- အင်္ဂပူက ကျေးရွာနှစ်ခုတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းများကို AA နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်
- အာရက္ခဒေသက တစ်ပတ်အတွင်း ထူးခြားသတင်းများ
- ပြည်တွင် အဖမ်းခံရသည့် ရခိုင်အချို့ စစ်မှုထမ်းအပို့ခံရ
- ပို့ကုန်ရငွေကျန်သည့် ကုမ္ပဏီ ၁၉၇ ခုကို စစ်ကောင်စီက အမည်ပျက်စာရင်းသွင်း
- မြန်မာအပေါ် ဆင်နွှဲတဲ့ ထရမ့်ရဲ့ စစ်ပွဲ
အီရန်တို့ နျူကလီးယားလက်နက် ပိုင်ဆိုင်ခွင့်မရအောင် အင်အားကုန်အသုံးပြု တားမြစ်သွားမည်ဟု အမေရိကန်ဆို
အီရန်နိုင်ငံ နျူကလီးယားလက်နက်များ ရရှိမသွားအောင် အမေရိကန်ပြည်ထောင်စုအနေဖြင့် နိုင်ငံ၏အင်အားစုများအားလုံးကို အသုံးပြုဆောင်ရွက်သွားမည်ဟု အစ္စရေးနှင့် လက်မှတ်ရေးထိုးသည့် လုံခြုံရေးကြေညာချက်တွင် သမ္မတဂျိုးဘိုင်ဒန်က ပြောကြားသည်။
16 Jul 2022

DMG ၊ ဇူလိုင် ၁၆
အီရန်နိုင်ငံ နျူကလီးယားလက်နက်များ ရရှိမသွားအောင် အမေရိကန်ပြည်ထောင်စုအနေဖြင့် နိုင်ငံ၏အင်အားစုများအားလုံးကို အသုံးပြုဆောင်ရွက်သွားမည်ဟု အစ္စရေးနှင့် လက်မှတ်ရေးထိုးသည့် လုံခြုံရေးကြေညာချက်တွင် သမ္မတဂျိုးဘိုင်ဒန်က ပြောကြားသည်။
ဇူလိုင်လ ၁၄ ရက်နေ့က ဂျိုးဘိုင်ဒန်နှင့် အစ္စရေးဝန်ကြီးချုပ် ယာလာပစ်တို့ ဂျေရုဆလင်တွင် လက်မှတ်ရေးထိုးခဲ့ကြသော ကြေညာချက်တွင် ယခုကဲ့သို့ ဖော်ပြထားခြင်းဖြစ်သည်။
မိမိတို့နှစ်နိုင်ငံအကြား မပြိုကွဲနိုင်သော ရင်းနှီးမှုနှင့် အစ္စရေးလုံခြုံရေးအတွက် အမေရိကန်ပြည်ထောင်စုက ပေးအပ်ထားသည့် ကတိကဝတ်ကို ထပ်လောင်းခိုင်မာစေမည် ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြသည်။
သမ္မတဘိုင်ဒန်၏ အရှေ့အလယ်ပိုင်း ခရီးစဉ် ဒုတိယမြောက်နေ့၌ အစ္စရေးအရာရှိများနှင့် တွေ့ဆုံစဉ် ဤကြေညာချက်ကို လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။
ဝါရှင်တန်အနေဖြင့် အီရန်တို့ နျူကလီးယား လက်နက်ပိုင်ဆိုင်ခွင့် လုံးဝမရရှိစေရန် စာချုပ်တွင် ကတိကဝတ်ပြုထားကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အမေရိကန်သည် “အဆိုပါရလဒ်ကို ခိုင်မာစေရန်အတွက် နိုင်ငံ၏ အမျိုးသားအင်အားစုအားလုံးကို အသုံးပြုရန် ပြင်ဆင်ထား” ကြောင်း ကြေညာချက်၌ ဖော်ပြထားသည်။
သမ္မတနှင့် အဖွဲ့ဝင်များသည် ထိုမှတစ်ဆင့် အီရန်၏ အဓိကပြိုင်ဘက်နိုင်ငံ ဖြစ်သော ဆော်ဒီအာရေဗျသို့ ဆက်လက်ထွက်ခွာမည်ဖြစ်သည်။