- ရခိုင်သို့ ဓာတ်မြေသြဇာ သယ်ယူသူ ၁၁ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
- ဆက်သွယ်ရေးအခက်အခဲကြောင့် ရမ်းဗြဲကျွန်းက ဒေသခံများ လူမှုစီးပွား ပိုကျပ်တည်းနေ
- မောင်တောတိုက်ပွဲတွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀၀ ကျော်ကို ပြန်လွှဲပြောင်းထား
- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
အီရန်နှင့် နျူကလီးယားဆွေးနွေးပွဲ ရက်ပိုင်းအတွင်း ပြန်စမည်
သုံးလခန့် တုံ့ဆိုင်းနေခဲ့သည့် အီရန်နျူကလီးယားအရေး ဆွေးနွေးပွဲများကို ယခုရက်ပိုင်းအတွင်း ပြန်လည်စတင်သွားမည်ဟု ဥရောပသမဂ္ဂ၏ မူဝါဒရေးရာအကြီးအကဲ ဂျိုးဆက်ဘော်ရဲလ်က ပြောကြားလိုက်သည်။ တီဟီရန်သို့ သွားရောက်ခဲ့သည့် ဂျိုးဆက်ဘော်ရဲလ်၏ အံ့အားသင့်ဖွယ်ရာ စနေနေ့ခရီးစဉ်အတွင်း ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
27 Jun 2022

DMG ၊ ဇွန် ၂၇
သုံးလခန့် တုံ့ဆိုင်းနေခဲ့သည့် အီရန်နျူကလီးယားအရေး ဆွေးနွေးပွဲများကို ယခုရက်ပိုင်းအတွင်း ပြန်လည်စတင်သွားမည်ဟု ဥရောပသမဂ္ဂ၏ မူဝါဒရေးရာအကြီးအကဲ ဂျိုးဆက်ဘော်ရဲလ်က ပြောကြားလိုက်သည်။ တီဟီရန်သို့ သွားရောက်ခဲ့သည့် ဂျိုးဆက်ဘော်ရဲလ်၏ အံ့အားသင့်ဖွယ်ရာ စနေနေ့ခရီးစဉ်အတွင်း ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
“JCPOA ဆွေးနွေးမှုတွေကို လာမယ့်ရက်တွေအတွင်း ပြောရရင်တော့ မြန်မြန်ဆန်ဆန် ချက်ချင်းဆိုသလိုပဲ ကျွန်တော်တို့ ပြန်လည်စတင်သွားမှာပါ” ဟု ဘော်ရဲလ်က အသေးစိတ်ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ် (JCPOA) ကိုရည်ညွှန်းပြီး အီရန်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။
ကြိုတင်ကြေညာခြင်းမရှိဘဲ ရုတ်တရက်သွားရောက်ခဲ့သည့် ခရီးစဉ်၏ ဒုတိယမြောက်နေ့၌ ဘော်ရဲလ်သည် အီရန်နိုင်ငံခြားရေးဝန်ကြီး ဟိုစိန်အာမီယာ အဗ္ဗဒိုလာဟီအန်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ နှစ်ဦးသား နှစ်နာရီကြာ ဆွေးနွေးမှုများအပြီး၌ ယခုကဲ့သို့ ဘော်ရဲလ်က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
နျူကလီးယားအရေး ဆွေးနွေးပွဲများ ပြန်စမည့်အပေါ် ဝန်ကြီးအာမီယာ အဗ္ဗဒိုလာဟီအန်ကလည်း အတည်ပြုသည်။
“အီရန်နဲ့ အီးယူတို့အကြား ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတစ်ရပ် ဆောင်ရွက်ခဲ့ကြပါတယ်။ ဟု အာမီယာ အဗ္ဗဒိုလာဟီအန်က ပြောကြားသည်။
“ကျွန်တော်တို့အကြားက ပြဿနာတွေနဲ့ မတူကွဲပြားမှုတွေကို မကြာမီ ပြန်လည်စတင်တော့မယ့် ဆွေးနွေးပွဲတွေမှာ အဖြေရှာဖို့ ကြိုးစားသွားမှာပါ” ဟုလည်း သူကပြောသည်။
အီရန်နှင့် နျူကလီးယားဆွေးနွေးမှုများသည် ၂၀၁၈ ခုနှစ်တည်းက ရပ်တန့်နေခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အီရန်နှင့် ဆွေးနွေးမှုများကို တစ်ဘက်သတ် ရပ်ဆိုင်းပြီး အီရန်အပေါ် စီးပွားရေးပိတ်ဆို့မှုများပါ ချမှတ်ခဲ့သည်။