- ရခိုင်သို့ ဓာတ်မြေသြဇာ သယ်ယူသူ ၁၁ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
- ဆက်သွယ်ရေးအခက်အခဲကြောင့် ရမ်းဗြဲကျွန်းက ဒေသခံများ လူမှုစီးပွား ပိုကျပ်တည်းနေ
- မောင်တောတိုက်ပွဲတွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀၀ ကျော်ကို ပြန်လွှဲပြောင်းထား
- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
တောင်ကိုရီးယားဘက်က လွှတ်တင်သည့် ပူပေါင်းများမှတစ်ဆင့် ကိုဗစ်ကူးစက်ခံရခြင်းဟု မြောက်ကိုရီးယား ခန့်မှန်း
မြောက်ကိုရီးယားတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားရခြင်းသည် တောင်ကိုရီးယားဘက်က လွှတ်တင်သည့် ပူပေါင်းများနှင့် ထိတွေ့မိသူများမှ စတင်ဖြစ်ပွားခဲ့ခြင်းဟု မြောက်ကိုရီးယားက ဇူလိုင်လ ၁ ရက်နေ့တွင် ပြောကြားကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
02 Jul 2022

DMG ၊ ဇူလိုင် ၂
မြောက်ကိုရီးယားတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားရခြင်းသည် တောင်ကိုရီးယားဘက်က လွှတ်တင်သည့် ပူပေါင်းများနှင့် ထိတွေ့မိသူများမှ စတင်ဖြစ်ပွားခဲ့ခြင်းဟု မြောက်ကိုရီးယားက ဇူလိုင်လ ၁ ရက်နေ့တွင် ပြောကြားကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
တောင်ကိုရီးယားဘက်မှ လှုပ်ရှားတက်ကြွသူများသည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းကို ဝေဖန်သည့် ဝါဒဖြန့်ချိရေးစာစောင်များကို ပူပေါင်းများတွင် ချိတ်ဆွဲကာ မြောက်ကိုရီးယားဘက်သို့ လွှတ်တင်လေ့ရှိသည်။
အဆိုပါ တက်ကြွလှုပ်ရှားသူများအား တောင်ကိုရီးယားအစိုးရက တားမြစ်ခြင်း မပြုသည့်အပေါ်လည်း မြောက်ကိုရီးယားသည် စိတ်ဆိုးဒေါသထွက်လေ့ရှိသည်။
မြောက်ကိုရီးယား ကူးစက်ရောဂါကာကွယ်ရေးဌာနသည် တောင်ကိုရီးယားနယ်စပ်ရှိ မြောက်ကိုရီးယားဘက်ခြမ်းမှ အီဖိုမြို့တွင် အုပ်စုလိုက်ကူးစက်မှုများ တွေ့ရှိခဲ့ရပြီး အဆိုပါမြို့ခံအချို့သည် အဖျားရောဂါဖြင့် ပြုံယမ်းသို့ ခရီးသွားခြင်းများ ရှိခဲ့သည်ဟု မြောက်ကိုရီးယား အစိုးရပိုင် ရုပ်သံ (KCNA) က ကြေညာသည်။
အီဖိုမြို့မှ ၁၈ အရွယ် စစ်သားတစ်ဦးနှင့် ၅ နှစ်အရွယ် ကလေးတစ်ဦးသည် ဧပြီလအစောပိုင်းတွင် “ပြင်ပမှအရာဝတ္ထုများ” နှင့် ထိတွေ့မိခဲ့ပြီးနောက် အိုမီခရွန်ကိုဗစ်မျိုးကွဲ ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု KCNA က ပြောသည်။
ကူးစက်မှုကာကွယ်တားဆီးရေးဌာနက အရာရှိများအား ကိုရီးယားနယ်စပ်တလျှောက်မှ “လေနှင့် ရာသီဥတုကြောင့် ပြင်ပမှ ဝင်ရောက်လာသည့် အရာဝတ္ထုများနှင့် ပူပေါင်းများအား သတိထားကိုင်တွယ်ကြရန်” နှင့် ရောက်ရှိလာသည့် အကြောင်းရင်းကို ခြေရာခံရန် ညွှန်ကြားထားသည်။
တောင်ကိုရီးယားဘက်မှ ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနကမူ တောင်ကိုရီးယား ပူပေါင်းများက မြောက်ကိုရီးယားကို ကိုဗစ်ပိုး ပျံ့နှံ့စေခဲ့သည် ဆိုသောအချက်မှာ ဖြစ်နိုင်ခြေမရှိဟု ငြင်းဆန်သည်။
မြောက်ကိုရီးယားဘက်က ယခုကဲ့သို့ ထုတ်ပြန်ကြေညာခြင်းသည် ကိုဗစ်ကပ်ဘေးကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေချိန်၌ ပြည်သူများအား အာရုံလွှဲရန်နှင့် တစ်ပြိုင်တည်း၌ တောင်ကိုရီးယားဘက်မှ ပူပေါင်းလွှတ်တင်မှုများကိုပါ ကန့်ကွက်သည့်အနေဖြင့် ပြောကြားခြင်း ဖြစ်နိုင်ကြောင်း လေ့လာသူများက ပြောကြားသည်။