြန်လည်ပြင်ဆင်လိုခြင်း ဖြစ်ကြောင်း Benar News သတင်းဌာနသို့ ဖြေကြားသည်။
လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ Human Rights Watch ကမူ ကုလက မြန်မာအပေါ် လက်နက်ရောင်းချမှု ပိတ်ပင်မည့်အဆိုကို ဖယ်ရှားပေးရန် အာဆီယံ၏ တောင်းဆိုချက်အား ရှုတ်ချထားသည်။
အာဆီယံအဖွဲ့ကြီးအနေဖြင့် မြန်မာ့အရေးသည် ဒေသတွင်းကိစ္စသာ ဖြစ်သည်ဟု ပြောဆိုကာ ကိုယ့်တာဝန်ကိုယ်မယူဘဲ လိုက်လံ ဖုံးဖိနေခြင်းမျိုး မလုပ်သင့်ကြောင်းလည်း HRW အဖွဲ့၏ ထုတ်ပြန်ချက် တစ်ရပ်တွင် ထည့်သွင်းပြောကြားထားသည်။