နေတိုးမဟာမိတ်အဖွဲ့က အရေးပေါ် တိုက်ပွဲဝင်အသင့်တပ် အင်အားကို ၃ သိန်းအထိ တိုးမြှင့်မည်

နေတိုးမဟာမိတ်များသည် ယူကရိန်းအပေါ် ရုရှား၏စစ်ပွဲကို တုံ့ပြန်ရာတွင် ၎င်းတို့၏ ကာကွယ်ရေးကို အားကောင်းစေရန်အတွက် အဆင်သင့်ဖြစ်မှုမြင့်မားသည့်တပ်ဖွဲ့များကို တပ်ဖွဲ့ဝင် ၃ဝဝ,ဝဝဝ ကျော်အထိ မြှင့်တင်သွားမည်ဟု မဟာမိတ်အကြီးအကဲ ယန်စတိုလန်ဘတ်က ဇွန်လ ၂၇ ရက်နေ့က ပြောကြားသည်။

29 Jun 2022

ဓာတ်ပုံ - AFP

DMG ၊ ဇွန် ၂၉

နေတိုးမဟာမိတ်များသည် ယူကရိန်းအပေါ် ရုရှား၏စစ်ပွဲကို တုံ့ပြန်ရာတွင် ၎င်းတို့၏ ကာကွယ်ရေးကို အားကောင်းစေရန်အတွက် အဆင်သင့်ဖြစ်မှုမြင့်မားသည့်တပ်ဖွဲ့များကို တပ်ဖွဲ့ဝင် ၃ဝဝ,ဝဝဝ ကျော်အထိ မြှင့်တင်သွားမည်ဟု မဟာမိတ်အကြီးအကဲ ယန်စတိုလန်ဘတ်က ဇွန်လ ၂၇ ရက်နေ့က ပြောကြားသည်။

အနောက်အုပ်စု လိုလားသော အိမ်နီးချင်းဖြစ်သည့်ယူကရိန်းကို ရုရှား ကျူးကျော်ခြင်း၏ နောက်ဆက်တွဲပြသနာများနှင့် လုံးပန်းနေရချိန်တွင် "အသွင်ပြောင်းခြင်း" ဟု ယန်စတိုလန်ဘတ်ကဆိုသည့် ထိပ်သီးဆွေးနွေးပွဲအတွက် အမေရိကန်ဦးဆောင်သော စစ်မဟာမိတ်အဖွဲ့မှ ခေါင်းဆောင်များသည် မက်ဒရစ်တွင် ယခုသီတင်းပတ်အတွင်း တွေ့ဆုံမည်ဖြစ်သည်။

မဟာမိတ်များသည် နေတိုးအရှေ့ဘက်ခြမ်းတစ်လျှောက် ၎င်းတို့၏ တိုက်ပွဲဝင်တပ်ဖွဲ့ ဖွဲ့စည်းပုံအချို့အား တပ်ဖွဲ့ဝင်အင်အား ၃,ဝဝဝ မှ ၅,ဝဝဝ ဝန်းကျင်ရှိသော နည်းဗျူဟာတပ်စိတ်များ ပါဝင်သည့် “တပ်မဟာအဆင့်” အထိ မြှင့်တင်သွားမည်ဖြစ်ကြောင်းနှင့် တပ်ဖွဲ့ဝင် ၃ သိန်း ကျော်အထိ အဆင်သင့်ဖြစ်မှုမြင့်အားသည့် အဖွဲ့ဝင်အရေအတွက်ကို တိုးမြှင့်သွားမည်ဟု ယန်စတိုလန်ဘတ်က ပြောကြားသည်။

ထို့အပြင် လေကြောင်းရန် ကာကွယ်ရေးစနစ်များ အပါအဝင် နောက်ထပ် လက်နက်ကြီးများကို ရှေ့သို့ ရွှေ့ကာ မဟာမိတ်၏ အရှေ့ဘက်အစွန်းတွင် သီးခြားနေတိုးအဖွဲ့ဝင်များအတွက် ခုခံကာကွယ်ရန် ကြိုတင်တာဝန် ပေးအပ်ထားသည့် တပ်ဖွဲ့ဝင်များ ထားရှိမည်ဖြစ်သည်။

“ဒါက စစ်အေးခေတ်နောက်ပိုင်း ကျွန်တော်တို့ရဲ့ စုပေါင်းကာကွယ်ရေးနဲ့ အဟန့်အတားတွေကို အကြီးကျယ်ဆုံး ပြန်လည်ပြင်ဆင်မှုတစ်ခုပဲ” ဟု ယန်စတိုလန်ဘတ်က ပြောကြားသည်။

လက်ရှိတွင် နေတိုးတပ်ဖွဲ့သည် ၎င်း၏ကွပ်ကဲမှုအောက်တွင် အဆင်သင့်ဖြစ်မှုမြင့်မားသည့် တပ်ဖွဲ့ဝင် ၄ သောင်းခန့်ရှိနေသော်လည်း အရေးပေါ်အခြေအနေမျိုးတွင် တပ်ဖွဲ့ဝင် ၃ သိန်းကျော်ဖြင့် မဟာမိတ်တို့ဝင်ရောက်နိုင်သည့် ပိုကြီးသောတပ်ပေါင်းစု တည်ဆောက်ရန် မျှော်လင့်ထားသည်။

ဗီဒီယိုများ