- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
- ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ ပါဝင်ပတ်သက်နေသည့် အိုင်အက်စ်အစွန်းရောက်အဖွဲ့ ကွန်ရက် မလေးရှား ဖြိုခွင်း
- ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရန် နှစ်ဘက်သဘောတူ
- မိုးတွင်းကာလ မိုင်းနှင့် စစ်ကျန်လက်နက်များ နေရာရွှေ့တတ်သဖြင့် အသွားအလာ သတိထားရန်လို
- မြောက်ဦးက ကျေးရွာအချို့မှာ ရာသီတုပ်ကွေး အဖြစ်များနေ
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွမ်ဆန် ကွာရန်တင်းဝင်နေရ
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွမ်ဆန်သည် ဇွန်လ ၁၉ ရက်နေ့မှ စတင်ပြီး ၁၄ ရက်ကြာ ကွာရန်တင်းဝင်နေရကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
20 Jun 2021

DMG ၊ ဇွန် ၂၀
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွမ်ဆန်သည် ဇွန်လ ၁၉ ရက်နေ့မှ စတင်ပြီး ၁၄ ရက်ကြာ ကွာရန်တင်းဝင်နေရကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဝန်ကြီးချုပ်သည် ကိုဗစ်လူနာတစ်ဦးနှင့် တစ်ဆင့်ခံ ထိတွေ့မှု ရှိခဲ့ပြီးနောက် စစ်ဆေးမှုများ ပြုလုပ်နေစဉ် ယခုကဲ့သို့ ကွာရန်တင်း ဝင်နေရခြင်း ဖြစ်သည်။
ဝန်ကြီးချုပ်သည် လာမည့်သီတင်းပတ်တွင် ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး ဒိုမိနစ်ရက်ဘ် နှင့် တွေ့ဆုံမည့် အစီအစဉ်ကိုလည်း ဖျက်သိမ်းလိုက်ပြီ ဖြစ်သည်။
ကမ္ဘောဒီးယားတွင် စနေနေ့ စာရင်းထုတ်ပြန်ချက်အရ နောက်ဆုံး ၂၄ နာရီအတွင်း ကိုဗစ်ကြောင့် သေဆုံးသူစုစုပေါင်း ၂၀ ဦးအထိ စံချိန်တင် မြင့်တက်ခဲ့ကြောင်း အာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ သိရသည်။
ကမ္ဘောဒီးယားတွင် ပထမဆုံးအဖြစ် ကူးစက်မြန် ကိုဗစ်မျိုးစိတ် ဒဲလ်တာအား စတင်တွေ့ရှိထားပြီး ထိုင်းနိုင်ငံမှ ရောက်ရှိလာသူဖြစ်ကြောင်း အာဏာပိုင်များက ထုတ်ပြန်ထားကာ ပြည်သူလူထုအနေဖြင့် အထူးသတိထားပြီး ဂရုစိုက်နေထိုင်ကြရန်လည်း တိုက်တွန်းထားသည်။
ကမ္ဘောဒီးယားနိုင်ငံသည် အစောပိုင်းကာလများတွင် ကမ္ဘာ့ ကူးစက်မှုအနည်းဆုံး နိုင်ငံများတွင် ပါဝင်ပြီး ၂၀၂၁ ဖေဖော်ဝါရီလအထိ ကူးစက်မှု စုစုပေါင်း ဒါဇင်အနည်းငယ်သာ ရှိခဲ့သည်။ သို့သော် ဖေဖော်ဝါရီလကုန်ပိုင်းမှ စတင်ကာ ကူးစက်မှုများ မြင့်တက်လာပြီး ယခုအခါ ကူးစက်မှု ၄ သောင်းကျော်၊ သေဆုံးသူ ၄၁၄ ဦး ရှိနေပြီဖြစ်သည်။