- တရုတ် ဆိုလာအင်ဗာတာများထဲတွင် အမျိုးအမည်မသိ ဆက်သွယ်ရေးစက်များ တွေ့ရှိ
- ရေကြည်နှင့် လေးမျက်နှာတွင် တိုက်ပွဲပြင်းနေ
- လက်နက်ကိုင်တပ်ဖွဲ့အချို့ လူမျိုးရေးအစွဲပြု၍ ဖြိုခွဲနေကြောင်း စစ်ကောင်စီ လက်ဝေခံ ပါတီများ အပြစ်ဆို
- AA ပစ်ခတ်သဖြင့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားနှစ်ဦး ဒဏ်ရာရ
- ရသေ့တောင်၊ ထွန်းရဝေရွာ ဗုံးကြဲခံရမှု ဒေသခံ ၁၃ ဦး သေဆုံး၊ ၂၀ ဦးထက်မနည်း ဒဏ်ရာရ
မြန်မာအပေါ် ထပ်တိုးဒဏ်ခတ်ဖို့ သမ္မတဘိုင်ဒန်အား အမေရိကန် လွှတ်တော်အမတ် ၆ ဦး တိုက်တွန်း
မြန်မာအစိုးရပိုင် စွမ်းအင်ကုမ္ပဏီ၏ ဝင်ငွေလည်ပတ်မှုအား ပိတ်ဆို့ခြင်း အပါအဝင် စစ်တပ်အား ဒဏ်ခတ်ပိတ်ဆို့မှုများ တိုးမြှင့်ဆောင်ရွက်ပေးရန် အမေရိကန် လွှတ်တော်အမတ်အချို့ စုပေါင်းပြီး သမ္မတဘိုင်ဒန်အစိုးရအား တောင်းဆိုလိုက်သည်။
29 Apr 2021

DMG ၊ ဧပြီ ၂၉
မြန်မာအစိုးရပိုင် စွမ်းအင်ကုမ္ပဏီ၏ ဝင်ငွေလည်ပတ်မှုအား ပိတ်ဆို့ခြင်း အပါအဝင် စစ်တပ်အား ဒဏ်ခတ်ပိတ်ဆို့မှုများ တိုးမြှင့်ဆောင်ရွက်ပေးရန် အမေရိကန် လွှတ်တော်အမတ်အချို့ စုပေါင်းပြီး သမ္မတဘိုင်ဒန်အစိုးရအား တောင်းဆိုလိုက်သည်။
ဒီမိုကရက်တစ် လွှတ်တော်အမတ် ဂျက်မက်ကလေနှင့် ရီပါပလစ်ကန်အမတ် မာကိုရူဘီယိုအပါအဝင် လွှတ်တော်အမတ် ၆ ဦးစုပေါင်း၍ ဧပြီလ ၂၈ ရက်နေ့တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်နှင့် ဘဏ္ဍာရေးဝန်ကြီး ဂျဲနက်ယယ်လင် တို့ထံ စာရေးသား တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။
လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ မြင့်တက်လာသည်ကို ရင်ဆိုင်ပြီး ဒီမိုကရေစီရေးအတွက် ရုန်းကန်နေကြသည့် မြန်မာလူထူကို အားပေးကူညီနိုင်မည့် နည်းလမ်းအသစ်များ ရှာဖွေရန် တောင်းဆိုချက်တွင် ထည့်သွင်း ဖော်ပြထားသည်။
လွှတ်တော်အမတ်များသည် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နှင့် စီးပွားရေးလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်နေသည့် အမေရိကန် စွမ်းအင်ကုမ္ပဏီ ချက်ဗရွန်ကော်ပိုရေးရှင်း၏ ငွေကြေးလည်ပတ်မှုများ မြန်မာထံ မရောက်အောင် ပိတ်ဆို့ပေးရန် သမ္မတဘိုင်ဒန်အစိုးရအား တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
MOGE သည် အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားပြီး ဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် တပ်မတော်ခေါင်းဆောင်များအတွက် ဘဏ္ဍာငွေများ ရှာဖွေပေးနေခြင်း ဖြစ်သည်။
ချက်ဗရွန်ကော်ပိုရေးရှင်းသည် MOGE နှင့် ပူးပေါင်းလုပ်ကိုင်နေသည့် ရတနာ သဘာဝဓာတ်ငွေ့တူးဖော်ရေး စီမံကိန်းတွင် ရှယ်ယာ ၂၈.၃ ရာခိုင်နှုန်း ထည့်ဝင်ထားသည်။
အမေရိကန်ပိုင် ချက်ဗရွန်နှင့် ပြင်သစ်ပိုင် တိုတယ်ကုမ္ပဏီတို့သည် မြန်မာအစိုးရအတွက် ငွေကြေး အဓိက ရှာဖွေပေးနေသည့် ကုမ္ပဏီများဖြစ်ပြီး မြန်မာသည် ထိုလုပ်ငန်းများမှ နှစ်စဉ် အမေရိကန်ဒေါ်လာ ငွေသား ၁.၁ ဘီလျံခန့် ရရှိနေကြောင်း လွှတ်တော်အမတ်များက ပြောသည်။