- ရခိုင်ပြည်ကို ချောက်ထဲသို့ တွန်းပို့မည့် ဘင်္ဂလားဒေ့ရှ်၏ ကစားကွက်
- စာသင်ကျောင်း ဗုံးကြဲခံရပြီးနောက် လေးမျက်နှာ ဒေသခံ ၁၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီး
- မန္တလေး-ကျောက်ဖြူ ရထားလမ်းနှင့် ရေနက်ဆိပ်ကမ်းများကို အကောင်အထည်ဖော်နေကြောင်း စစ်ခေါင်းဆောင် ပြော
- လမ်းမကြီးပေါ်တွင် ကျွဲ၊ နွားတိရစ္ဆာန်များ လွှတ်ကျောင်းခြင်း လုံးဝ မပြုရန် ULA/AA ဒေသန္တရ အမိန့်ထုတ်
- ရခိုင်သို့ပို့မည့် ပဲအိတ် ၆၀၀ ကျော်နှင့် ကုန်စည်အများအပြား ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
တရုတ်တွင် ကိုဗစ်ကပ်ဘေးတစ်လျှောက် တစ်နေ့တာကူးစက်မှု အမြင့်ဆုံးပမာဏသို့ ရောက်ရှိ
တရုတ်ပြည်တွင် ၂၀၁၉ ခုနှစ် ကိုဗစ်ကူးစက်မှု စတင်ချိန်နောက်ပိုင်း တစ်နေ့တာကူးစက်မှု အမြင့်ဆုံးသို့ ရောက်ရှိခဲ့ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
25 Nov 2022
ဓာတ်ပုံ - AFP
DMG | နိုဝင်ဘာ ၂၅
တရုတ်ပြည်တွင် ၂၀၁၉ ခုနှစ် ကိုဗစ်ကူးစက်မှု စတင်ချိန်နောက်ပိုင်း တစ်နေ့တာကူးစက်မှု အမြင့်ဆုံးသို့ ရောက်ရှိခဲ့ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
နိုဝင်ဘာလ ၂၃ ရက်နေ့၌ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကူးစက်မှုအရေအတွက်သည် ၃၁၄၅၄ အထိရှိခဲ့ကြောင်း အမျိုးသားကျန်းမာရေးဗျူရို၏ ထုတ်ပြန်ချက်အရ သိရသည်။ ၎င်းတို့အနက် ၂၇၅၁၇ မှာ ရောဂါလက္ခဏာ တစ်စုံတစ်ရာမပြဘဲ ကူးစက်ခံထားရခြင်း ဖြစ်သည်။
လူဦးရေ ၁.၄ ဘီလျံရှိသည့် တရုတ်အတွက် ယခုကူးစက်မှုသည် အနောက်နိုင်ငံများနှင့် ယှဉ်ပါက အလွန်နည်းပါးသော နှုန်းထားဖြစ်သည်။ သို့သော်လည်း တရုတ်သည် ကိုဗစ်သုည မူဝါဒကို ကျင့်သုံးပြီး အနည်းအကျဉ်း ကူးစက်မှုများဖြစ်လျှင်ပင် တစ်မြို့လုံးကို လော့ဒေါင်းချခြင်း၊ ကိုဗစ်လူနာများကို ကွာရန်တင်းသွင်းခြင်းများ ပြုလုပ်လေ့ရှိသဖြင့် ယခုပမာဏသည် ကြီးမားသော ရိုက်ခတ်မှုဖြစ်သည်။
လက်ရှိ ကူးစက်မှုများကြောင်း ဘေဂျင်း၊ ရှန်ဟဲ၊ ကွမ်ကျိုးနှင့် ချုံကင်းအပါအဝင် မြို့ကြီး အများအပြားတွင် ကိုဗစ်စည်းကမ်းများ တင်းတင်းကြပ်ကြပ် ချမှတ်ကာ ထိန်းချုပ်လျက်ရှိသည်။
မြို့တော်ဘေဂျင်းတွင်လည်း ဈေးဝယ်စင်တာ၊ ဟိုတယ်နှင့် အစိုးရအဆောက်အအုံများကဲ့သို့ အများပြည်သူ နေရာများသို့ သွားလာသူများသည် ၂၄ နာရီအတွင်း စစ်ဆေးထားသည့် ကိုဗစ်ကင်းရှင်းကြောင်း လက်မှတ် ပြသရန် လိုအပ်မည်ဖြစ်သည်။
တရုတ်တွင် နောက်ဆုံးအကြိမ် စံချိန်တင် ကူးစက်မှုမှာ ဧပြီလအတွင်းကဖြစ်ကာ အရေအတွက် ၂၉၃၉၀ ရှိသည်။ အဆိုပါကူးစက်မှု ဖြစ်ပွားစဉ်က ရှန်ဟဲတစ်မြို့လုံးကို လော့ဒေါင်းချလိုက်သဖြင့် မြို့ခံများသည် အစားအစာနှင့် ကျန်းမာရေးစောင့်ရှောက်မှု ရရှိရန် ရုန်းကန်ခဲ့ရသည်။