- "ညီနောင်သုံးဖွဲ့ကို ရှမ်းမြောက်တစ်ခုလုံးရဲ့ စံပြအဖြစ် စည်းစည်းလုံးလုံး ရှိချင်တယ်"
- ပြီးခဲ့သော ၁၈ လအတွင်း ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာသည့် မွတ်ဆလင်ဒုက္ခသည် တစ်သိန်းခွဲအထိရှိ
- အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဝန်ထမ်း ၁,၃၀၀ ကျော် အလုပ်ထုတ်ခံရ
- ယခုနှစ်အတွင်း လူ ၃,၀၀၀ ခန့်ကို စစ်မှုထမ်းရန် စစ်ကောင်စီ အတင်းအကျပ် ဖမ်းဆီးခဲ့
- ဘင်္ဂလားဒေ့ရှ်က ကန့်သတ်မှုကြောင့် ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး အားလုံးနီးပါး ရပ်တန့်
ဆွီဒင်နှင့်ဖင်လန်ကို အဖွဲ့ဝင်အဖြစ်လက်ခံရေး လုပ်ငန်းစဉ်များ နေတိုးအဖွဲ့ အပြီးသတ်လက်မှတ်ရေးထိုး
ဆွီဒင်နှင့် ဖင်လန်နိုင်ငံတို့အား နေတိုးအဖွဲ့ဝင်အဖြစ် လက်ခံရေး လုပ်ငန်းစဉ်အဆင့်ဆင့်ကို နေတိုးအဖွဲ့ဝင် ၃၀ နိုင်ငံမှ ကိုယ်စားလှယ်များက ဇူလိုင်လ ၅ ရက်နေ့တွင် အပြီးသတ် လက်မှတ်ရေးထိုးလိုက်ကြပြီ ဖြစ်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
07 Jul 2022

DMG ၊ ဇူလိုင် ၇
ဆွီဒင်နှင့် ဖင်လန်နိုင်ငံတို့အား နေတိုးအဖွဲ့ဝင်အဖြစ် လက်ခံရေး လုပ်ငန်းစဉ်အဆင့်ဆင့်ကို နေတိုးအဖွဲ့ဝင် ၃၀ နိုင်ငံမှ ကိုယ်စားလှယ်များက ဇူလိုင်လ ၅ ရက်နေ့တွင် အပြီးသတ် လက်မှတ်ရေးထိုးလိုက်ကြပြီ ဖြစ်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
နေတိုးခေါင်းဆောင်များသည် ပြီးခဲ့သောသီတင်းပတ်တွင် စပိန်နိုင်ငံ မက်ဒရစ်မြို့၌ ထိပ်သီးအစည်းအဝေး ကျင်းပခဲ့ပြီး ရုရှား၏အိမ်နီးချင်းဖြစ်သော ဖင်လန်နိုင်ငံနှင့် စကင်ဒီနေဗီးယန်းမဟာမိတ် ဆွီဒင်တို့ကိုပါ နေတိုးစစ်ဘက်ဆိုင်ရာ အဖွဲ့သို့ ဖိတ်ခေါ်ခဲ့သည်။ အဆိုပါအစည်းအဝေး၌ ၎င်းနှစ်နိုင်ငံကို လက်ခံရန် ဆုံးဖြတ်ခဲ့ကြပြီး နေတိုးသံတမန် ၃၀ ဦးနှင့် အမြဲတမ်းကိုယ်စားလှယ်များအားလုံးက ယခု တရားဝင် အတည်ပြု လက်မှတ်ရေးထိုးလိုက်ကြခြင်း ဖြစ်သည်။
“ဖင်လန်၊ ဆွီဒင်နဲ့ နေတိုးတို့အတွက် တကယ့်ကို သမိုင်းဝင်အခိုက်အတန့်တစ်ခု ဖြစ်ပါတယ်” ဟု နေတိုးမဟာမိတ်အဖွဲ့၏ အထွေထွေ အတွင်းရေးမှူးချုပ် ဂျန်စတိုတင်ဘက်က ပြောကြားသည်။
ယခုကဲ့သို့ လက်ခံလိုက်သည့်အတွက် အိမ်နီးချင်းယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲနေသည့် ရုရှားအတွက် ပိုမို၍ အထီးကျန်သွားစေမည်ဟု အေပီသတင်းတွင် ဖော်ပြသည်။
ယခုဆုံးဖြတ်ချက်အား သက်ဆိုင်ရာနိုင်ငံများ၏ လွှတ်တော်များက ထပ်ဆင့်အတည်ပြုရဦးမည်ဖြစ်ပြီး တူရကီတွင် အခက်တွေ့နိုင်ခြေ ရှိနေဆဲဖြစ်သည်။
တူရကီက အကြမ်းဖက်သမားအဖြစ် သတ်မှတ်ကာ အလိုရှိနေသူများကို ဖင်လန်နှင့် ဆွီဒင်တို့က လွှဲပြောင်းပေးအပ်ခြင်း မပြုလျှင် အဆိုပါနှစ်နိုင်ငံကို နေတိုးအဖွဲ့ဝင်အဖြစ် လက်ခံရေးတွင် ကန့်ကွက်နိုင်ခြေရှိနေသည်ဟု တူရကီသမ္မတ တေးယစ်အာဒိုဂန်က သတိပေးထားသည်။
တူရကီတွင် ၂၀၁၆ ခုနှစ်က မအောင်မြင်ခဲ့သည့် အာဏာသိမ်းမှုဖြစ်စဉ်နှင့် ဆက်စပ်နေသူအချို့ကို လွှဲပြောင်းပေးရန် တူရကီက အဆိုပါနိုင်ငံများထံသို့ တောင်းဆိုထားခြင်းဖြစ်သည်။
ယခုကဲ့သို့ အဖွဲ့ဝင်သစ်လက်ခံရေး လုပ်ငန်းစဉ်များသည် ရုရှား၏ ယူကရိန်းကျူးကျော်စစ်ကြောင့် ပိုမိုမြန်ဆန်စွာ အသက်ဝင်လာခြင်းလည်း ဖြစ်သည်။
နေတိုးအဖွဲ့ဝင် ဖြစ်လာခြင်းအားဖြင့် ဤနှစ်နိုင်ငံလုံးသည် အနောက်အုပ်စု၏ စစ်ရေးမဟာမိတ် ဖြစ်လာမည်ဖြစ်ကာ နေတိုးအတွက်လည်း မော်စကို၏ စစ်ရေးခြိမ်းခြောက်မှုကို တန်ပြန်ရာတွင် ပိုမိုအင်အားကောင်းလာမည် ဖြစ်သည်။